
(၁၀)ႏွစ္လုံးလုံး သူမအေပၚ အမွန္တရားတစ္ခုကို ဖုန္းကြယ္လိမ္ညာခဲ့တဲ့ ခင္ပြန္းျဖစ္သူကို နားလည္ခြင့္လႊတ္ေၾကာင္းေျပာျပလာတဲ့ ေငြတီဦးရဲ႕ အေၾကာင္းကို ေဖာ္ျပလိုက္ရပါတယ္ေနာ္။ “ကို႔ကိုေမြးတာ ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံးရက္ည ၁၁နာရီ ၄၅မိနစ္ေလ။ အဲဒီ့ႏွစ္ရဲ႕ အေမွာင္ဆုံးည။ အေမွာင္ဆုံးအခ်ိန္၊ ကို႔အမတုန္းက ေဗဒင္က ေသခ်ာတြက္ၿပီး ေမြးခိုင္းတဲ့ရက္ထက္ေစာေမြးခဲ့လို႔ အမက လူေကာင္းအတိုင္း မျဖစ္ခဲ့ဘူး။ ကို႔အလွည့္က်ေတာ့လဲ အဲလိုဘဲ ေမြးရမယ့္ရက္မွာ မေမြးေတာ့ ကို႔ေမေမက ကို႔အမလိုျဖစ္မွာစိုးလို႔ ေဗဒင္အရ ယၾတာေခ်ၿပီး ေမြးေန႔ကို ေျပာင္းခဲ့တာ။ မွတ္ပုံတင္ထဲက Oct 14က ေမြးေန႔ အစစ္မဟုတ္ဘူး။
ဒါေပမယ့္ အဲဒီ့ကိစၥ ကို႔အိမ္ကို လုံးဝသြားမေမးနဲ႔ေနာ္။ အိမ္က လုံးဝမႀကိဳက္ဘူး” ကိုယ့္မွာ ဇေဝဇဝါနဲ႔ သူေျပာတာယုံၿပီး Dec 31တိုင္း သူ႔ေမြးေန႔ကို က်င္းပေပးခဲ့တယ္။ သူကလဲ ခပ္တည္တည္ဘဲ သူ႔ကိုသူ ဗုဒၶဟူး(ရာဟု)သားဆိုပီး ေမြးေန႔အစစ္မွာ ဘယ္လိုမွမေနဘဲ Dec 31တိုင္း သူ႔ေမြးေန႔လို႔ ခံယူၿပီး ၁၀ႏွစ္လုံးလုံးျဖတ္သန္းခဲ့တယ္။ေမြးေန႔မွမဟုတ္ပါဘူး။ ျဖစ္တည္မႈ ေတာ္ေတာ္မ်ားမ်ားကို ကိုယ့္အတြက္ပဲစဥ္းစားၿပီး ကိုယ္ႀကိဳက္ရင္ၿပီးေရာဆိုၿပီး ေနေပးခဲ့တယ္။”

“ICU ထဲေရာက္ေတာ့ ဘုန္းဘုန္းေတြကို ေဆးဝါးေတြလႉဒါန္းေပးေတာ့ဆရာေတာ္က ဖုန္းထဲကေန Speakerဖြင့္ပီးလွမ္းၿပီး ေမတၱာပို႔ ဆုေတာင္းေပးတယ္။ ဒကာႀကီး ဘာေန႔သားလဲ ဆိုေတာ့ အဂၤါသားပါဘုရားတဲ့။ ကိုယ္က သူ႔ကို ICUထဲမွာ မနက္ႏိုးလာတိုင္း ငါးပါးသီလခံယူဖို႔ ညအိပ္ယာဝင္ရင္ သီလကိုျပန္ဆင္ျခင္ၿပီး ဆုေတာင္းဖို႔ ေျပာေတာ့ သူကလဲ လိုက္နာၿပီး လုပ္ရွာပါတယ္။ ေနာက္ေန႔က်ေတာ့ ကိုကို ဒီေန႔ သီလယူျဖစ္လားဟင္လို႔ေမးေတာ့ ယူျဖစ္တယ္တဲ့။ ဒါဆို ကို လိမ္ေျပာလို႔မရဘူးေပါ့ဆိုေတာ့ အင္း တဲ့။ အဲဒါဆို ကို႔ေမြးေန႔က ဘယ္ေန႔က အမွန္လဲဆိုမွ Oct 14တဲ့။ ၁၀ႏွစ္လုံးလုံး လိမ္ႏိုင္သူႀကီးကို စိတ္ေတာင္မဆိုးရက္ခဲ့ပါဘူး။ စိတ္မေကာင္းပဲ ျဖစ္ခဲ့ရတယ္။ ဗုဒၶဟူး(ရာဟု)သား Drဉာဏ္လင္းဦးအတြက္ဆိုၿပီး ဆုေတြေတာင္း ယၾတာေတြေခ်ေပးၾကတဲ့ သူေတြကလဲ စိတ္မေကာင္းဘူးေပါ့..
“ခ်စ္ရယ္ အရင္ကသီလငါးပါးလုံး မလုံခဲ့ရင္ေတာင္ တစ္ပါးေတာ့ ေသခ်ာလုံခဲ့ပါတယ္တဲ့။ခ်စ္ကိုယူၿပီးကတည္းက ကိုဘယ္သူ႔ကိုမွ စိတ္နဲ႔ေတာင္မေဖာက္ျပန္ခဲ့ပါဘူးတဲ့။ ကို သစၥာဆိုရဲပါတယ္တဲ့..”“သစၥာမဆိုလည္း ယုံပါတယ္ကိုရယ္။ ကိုယ့္ေယာက္်ားအေၾကာင္း ကိုယ္သိတာေပါ့။ ကိုကိုဟာ အားလုံးအေပၚတာဝန္ေက်ခဲ့တယ္။ ေဆး႐ုံေပၚမွာ ဖုန္းစသုံးႏိုင္ေတာ့ ပ်င္းတဲ့အခ်ိန္သုံးလို႔ရေအာင္ ဖုန္းေလးလက္ထဲထည့္ေပးကတည္းက အားတဲ့အခ်ိန္ ရရင္ရသလို Donateဖို႔ Click တာ မပ်က္ကြက္ခဲ့ဘူး။

အရမ္းတာဝန္ေက်ပါတယ္။ ဒီဘဝမွာ ေကာင္းမႈကုသိုလ္ေတြတူတူျပဳၾက ေရစက္ေတြ အႀကိမ္ႀကိမ္ အတူတူခ်ခဲ့ၾကေတာ့ သံသရာခရီးမွာ ျပန္ဆုံၾကဦးမယ္ဆိုတာ ယုံပါတယ္။ ေနာက္ဘဝေတြၾကရင္လည္းဒီဘဝမွာလိုပဲ တစ္ဦးအေပၚတစ္ဦး ေက်းဇူးျပဳႏိုင္ေသာ ေကာင္းေသာဆုံေတြ႕ျခင္းမ်ိဳး၊ေရစက္ေကာင္းမ်ိဳးနဲ႔ ျပန္ဆုံၾကရၿပီး တစ္ဦးကိုတစ္ဦး ပါရမီျဖည့္ခြင့္ရပါေစလို႔ ဆုေတာင္းပါတယ္။”
“ခ်စ္ကို ယူခဲ့မိတာ ကို႔ဘဝအတြက္ အမွန္ဆုံး ဆုံးျဖတ္ခ်က္လို႔ ကိုေျပာခဲ့တဲ့အခ်ိန္က ကို႔ကိုယူခဲ့မိလို႔လဲ ေသးေသးေလးေတာင္ ေနာင္တမရခဲ့ဘူးဆိုတာ ကို႔ကို ျပန္မေျပာလိုက္ရလို႔ အဲဒါေလးလဲသိေစခ်င္မိတယ္။ ကိုယ့္အေပၚဒီေလာက္ေကာင္းတဲ့ ေယာက္်ားကို အဂၤါသားဆိုလည္း ယူမွာပါလို႔ ျပန္မေျပာျဖစ္ခဲ့တာေလးလည္း စိတ္မေကာင္းဘူး။ ေရာက္တဲ့အရပ္ကေန ခံစားသိရွိႏိုင္ပါေစ။ ကိုခ်စ္တဲ့ ကို႔ရဲ႕အကိုႀကီးအတြက္လည္း စိတ္မေကာင္းမျဖစ္ဘဲ ဂုဏ္ယူႏိုင္ပါေစ” ဆိုၿပီး ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။
Unicode
(၁၀)နှစ်လုံးလုံး သူမအပေါ် အမှန်တရားတစ်ခုကို ဖုန်းကွယ်လိမ်ညာခဲ့တဲ့ ခင်ပွန်းဖြစ်သူကို နားလည်ခွင့်လွှတ်ကြောင်းပြောပြလာတဲ့ ငွေတီဦး
(၁၀)နှစ်လုံးလုံး သူမအပေါ် အမှန်တရားတစ်ခုကို ဖုန်းကွယ်လိမ်ညာခဲ့တဲ့ ခင်ပွန်းဖြစ်သူကို နားလည်ခွင့်လွှတ်ကြောင်းပြောပြလာတဲ့ ငွေတီဦးရဲ့ အကြောင်းကို ဖော်ပြလိုက်ရပါတယ်နော်။ “ကို့ကိုမွေးတာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်ည ၁၁နာရီ ၄၅မိနစ်လေ။ အဲဒီ့နှစ်ရဲ့ အမှောင်ဆုံးည။ အမှောင်ဆုံးအချိန်၊ ကို့အမတုန်းက ဗေဒင်က သေချာတွက်ပြီး မွေးခိုင်းတဲ့ရက်ထက်စောမွေးခဲ့လို့ အမက လူကောင်းအတိုင်း မဖြစ်ခဲ့ဘူး။ ကို့အလှည့်ကျတော့လဲ အဲလိုဘဲ မွေးရမယ့်ရက်မှာ မမွေးတော့ ကို့မေမေက ကို့အမလိုဖြစ်မှာစိုးလို့ ဗေဒင်အရ ယတြာချေပြီး မွေးနေ့ကို ပြောင်းခဲ့တာ။ မှတ်ပုံတင်ထဲက Oct 14က မွေးနေ့ အစစ်မဟုတ်ဘူး။

ဒါပေမယ့် အဲဒီ့ကိစ္စ ကို့အိမ်ကို လုံးဝသွားမမေးနဲ့နော်။ အိမ်က လုံးဝမကြိုက်ဘူး” ကိုယ့်မှာ ဇဝေဇဝါနဲ့ သူပြောတာယုံပြီး Dec 31တိုင်း သူ့မွေးနေ့ကို ကျင်းပပေးခဲ့တယ်။ သူကလဲ ခပ်တည်တည်ဘဲ သူ့ကိုသူ ဗုဒ္ဓဟူး(ရာဟု)သားဆိုပီး မွေးနေ့အစစ်မှာ ဘယ်လိုမှမနေဘဲ Dec 31တိုင်း သူ့မွေးနေ့လို့ ခံယူပြီး ၁၀နှစ်လုံးလုံးဖြတ်သန်းခဲ့တယ်။မွေးနေ့မှမဟုတ်ပါဘူး။ ဖြစ်တည်မှု တော်တော်များများကို ကိုယ့်အတွက်ပဲစဉ်းစားပြီး ကိုယ်ကြိုက်ရင်ပြီးရောဆိုပြီး နေပေးခဲ့တယ်။”
“ICU ထဲရောက်တော့ ဘုန်းဘုန်းတွေကို ဆေးဝါးတွေလှူဒါန်းပေးတော့ဆရာတော်က ဖုန်းထဲကနေ Speakerဖွင့်ပီးလှမ်းပြီး မေတ္တာပို့ ဆုတောင်းပေးတယ်။ ဒကာကြီး ဘာနေ့သားလဲ ဆိုတော့ အင်္ဂါသားပါဘုရားတဲ့။ ကိုယ်က သူ့ကို ICUထဲမှာ မနက်နိုးလာတိုင်း ငါးပါးသီလခံယူဖို့ ညအိပ်ယာဝင်ရင် သီလကိုပြန်ဆင်ခြင်ပြီး ဆုတောင်းဖို့ ပြောတော့ သူကလဲ လိုက်နာပြီး လုပ်ရှာပါတယ်။ နောက်နေ့ကျတော့ ကိုကို ဒီနေ့ သီလယူဖြစ်လားဟင်လို့မေးတော့ ယူဖြစ်တယ်တဲ့။ ဒါဆို ကို လိမ်ပြောလို့မရဘူးပေါ့ဆိုတော့ အင်း တဲ့။ အဲဒါဆို ကို့မွေးနေ့က ဘယ်နေ့က အမှန်လဲဆိုမှ Oct 14တဲ့။ ၁၀နှစ်လုံးလုံး လိမ်နိုင်သူကြီးကို စိတ်တောင်မဆိုးရက်ခဲ့ပါဘူး။ စိတ်မကောင်းပဲ ဖြစ်ခဲ့ရတယ်။ ဗုဒ္ဓဟူး(ရာဟု)သား Drဉာဏ်လင်းဦးအတွက်ဆိုပြီး ဆုတွေတောင်း ယတြာတွေချေပေးကြတဲ့ သူတွေကလဲ စိတ်မကောင်းဘူးပေါ့..

“ချစ်ရယ် အရင်ကသီလငါးပါးလုံး မလုံခဲ့ရင်တောင် တစ်ပါးတော့ သေချာလုံခဲ့ပါတယ်တဲ့။ချစ်ကိုယူပြီးကတည်းက ကိုဘယ်သူ့ကိုမှ စိတ်နဲ့တောင်မဖောက်ပြန်ခဲ့ပါဘူးတဲ့။ ကို သစ္စာဆိုရဲပါတယ်တဲ့..”“သစ္စာမဆိုလည်း ယုံပါတယ်ကိုရယ်။ ကိုယ့်ယောက်ျားအကြောင်း ကိုယ်သိတာပေါ့။ ကိုကိုဟာ အားလုံးအပေါ်တာဝန်ကျေခဲ့တယ်။ ဆေးရုံပေါ်မှာ ဖုန်းစသုံးနိုင်တော့ ပျင်းတဲ့အချိန်သုံးလို့ရအောင် ဖုန်းလေးလက်ထဲထည့်ပေးကတည်းက အားတဲ့အချိန် ရရင်ရသလို Donateဖို့ Click တာ မပျက်ကွက်ခဲ့ဘူး။
အရမ်းတာဝန်ကျေပါတယ်။ ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေတူတူပြုကြ ရေစက်တွေ အကြိမ်ကြိမ် အတူတူချခဲ့ကြတော့ သံသရာခရီးမှာ ပြန်ဆုံကြဦးမယ်ဆိုတာ ယုံပါတယ်။ နောက်ဘဝတွေကြရင်လည်းဒီဘဝမှာလိုပဲ တစ်ဦးအပေါ်တစ်ဦး ကျေးဇူးပြုနိုင်သော ကောင်းသောဆုံတွေ့ခြင်းမျိုး၊ရေစက်ကောင်းမျိုးနဲ့ ပြန်ဆုံကြရပြီး တစ်ဦးကိုတစ်ဦး ပါရမီဖြည့်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်။”

“ချစ်ကို ယူခဲ့မိတာ ကို့ဘဝအတွက် အမှန်ဆုံး ဆုံးဖြတ်ချက်လို့ ကိုပြောခဲ့တဲ့အချိန်က ကို့ကိုယူခဲ့မိလို့လဲ သေးသေးလေးတောင် နောင်တမရခဲ့ဘူးဆိုတာ ကို့ကို ပြန်မပြောလိုက်ရလို့ အဲဒါလေးလဲသိစေချင်မိတယ်။ ကိုယ့်အပေါ်ဒီလောက်ကောင်းတဲ့ ယောက်ျားကို အင်္ဂါသားဆိုလည်း ယူမှာပါလို့ ပြန်မပြောဖြစ်ခဲ့တာလေးလည်း စိတ်မကောင်းဘူး။ ရောက်တဲ့အရပ်ကနေ ခံစားသိရှိနိုင်ပါစေ။ ကိုချစ်တဲ့ ကို့ရဲ့အကိုကြီးအတွက်လည်း စိတ်မကောင်းမဖြစ်ဘဲ ဂုဏ်ယူနိုင်ပါစေ” ဆိုပြီး ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။