
အက်ႌမွာ ဆီစြန္းသြားတဲ့အခါ အရမ္းကို စိတ္ညစ္ရပါတယ္။ တခ်ိဳ႕ ဆီစြန္းေတြက မေပ်ာက္တာေၾကာင့္ ကိုယ္ႀကိဳက္ရတဲ့ အဝတ္အစားေတြ အလကား ျဖစ္သြားပါေတာ့တယ္။ ဒါေပမယ့္ ဒီနည္းလမ္းေတြကို သိထားရင္ အဝတ္အစား ဆီစြန္းလည္း စိတ္ပူစရာ မလိုေတာ့ပါဘူးေနာ္။
၁။ ရွားေစာင္းလက္ပက္ဂ်ယ္
ေရေႏြးထဲမွာ ဆီစြန္းတဲ့ အဝတ္အစားကို ထည့္စိမ္လိုက္ပါ။ ရွားေစာင္းလက္ပက္ဂ်ယ္ကို ဆီစြန္းေနရာမွာ သုတ္ၿပီး ပြတ္တိုက္လိုက္ပါ။ ၿပီးေတာ့ အဝတ္ကို ေရေႏြးနဲ႔ေလွ်ာ္ပါ။ေနာက္ဆုံးမွာေတာ့ ေလနဲ႔ အေျခာက္ခံလိုက္ရင္ ရပါၿပီ။
၂။ ေျပာင္းေကာ္မႈန႔္

ေျပာင္းေကာ္မႈန႔္ အနည္းငယ္နဲ႔ ဆီစြန္းအဝတ္ကို မိနစ္ ၃၀ ခန႔္ ေရာစိမ္ထားပါ။ ၿပီးရင္ သြားတိုက္တံေလးနဲ႔ ဆီစြန္းနဲ႔ေနရာကို ပြတ္တိုက္ပါ။ ေနာက္ဆုံးမွာေတာ့ ေရေအးနဲ႔ျပန္ေလွ်ာ္ပါ။
၃။ သံပုရာရည္
အဝတ္အစားမွာ ဆီစြန္းသြားရင္ ဆီစုပ္စကၠဴနဲ႔ ျမန္ျမန္သုတ္လိုက္ပါ။ သံပုရာရည္ကို ဆီစြန္းတဲ့ေနရာမွာ သုတ္လိမ္းၿပီး မိနစ္ ၂၀ ခန႔္ထားပါ။ ေနာက္တစ္ဆင့္မွာေတာ့ ဆီစြန္းေနတဲ့ ေနရာကို ဆပ္ျပာနဲ႔ ပြတ္တိုက္ၿပီး ေလွ်ာ္ပါ။
၄။ ပန္းကန္ေဆး ဆပ္ျပာရည္

ဆီစြန္းတဲ့အဝတ္ကို ပန္းကန္ေဆး ဆပ္ျပာရည္နဲ႔ ၁၀ မိနစ္ခန႔္ စိမ္ထားပါ။ အဝတ္အစားကို ေရေႏြးနဲ႔ျပန္ေလွ်ာ္ပါ။ ၿပီးရင္ေတာ့ ေရေဆးခ်ၿပီး အေျခာက္ခံလိုက္လို႔ ရပါၿပီ။
၅။ ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္ အနည္းငယ္ကို ဆီစြန္းအဝတ္မွာ သုတ္လိမ္းပါ။ ၿပီးရင္ ခ်ည္ပိတ္စေလးနဲ႔ ပြတ္ေပးၿပီး ၁၅ မိနစ္ၾကာ ထားပါ။ ေနာက္ဆုံးမွာေတာ့ ပုံမွန္ေလွ်ာ္ေနက်အတိုင္း ေလွ်ာ္လို႔ရပါၿပီ။
၆။ ဆားႏွင့္ အရက္ျပန္

ဆား စားပြဲတင္ဇြန္း တစ္ဇြန္းနဲ႔ အရက္ျပန္ စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ကို ေရာေမႊပါ။ ဆီစုပ္တဲ့ခ်ည္သားနဲ႔ ဆီစြန္းတဲ့အဝတ္ကို ပြတ္တိုက္ပါ။ ေနာက္တစ္ဆင့္မွာေတာ့ ဆားနဲ႔အရက္ျပန္ ေရာထားတဲ့အရည္ကို ခ်ည္သားေလးနဲ႔တို႔ၿပီး ဆီစြန္းတဲ့ အဝတ္မွာ ပြတ္တိုက္ပါ။ ဒီနည္းလမ္းက ျပင္းထန္တာေၾကာင့္ အျခားအဝတ္အစားမွာ အရင္ဆုံး စမ္းၾကည့္ေစခ်င္ပါတယ္။
၇။ သြားတိုက္ေဆး
သြားတိုက္ေဆး အနည္းငယ္ကို ဆီစြန္းနဲ႔ေနရာမွာ သုတ္လိမ္းၿပီး သြားတိုက္တံနဲ႔ ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။ ဒီနည္းလမ္းကေတာ့ သြားတိုက္ေဆးနဲ႔ ပြတ္တိုက္ၿပီးရင္ ေရေအးနဲ႔ ေဆးခ်ေပးလိုက္ပါ။
၈။ Carbonated water

Carbonated water ကို အစြန္းအထင္းေတြရွိတဲ့ ေနရာကို ေလာင္းခ်ပါ။ ေသေသခ်ာခ်ာ ပြတ္တိုက္ၿပီး လိုအပ္ရင္ carbonated water ကို ထပ္ေလာင္းခ်ပါ။ ၿပီးရင္ေတာ့ ေလွ်ာ္ေနက်အတိုင္း ေလွ်ာ္လို႔ရပါၿပီ။
၉။ Hair Spray
အစြန္းအထင္းရွိတဲ့ ေနရာကို hair spray ဖ်န္းၿပီး ၃ နာရီခန႔္ၾကာေအာင္ ထားပါ။ ေနာက္ဆုံးမွာေတာ့ ပုံမွန္ေလွ်ာ္ေနက် ဆပ္ျပာနဲ႔ ေလွ်ာ္လို႔ရပါၿပီ။
Unicode
အဝတ်အစားတွေမှာ ဆီစွန်းသွားခဲ့ရင် အလွယ်တကူ ဆီပြောင်စေတဲ့ နည်းလမ်း (၉) ခု
အင်္ကျီမှာ ဆီစွန်းသွားတဲ့အခါ အရမ်းကို စိတ်ညစ်ရပါတယ်။ တချို့ ဆီစွန်းတွေက မပျောက်တာကြောင့် ကိုယ်ကြိုက်ရတဲ့ အဝတ်အစားတွေ အလကား ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကို သိထားရင် အဝတ်အစား ဆီစွန်းလည်း စိတ်ပူစရာ မလိုတော့ပါဘူးနော်။
၁။ ရှားစောင်းလက်ပက်ဂျယ်

ရေနွေးထဲမှာ ဆီစွန်းတဲ့ အဝတ်အစားကို ထည့်စိမ်လိုက်ပါ။ ရှားစောင်းလက်ပက်ဂျယ်ကို ဆီစွန်းနေရာမှာ သုတ်ပြီး ပွတ်တိုက်လိုက်ပါ။ ပြီးတော့ အဝတ်ကို ရေနွေးနဲ့လျှော်ပါ။နောက်ဆုံးမှာတော့ လေနဲ့ အခြောက်ခံလိုက်ရင် ရပါပြီ။
၂။ ပြောင်းကော်မှုန့်
ပြောင်းကော်မှုန့် အနည်းငယ်နဲ့ ဆီစွန်းအဝတ်ကို မိနစ် ၃၀ ခန့် ရောစိမ်ထားပါ။ ပြီးရင် သွားတိုက်တံလေးနဲ့ ဆီစွန်းနဲ့နေရာကို ပွတ်တိုက်ပါ။ နောက်ဆုံးမှာတော့ ရေအေးနဲ့ပြန်လျှော်ပါ။
၃။ သံပုရာရည်

အဝတ်အစားမှာ ဆီစွန်းသွားရင် ဆီစုပ်စက္ကူနဲ့ မြန်မြန်သုတ်လိုက်ပါ။ သံပုရာရည်ကို ဆီစွန်းတဲ့နေရာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ။ နောက်တစ်ဆင့်မှာတော့ ဆီစွန်းနေတဲ့ နေရာကို ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး လျှော်ပါ။
၄။ ပန်းကန်ဆေး ဆပ်ပြာရည်
ဆီစွန်းတဲ့အဝတ်ကို ပန်းကန်ဆေး ဆပ်ပြာရည်နဲ့ ၁၀ မိနစ်ခန့် စိမ်ထားပါ။ အဝတ်အစားကို ရေနွေးနဲ့ပြန်လျှော်ပါ။ ပြီးရင်တော့ ရေဆေးချပြီး အခြောက်ခံလိုက်လို့ ရပါပြီ။
၅။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် အနည်းငယ်ကို ဆီစွန်းအဝတ်မှာ သုတ်လိမ်းပါ။ ပြီးရင် ချည်ပိတ်စလေးနဲ့ ပွတ်ပေးပြီး ၁၅ မိနစ်ကြာ ထားပါ။ နောက်ဆုံးမှာတော့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
၆။ ဆားနှင့် အရက်ပြန်
ဆား စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ အရက်ပြန် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။ ဆီစုပ်တဲ့ချည်သားနဲ့ ဆီစွန်းတဲ့အဝတ်ကို ပွတ်တိုက်ပါ။ နောက်တစ်ဆင့်မှာတော့ ဆားနဲ့အရက်ပြန် ရောထားတဲ့အရည်ကို ချည်သားလေးနဲ့တို့ပြီး ဆီစွန်းတဲ့ အဝတ်မှာ ပွတ်တိုက်ပါ။ ဒီနည်းလမ်းက ပြင်းထန်တာကြောင့် အခြားအဝတ်အစားမှာ အရင်ဆုံး စမ်းကြည့်စေချင်ပါတယ်။
၇။ သွားတိုက်ဆေး

သွားတိုက်ဆေး အနည်းငယ်ကို ဆီစွန်းနဲ့နေရာမှာ သုတ်လိမ်းပြီး သွားတိုက်တံနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ဒီနည်းလမ်းကတော့ သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပြီးရင် ရေအေးနဲ့ ဆေးချပေးလိုက်ပါ။
၈။ Carbonated water
Carbonated water ကို အစွန်းအထင်းတွေရှိတဲ့ နေရာကို လောင်းချပါ။ သေသေချာချာ ပွတ်တိုက်ပြီး လိုအပ်ရင် carbonated water ကို ထပ်လောင်းချပါ။ ပြီးရင်တော့ လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
၉။ Hair Spray

အစွန်းအထင်းရှိတဲ့ နေရာကို hair spray ဖျန်းပြီး ၃ နာရီခန့်ကြာအောင် ထားပါ။ နောက်ဆုံးမှာတော့ ပုံမှန်လျှော်နေကျ ဆပ်ပြာနဲ့ လျှော်လို့ရပါပြီ။