ကေလး ေခ်ာင္းအရမ္းဆိုးေနပါက အေရးေပၚျပဳလုပ္ေပးလို႔ရတဲ့ နည္းလမ္းေကာင္းမ်ား

Advertisements

ေဆာင္းတြင္းကာလမ်ိဳးေတြမွာ ကေလးငယ္ေလးေတြဟာ အၿမဲတမ္း ေခ်ာင္းဆိုးတတ္ၾကပါတယ္။အဲ့ဒီလို အခ်ိန္မ်ိဳးေတြမွာ ကိုယ့္အိမ္မီးဖိုေခ်ာင္ကအလြယ္တကူရရွိႏိုင္တဲ့ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားနဲ႔ေခ်ာင္းဆိုးသက္သာသြားေအာင္ျပဳလုပ္ေပးႏိုင္ဖို႔ နည္းလမ္းေလးေတြေဖာ္ျပေပးလိုက္ပါတယ္။

ၾကက္သြန္နီ၊အျဖဴ နဲ႔ ႏြားႏို႔

ၾကက္သြန္နီဟာ အေအးမိျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အဖ်ားတက္ျခင္းနဲ႔ လည္ေခ်ာင္းနာျခင္းတို႔ကိုထိေရာက္စြာ ကုသေပးႏိုင္ပါတယ္။ ၾကက္သြန္နီအ႐ြယ္ေတာ္သုံးလုံး၊ ၾကက္သြန္ျဖဴ ဥတစ္ဝက္ကို ႀကိတ္ေခ်ၿပီး ႏို႔တစ္လီတာခန္႔ထဲထည့္ၿပီး ၾကက္သြန္နီ၊ အျဖဴမ်ား ေပ်ာ့ေပ်ာင္းသြားသည္ထိ ပူေႏြးေအာင္ျပဳလုပ္ပါ။ ၿပီးရင္ေတာ့ အဖတ္ေတြကို စစ္ပါ။ အရသာေကာင္းမြန္ေအာင္ ပ်ားရည္အနည္းငယ္ထည့္ၿပီး တိုက္လို႔လည္းရပါတယ္။

နာနတ္သီးေဖ်ာ္ရည္

နာနတ္သီးမွာ ပါဝင္တဲ့ bromelain လို႔ေခၚတဲ့ ျဒပ္စင္တစ္မ်ိဳးက ေရာင္ရမ္းတာေတြကို ခုခံႏိုင္တဲ့ ဂုဏ္သတၱိေတြရွိပါတယ္။ နာနတ္သီးေဖ်ာ္ရည္ဟာ လည္ေခ်ာင္းမွာရွိတဲ့ ခြၽဲမ်ားကို ေလ်ာ့နည္းေစၿပီး ေခ်ာင္းဆိုးျခင္းကို သက္သာေစပါတယ္။ တစ္ခါတစ္ရံမွာေတာ့ နာနတ္သီးေဖ်ာ္ရည္တစ္မ်ိဳးထဲနဲ႔ မလုံေလာက္ဘူးလို႔ ထင္ရတဲ့အခါမ်ိဳးမွာေတာ့ ဂ်င္းနဲ႔ပ်ားရည္ အနည္းငယ္ထည့္ၿပီး တိုက္လို႔ရပါတယ္။

ဂ်င္းထုပ္ အသုံးျပဳနည္း

ႀကိတ္ေခ်ထားတဲ့ ဂ်င္းတက္ ဒါမွမဟုတ္ ဂ်င္းမႈန္႔တို႔ကို ဂ်ဳံမႈန္႔တစ္ဇြန္း၊ ပ်ားရည္၊ သံလြင္ဆီနည္းနည္းနဲ႔ ေရာစပ္ပါ။ လက္ကိုင္ပဝါထဲထည့္ ကေလးငယ္ရဲ႕ ရင္ဘတ္ေပၚမွာတင္ၿပီး ပတ္တီးျဖင့္ အိပ္ရာမဝင္ခင္ ၃ နာရီေလာက္ စည္းေပးထားပါ။

နႏြင္းနဲ႔ ႏြားႏို႔

နႏြင္းနဲ႔ႏြားႏို႔ ဟာ အိႏၵိယရဲ႕ နာမည္ေက်ာ္အေအးမိ၊ ေခ်ာင္းဆိုးေပ်ာက္ေဆးကုထုံးျဖစ္ပါတယ္။ ႏို႔ကိုပူေႏြးေအာင္လုပ္ၿပီး နႏြင္းမႈန္႔တစ္ဇြန္းထည့္ ကေလးအိပ္ရာမဝင္ခင္တိုက္ေပးျခင္းျဖင့္သက္သာေစႏိုင္ပါတယ္။

ဆားရည္ျဖင့္ပလုတ္က်င္းေပးျခင္း

ဆားငန္ရည္ဟာ လည္ေခ်ာင္းနာတာကို သက္သာေစပါတယ္။

ေရေႏြးေႏြးျဖင့္ ေရခ်ိဳးေပးျခင္း

ေရေႏြးျဖင့္ ေရခ်ိဳးေပးျခင္းကလည္း ညအခ်ိန္ေခ်ာင္းဆိုးျခင္းကို သက္သာေစပါတယ္။

ကလေး ချောင်းအရမ်းဆိုးနေပါက အရေးပေါ်ပြုလုပ်ပေးလို့ရတဲ့ နည်းလမ်းကောင်းများ

ဆောင်းတွင်းကာလမျိုးတွေမှာ ကလေးငယ်လေးတွေဟာ အမြဲတမ်း ချောင်းဆိုးတတ်ကြပါတယ်။အဲ့ဒီလို အချိန်မျိုးတွေမှာ ကိုယ့်အိမ်မီးဖိုချောင်ကအလွယ်တကူရရှိနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများနဲ့ချောင်းဆိုးသက်သာသွားအောင်ပြုလုပ်ပေးနိုင်ဖို့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်နီ၊အဖြူ နဲ့ နွားနို့

ကြက်သွန်နီဟာ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကိုထိရောက်စွာ ကုသပေးနိုင်ပါတယ်။ ကြက်သွန်နီအရွယ်တော်သုံးလုံး၊ ကြက်သွန်ဖြူ ဥတစ်ဝက်ကို ကြိတ်ချေပြီး နို့တစ်လီတာခန့်ထဲထည့်ပြီး ကြက်သွန်နီ၊ အဖြူများ ပျော့ပျောင်းသွားသည်ထိ ပူနွေးအောင်ပြုလုပ်ပါ။ ပြီးရင်တော့ အဖတ်တွေကို စစ်ပါ။ အရသာကောင်းမွန်အောင် ပျားရည်အနည်းငယ်ထည့်ပြီး တိုက်လို့လည်းရပါတယ်။

နာနတ်သီးဖျော်ရည်

နာနတ်သီးမှာ ပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဒြပ်စင်တစ်မျိုးက ရောင်ရမ်းတာတွေကို ခုခံနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ နာနတ်သီးဖျော်ရည်ဟာ လည်ချောင်းမှာရှိတဲ့ ချွဲများကို လျော့နည်းစေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ တစ်ခါတစ်ရံမှာတော့ နာနတ်သီးဖျော်ရည်တစ်မျိုးထဲနဲ့ မလုံလောက်ဘူးလို့ ထင်ရတဲ့အခါမျိုးမှာတော့ ဂျင်းနဲ့ပျားရည် အနည်းငယ်ထည့်ပြီး တိုက်လို့ရပါတယ်။

ဂျင်းထုပ် အသုံးပြုနည်း

ကြိတ်ချေထားတဲ့ ဂျင်းတက် ဒါမှမဟုတ် ဂျင်းမှုန့်တို့ကို ဂျုံမှုန့်တစ်ဇွန်း၊ ပျားရည်၊ သံလွင်ဆီနည်းနည်းနဲ့ ရောစပ်ပါ။ လက်ကိုင်ပဝါထဲထည့် ကလေးငယ်ရဲ့ ရင်ဘတ်ပေါ်မှာတင်ပြီး ပတ်တီးဖြင့် အိပ်ရာမဝင်ခင် ၃ နာရီလောက် စည်းပေးထားပါ။

နနွင်းနဲ့ နွားနို့

နနွင်းနဲ့နွားနို့ ဟာ အိန္ဒိယရဲ့ နာမည်ကျော်အအေးမိ၊ ချောင်းဆိုးပျောက်ဆေးကုထုံးဖြစ်ပါတယ်။ နို့ကိုပူနွေးအောင်လုပ်ပြီး နနွင်းမှုန့်တစ်ဇွန်းထည့် ကလေးအိပ်ရာမဝင်ခင်တိုက်ပေးခြင်းဖြင့်သက်သာစေနိုင်ပါတယ်။

ဆားရည်ဖြင့်ပလုတ်ကျင်းပေးခြင်း

ဆားငန်ရည်ဟာ လည်ချောင်းနာတာကို သက်သာစေပါတယ်။

ရေနွေးနွေးဖြင့် ရေချိုးပေးခြင်း

ရေနွေးဖြင့် ရေချိုးပေးခြင်းကလည်း ညအချိန်ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။