
ေဈးႀကီးတဲ့ အလွကုန္ပစၥည္းေတြ ဆိုင္မွာ ေဈးႀကီးေပးလုပ္ရတဲ့ ေပါင္းတင္နည္းေတြ အသုံးျပဳမယ့္အစား အခုေဖာ္ျပေပးမယ့္ အိမ္တြင္းေဆးနည္းစစ္စစ္ေတြကို အသုံးျပဳမယ္ဆိုရင္ အကုန္အက်လည္း သက္သာၿပီး အခ်ိန္ကုန္လည္း သက္သာမွာပဲျဖစ္ပါတယ္။ ေဗာက္ေၾကာင့္ ေခါင္းယားယံတဲ့အခါ၊ ဦးေရျပားေျခာက္ေသြ႕လို႔ ေခါင္းယားတဲ့အခါ ဒီအိမ္တြင္းေဆးနည္းေလးေတြကိုသာ သတိရလိုက္ပါ။
အုန္းဆီစစ္စစ္
အုန္းဆီကို အနည္းငယ္ အပူေပးၿပီး ေႏြးေႏြးေလးျဖစ္သြားၿပီဆိုရင္ ဦးေရျပားနဲ႔ ဆံပင္အႏွံ႔ သုတ္လိမ္းေပးလိုက္ပါ။ အုန္းဆီက ဦးေရျပားထဲ စိမ့္ဝင္သြားဖို႔အတြက္ ဦးေရျပားကို ၂ မိနစ္ခန႔္ ႏွိပ္နယ္ေပးလိုက္ပါ။ ဒီနည္းလမ္းေလးကို တစ္ပတ္မွာ ၂ ႀကိမ္ခန႔္ ျပဳလုပ္ေပးမယ္ဆိုရင္ ေဗာက္ေၾကာင့္ ဦးေရျပား ယားယံျခင္းနဲ႔ ဦးေရျပားေျခာက္ျခင္းတို႔ကို သက္သာေစမွာပါ။
ပန္းသီးရွာလကာရည္

ေရ ေလးဆနဲ႔ ပန္းသီးရွာလကာရည္ တစ္ဆတို႔ကို သမေအာင္ ေရာေမႊၿပီးေနာက္ ဦးေရျပားေပၚ သုတ္လိမ္းေပးလိုက္ပါ။ ထို႔ေနာက္ ၂ မိနစ္ခန႔္ ဦးေရျပားကို ႏွိပ္နယ္ေပးလိုက္ပါ။ ဒီနည္းလမ္းေလးကိုလည္း တစ္ပတ္ ၂ ႀကိမ္ခန႔္ ျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္။
မုန႔္ဖုတ္ဆိုဒါ
ပါဝင္ပစၥည္းေတြကေတာ့ မုန႔္ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၂ ဇြန္း၊ ၃ ဇြန္းခန႔္ႏွင့္ ေရအနည္းငယ္တို႔ပဲျဖစ္ပါတယ္။ ပါဝင္ပစၥည္းေတြကို အႏွစ္ျဖစ္သြားေအာင္ ေရာေႏွာၿပီးေနာက္ ဦးေရျပားေပၚ သုတ္လိမ္းေပးလိုက္ပါ။ ၁၀ မိနစ္မွ ၁၅ မိနစ္ခန႔္ ၾကာမွ ေခါင္းေလွ်ာ္ခ်လိုက္ပါ။ ဒီနည္းလမ္းကိုေတာ့ ရက္အနည္းငယ္စီ ျခားၿပီး ျပဳလုပ္ေပးလိုက္ပါ။
သံလြင္ဆီ စစ္စစ္

သံလြင္ဆီကို ေႏြးေႏြးေလးျဖစ္သြားေအာင္ အပူေပးလိုက္ၿပီးေနာက္ ဆံေကသာနဲ႔ ဦးေရျပားကို သုတ္လိမ္းေပးလိုက္ပါ။ တစ္ညေလာက္ သိပ္ထားၿပီး မနက္ေရာက္မွ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ဒီနည္းလမ္းကို တစ္ပတ္ ႏွစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးမယ္ဆိုရင္ ဆံေကသာကို က်န္းမာလွပေစၿပီး ဦးေရျပားအစိုဓာတ္ကိုလည္း ထိန္းခ်ဳပ္ေပးထားႏိုင္ပါတယ္။
သံပု႐ိုရည္
ပါဝင္ပစၥည္းမ်ားကေတာ့ လတ္ဆတ္တဲ့ သံပု႐ိုရည္ စားပြဲတင္ဇြန္း ၂ ဇြန္းမွ ၃ ဇြန္းခန႔္ႏွင့္ ဝါဂြမ္းလုံးတို႔ လိုအပ္ပါမယ္။ ဝါဂြမ္းကို သံပု႐ိုရည္ ဆြတ္လိုက္ၿပီး ဦးေရျပားေပၚ သုတ္လိမ္းေပးလိုက္ပါ။ ေနရာအႏွံ႔သုတ္လိမ္းၿပီး ၁၀ မိနစ္ခန႔္ၾကာမွ ေရေဆးခ်လိုက္ပါ။ ဒီနည္းလမ္းကိုေတာ့ တစ္ပတ္မွာ ႏွစ္ႀကိမ္ထက္ပိုၿပီး မလုပ္သင့္ပါဘူး။
ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို ဦးေရျပားေပၚ သုတ္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္၊ မိနစ္ ၂၀ ခန႔္ ၾကာမွ ၾကက္သီးေႏြးေရေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ ဒီနည္းလမ္းကို တစ္ပတ္မွာ တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ခန႔္ ျပဳလုပ္ႏိုင္ပါတယ္။
Unicode
ခေါင်းလျှော်ရည်ပေါင်းစုံသုံးလည်း ဗောက်မပျောက်သူတို့အတွက် သဘာဝနည်းလမ်းကောင်းများ
ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ ဆိုင်မှာ ဈေးကြီးပေးလုပ်ရတဲ့ ပေါင်းတင်နည်းတွေ အသုံးပြုမယ့်အစား အခုဖော်ပြပေးမယ့် အိမ်တွင်းဆေးနည်းစစ်စစ်တွေကို အသုံးပြုမယ်ဆိုရင် အကုန်အကျလည်း သက်သာပြီး အချိန်ကုန်လည်း သက်သာမှာပဲဖြစ်ပါတယ်။ ဗောက်ကြောင့် ခေါင်းယားယံတဲ့အခါ၊ ဦးရေပြားခြောက်သွေ့လို့ ခေါင်းယားတဲ့အခါ ဒီအိမ်တွင်းဆေးနည်းလေးတွေကိုသာ သတိရလိုက်ပါ။
အုန်းဆီစစ်စစ်
အုန်းဆီကို အနည်းငယ် အပူပေးပြီး နွေးနွေးလေးဖြစ်သွားပြီဆိုရင် ဦးရေပြားနဲ့ ဆံပင်အနှံ့ သုတ်လိမ်းပေးလိုက်ပါ။ အုန်းဆီက ဦးရေပြားထဲ စိမ့်ဝင်သွားဖို့အတွက် ဦးရေပြားကို ၂ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၂ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဗောက်ကြောင့် ဦးရေပြား ယားယံခြင်းနဲ့ ဦးရေပြားခြောက်ခြင်းတို့ကို သက်သာစေမှာပါ။
ပန်းသီးရှာလကာရည်

ရေ လေးဆနဲ့ ပန်းသီးရှာလကာရည် တစ်ဆတို့ကို သမအောင် ရောမွှေပြီးနောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၂ မိနစ်ခန့် ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုလည်း တစ်ပတ် ၂ ကြိမ်ခန့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
ပါဝင်ပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်နှင့် ရေအနည်းငယ်တို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို အနှစ်ဖြစ်သွားအောင် ရောနှောပြီးနောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ကြာမှ ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ ရက်အနည်းငယ်စီ ခြားပြီး ပြုလုပ်ပေးလိုက်ပါ။
သံလွင်ဆီ စစ်စစ်

သံလွင်ဆီကို နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပြီးနောက် ဆံကေသာနဲ့ ဦးရေပြားကို သုတ်လိမ်းပေးလိုက်ပါ။ တစ်ညလောက် သိပ်ထားပြီး မနက်ရောက်မှ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဆံကေသာကို ကျန်းမာလှပစေပြီး ဦးရေပြားအစိုဓာတ်ကိုလည်း ထိန်းချုပ်ပေးထားနိုင်ပါတယ်။
သံပုရိုရည်
ပါဝင်ပစ္စည်းများကတော့ လတ်ဆတ်တဲ့ သံပုရိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၃ ဇွန်းခန့်နှင့် ဝါဂွမ်းလုံးတို့ လိုအပ်ပါမယ်။ ဝါဂွမ်းကို သံပုရိုရည် ဆွတ်လိုက်ပြီး ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ နေရာအနှံ့သုတ်လိမ်းပြီး ၁၀ မိနစ်ခန့်ကြာမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး မလုပ်သင့်ပါဘူး။
ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။