
လိမ္ညာၿပီးေျပာတာက အရမ္းကို ခံရခက္ေစပါတယ္။ ဒါေပမယ့္ လိမ္ညာေျပာေနတဲ့ အခ်ိန္မွာ ကိုယ္အမူအရာေတြက မတည္ၿငိမ္ တတ္ၾကပါဘူး။ အဲဒါေၾကာင့္ ဘယ္လိုအမူအရာေတြ ျပဳမူေနရင္ ကိုယ့္ကိုလိမ္ေနလဲ ဆိုတာကို ေဖာ္ျပေပးပါမယ္ေနာ္။
၁။ လက္ဟန္ အရမ္းမ်ားေနျခင္း
စကားေျပာတဲ့အခါ လက္ဟန္က လိုအပ္တာထက္ ပိုမ်ားေနတဲ့အခါ ဒါပုံမွန္အေျခအေန မဟုတ္ပါဘူး။ လူလိမ္အမ်ားစုက စကားေျပာရင္ လက္ႏွစ္ဖက္လုံးကို သုံးၿပီးေျပာေၾကာင္း ေတြ႕ရပါတယ္။ သင့္အေပၚ မ႐ိုးသားဘူးလို႔ ထင္တဲ့သူကို ေတြ႕တဲ့အခါ လက္ဟန္ကို သတိထားၾကည့္ပါ။
၂။ ဘာမွ မေျပာျခင္း သို႔မဟုတ္ အလြန္ေျပာျခင္း
လူလိမ္ေတြက သူတို႔လိမ္ေနတာကို သိသာမွာစိုးလို႔ ဘာမွမေျပာခ်င္ဘူး၊ ေျပာခ်င္စိတ္ မရွိဘူးဆိုၿပီး ဖုံးကြယ္ၾကပါတယ္။ မလိမ္တတ္သူက ဘယ္အခ်ိန္ေမးေမး ေျပာတဲ့အေၾကာင္းအရာက အတူတူပါပဲ။ တခ်ိဳ႕လူလိမ္ေတြ ၾကေတာ့လည္း လုပ္ဇာတ္ေတြ ဖန္တီးေျပာၾကပါတယ္။
၃။ အျပစ္ပုံခ်ျခင္း
ရန္လိုတတ္တဲ့သူ၊ ကိုယ့္အမွားကိုယ္ ကာကြယ္ခ်င္သူက သူတို႔ရဲ႕အလိမ္ေပၚမွာစိုးလို႔ စကားလမ္းေၾကာင္း ေျပာင္းတတ္ပါတယ္။ သူတို႔အမွားကို သင့္အမွားျဖစ္ေအာင္ ေျပာတတ္ၾကပါတယ္။ သူတို႔ကို မယုံၾကည္တဲ့အခါလည္း ၿခိမ္းေျခာက္တတ္ၾကပါတယ္။
၄။ ေျခမႂကြတႂကြ လွမ္းျခင္း
စကားေျပာေနတဲ့အခ်ိန္ ေျခမႂကြတႂကြ လွမ္းတာက လိမ္ညာေနတဲ့ လကၡဏာပါ။ လိမ္ညာေနတဲ့အခါ စိတ္လႈပ္ရွားၿပီး ေျခကို ၿငိမ္ၿငိမ္ မထားတတ္ၾကပါဘူး။
၅။ စကားေျပာရာမွာ ၾကန႔္ၾကာေနျခင္း
ေမးခြန္းတစ္ခုကိုေျဖဖို႔ ၅ စကၠန႔္ေလာက္ ၾကာေနရင္ အဲဒါက လိမ္လည္ေနတဲ့ လကၡဏာလို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ လိမ္ညာတတ္သူေတြက စကားကို ပုံမွန္ေျပာေနရင္းနဲ႔ ေႏွးသြားရင္၊ စိတ္မဝင္စားသလို ေျပာေနရင္ လိမ္ေနတာပါ။
၆။ စကားလမ္းေၾကာင္း ေျပာင္းေျပာျခင္း
လိမ္တတ္သူေတြက စကားကို ေျပာေနရင္းနဲ႔ ခ်က္ခ်င္းႀကီးလမ္းေၾကာင္း လႊဲေျပာပါတယ္။ သင္နားမလည္ေလာက္တဲ့ စကားလုံးေတြ၊ ဝါက်ေတြနဲ႔ ေျပာတတ္သလို ေမးခြန္းကို ေမးခြန္းနဲ႔ ျပန္ေျဖတတ္ၾကပါတယ္။
၇။ ႏႈတ္ခမ္းက ဘယ္ဘက္ကို တြန႔္တြန႔္သြားျခင္း
သင္နဲ႔အတူ စကားေျပာေနတဲ့သူကို သတိထားၾကည့္ပါ။ လိမ္ေနသူက ၿပဳံးလိုက္ရင္ ႏႈတ္ခမ္းက ဘယ္ဘက္ကို ပိုတြန႔္သြားပါတယ္။
၈။ မေကာင္းတဲ့ အခ်က္အလက္ေတြကို ေ႐ြးေျပာျခင္း
လိမ္ေနသူဟာ စိတ္မၿငိမ္တာေၾကာင့္ မေကာင္းတဲ့ဘက္ကိုပါတဲ့ စကားလုံးကို အသုံးမ်ားၾကပါတယ္။ လိမ္ေနသူနဲ႔ ေျပာတဲ့အခါ အမုန္းစကားေတြ၊ ဝမ္းနည္းစကားေတြ၊ လိုရင္းမေရာက္တဲ့ စကားေတြကို ပိုၾကားရမွာပါ။
Unicode
လူတစ်ယောက်က သင့်ကိုလိမ်ပြောနေတယ် ဆိုတာ သိနိုင်တဲ့လက္ခဏာ (၈) ခု
လိမ်ညာပြီးပြောတာက အရမ်းကို ခံရခက်စေပါတယ်။ ဒါပေမယ့် လိမ်ညာပြောနေတဲ့ အချိန်မှာ ကိုယ်အမူအရာတွေက မတည်ငြိမ် တတ်ကြပါဘူး။ အဲဒါကြောင့် ဘယ်လိုအမူအရာတွေ ပြုမူနေရင် ကိုယ့်ကိုလိမ်နေလဲ ဆိုတာကို ဖော်ပြပေးပါမယ်နော်။
၁။ လက်ဟန် အရမ်းများနေခြင်း
စကားပြောတဲ့အခါ လက်ဟန်က လိုအပ်တာထက် ပိုများနေတဲ့အခါ ဒါပုံမှန်အခြေအနေ မဟုတ်ပါဘူး။ လူလိမ်အများစုက စကားပြောရင် လက်နှစ်ဖက်လုံးကို သုံးပြီးပြောကြောင်း တွေ့ရပါတယ်။ သင့်အပေါ် မရိုးသားဘူးလို့ ထင်တဲ့သူကို တွေ့တဲ့အခါ လက်ဟန်ကို သတိထားကြည့်ပါ။
၂။ ဘာမှ မပြောခြင်း သို့မဟုတ် အလွန်ပြောခြင်း
လူလိမ်တွေက သူတို့လိမ်နေတာကို သိသာမှာစိုးလို့ ဘာမှမပြောချင်ဘူး၊ ပြောချင်စိတ် မရှိဘူးဆိုပြီး ဖုံးကွယ်ကြပါတယ်။ မလိမ်တတ်သူက ဘယ်အချိန်မေးမေး ပြောတဲ့အကြောင်းအရာက အတူတူပါပဲ။ တချို့လူလိမ်တွေ ကြတော့လည်း လုပ်ဇာတ်တွေ ဖန်တီးပြောကြပါတယ်။
၃။ အပြစ်ပုံချခြင်း
ရန်လိုတတ်တဲ့သူ၊ ကိုယ့်အမှားကိုယ် ကာကွယ်ချင်သူက သူတို့ရဲ့အလိမ်ပေါ်မှာစိုးလို့ စကားလမ်းကြောင်း ပြောင်းတတ်ပါတယ်။ သူတို့အမှားကို သင့်အမှားဖြစ်အောင် ပြောတတ်ကြပါတယ်။ သူတို့ကို မယုံကြည်တဲ့အခါလည်း ခြိမ်းခြောက်တတ်ကြပါတယ်။
၄။ ခြေမကြွတကြွ လှမ်းခြင်း
စကားပြောနေတဲ့အချိန် ခြေမကြွတကြွ လှမ်းတာက လိမ်ညာနေတဲ့ လက္ခဏာပါ။ လိမ်ညာနေတဲ့အခါ စိတ်လှုပ်ရှားပြီး ခြေကို ငြိမ်ငြိမ် မထားတတ်ကြပါဘူး။
၅။ စကားပြောရာမှာ ကြန့်ကြာနေခြင်း
မေးခွန်းတစ်ခုကိုဖြေဖို့ ၅ စက္ကန့်လောက် ကြာနေရင် အဲဒါက လိမ်လည်နေတဲ့ လက္ခဏာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လိမ်ညာတတ်သူတွေက စကားကို ပုံမှန်ပြောနေရင်းနဲ့ နှေးသွားရင်၊ စိတ်မဝင်စားသလို ပြောနေရင် လိမ်နေတာပါ။
၆။ စကားလမ်းကြောင်း ပြောင်းပြောခြင်း
လိမ်တတ်သူတွေက စကားကို ပြောနေရင်းနဲ့ ချက်ချင်းကြီးလမ်းကြောင်း လွှဲပြောပါတယ်။ သင်နားမလည်လောက်တဲ့ စကားလုံးတွေ၊ ဝါကျတွေနဲ့ ပြောတတ်သလို မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေတတ်ကြပါတယ်။
၇။ နှုတ်ခမ်းက ဘယ်ဘက်ကို တွန့်တွန့်သွားခြင်း
သင်နဲ့အတူ စကားပြောနေတဲ့သူကို သတိထားကြည့်ပါ။ လိမ်နေသူက ပြုံးလိုက်ရင် နှုတ်ခမ်းက ဘယ်ဘက်ကို ပိုတွန့်သွားပါတယ်။
၈။ မကောင်းတဲ့ အချက်အလက်တွေကို ရွေးပြောခြင်း
လိမ်နေသူဟာ စိတ်မငြိမ်တာကြောင့် မကောင်းတဲ့ဘက်ကိုပါတဲ့ စကားလုံးကို အသုံးများကြပါတယ်။ လိမ်နေသူနဲ့ ပြောတဲ့အခါ အမုန်းစကားတွေ၊ ဝမ်းနည်းစကားတွေ၊ လိုရင်းမရောက်တဲ့ စကားတွေကို ပိုကြားရမှာပါ။