မ်က္ႏွာေရာင္ရမ္းတာကို သက္သာေစမယ့္ အေကာင္းဆုံးနည္းလမ္း (၈) ခု

Advertisements

မနက္ခင္း အိပ္ရာႏိုးလာတဲ့အခါ သင့္မ်က္ႏွာက ေဖာေရာင္ေနရင္ သင့္ရဲ႕ခႏၶာကိုယ္ကို ပိုၿပီးဂ႐ုစိုက္ဖို႔ လိုအပ္တဲ့ လကၡဏာပါ။ မ်က္ႏွာေဖာေရာင္ေနတဲ့အခါ ကိုယ့္ကိုယ္ကိုယ္လည္း ယုံၾကည္မႈရွိမွာ မဟုတ္ပါဘူး။ ေဖာေရာင္ေနတဲ့ မ်က္ႏွာကို အေရာင္က်သြားေစမယ့္ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ျပန္ရည္ေၾကာေနရာကို ၃ မိနစ္ခန႔္ ႏွိပ္နယ္ေပးပါ။

မ်က္ႏွာေရာင္ရမ္းတာကို ေလ်ာ့သြားေစဖို႔အတြက္ ေသြးလည္ပတ္မႈ ေကာင္းမြန္ရန္ လိုအပ္ပါတယ္။ အဲဒါေၾကာင့္ လက္ႏွစ္ဖက္ကို ယွက္ထားၿပီး ပုံပါအတိုင္း လည္ပင္းအထက္ပိုင္းမွာ ထားလိုက္ပါ။ လက္ကို အနည္းငယ္ဖိၿပီး လည္ပင္းေအာက္ကို ဆြဲခ်တဲ့ပုံစံနဲ႔ ၁၀ ႀကိမ္ ႏွိပ္နယ္ေပးပါ။ ေနာက္တစ္ခါမွာေတာ့ လက္ကို လည္ပင္းအလယ္မွာထားၿပီး ေအာက္ကို ဆြဲခ်တဲ့ပုံစံနဲ႔ ၁၀ ႀကိမ္ ႏွိပ္နယ္ပါ။ ေနာက္ဆုံး တစ္ေခါက္ကေတာ့ လက္ကို ရင္ဘတ္အလယ္မွာထားၿပီး ရင္ဘတ္တစ္ေလွ်ာက္ ေဘးတိုက္အေနအထားနဲ႔ ၁၀ ႀကိမ္ ႏွိပ္နယ္ေပးပါ။

၂။ Vitamin K ခရင္မ္

Vitamin K ခရင္မ္ကို ေဆးနဲ႔ပတ္သက္တဲ့ skincare products ေတြမွာ အသုံးမ်ားပါတယ္။ Vitamin K က အသားအေရ ေရာင္ရမ္းတာ၊ နီျမန္းတာကို သက္သာေစပါတယ္။ တစ္ခါတရံမွာ မ်က္လုံးေအာက္ကို လိမ္းတဲ့ခရင္မ္အျဖစ္ အသုံးျပဳၾကပါတယ္။

၃။ ပိုတက္ဆီယမ္နဲ႔ ဆိုဒီယမ္ကို စားသုံးပါ။

ေက်ာက္ကပ္က ပိုတက္ဆီယမ္၊ ဆိုဒီယမ္နဲ႔ ခႏၶာကိုယ္ထဲက ေရဓါတ္ကို ထိန္းညႇိေပးပါတယ္။ ဆိုဒီယမ္ေတြကို အမ်ားႀကီးစားမိတဲ့အခါ ခႏၶာကိုယ္က ေရဓါတ္နဲ႔ ထိန္းညႇိေပးပါတယ္။ ညီမွ်သြားေအာင္လို႔ ဆိုဒီယမ္မ်ားတဲ့ အစားအစာေတြ စားမိတိုင္း ပိုတက္ဆီယမ္မ်ားတဲ့ အစားအစာေတြကိုလည္း စားေပးပါ။

၄။ ေရပန္းနဲ႔ မ်က္ႏွာမသစ္ပါနဲ႔။

ေရေအးနဲ႔ မ်က္ႏွာသစ္တာက မ်က္ႏွာေရာင္ရမ္းတာကို ေလ်ာ့ပါးေစပါတယ္။ ေရပန္းနဲ႔ေရခ်ိဳးတဲ့အခါ မ်က္ႏွာသစ္တာကို ေရွာင္သင့္ပါတယ္။

၅။ ေရခ်ိဳးတဲ့အခါ နည္းနည္းပါးပါးသာေႏြးတဲ့ ေရနဲ႔ခ်ိဳးပါ။

ေရပူနဲ႔ ေရခ်ိဳးတာက မ်က္ႏွာမွာ အရည္နဲ႔ေသြးေတြ မ်ားလာေစပါတယ္။ အသားအေရက ပူလာၿပီးေရာင္လည္း ေရာင္လာပါတယ္။ ေရခ်ိဳးတဲ့အခါ အရမ္းေႏြးတဲ့ေရနဲ႔မခ်ိဳးဘဲ အပူေလ်ာ့တဲ့ ေရေႏြးနဲ႔သာခ်ိဳးပါ။

၆။ အီစထ႐ိုဂ်င္

သင့္ခႏၶာကိုယ္ႏွာ အီစထ႐ိုဂ်င္ မညီမွ်တဲ့အခါ hyperpugmentation မ်ားလာတာ၊ မ်က္ႏွာေယာင္လာတာ၊ အေၾကာျပတ္ရာေတြ ေပၚလာတာ ႀကဳံရပါတယ္။ အဲဒါေၾကာင့္ ေဟာ္မုန္းညီမွ်ဖို႔ အေရးႀကီးပါတယ္။

၇။ ပ႐ိုတိန္းစားသုံးမႈ

မ်က္ႏွာေရာင္ရမ္းေနရတဲ့ အေၾကာင္းရင္းတစ္ခုကေတာ့ ပ႐ိုတိန္းစားသုံးမႈ နည္းလို႔ပါ။ ခႏၶာကိုယ္မွာ ပ႐ိုတိန္းဓါတ္ ခ်ိဳ႕တဲ့လာတဲ့အခါ ေသြးေၾကာထဲက အရည္ေတြက ဆဲလ္ေတြထဲကို ယိုစိမ့္ထြက္လာပါတယ္။ အဲဒါေၾကာင့္ ပ႐ိုတိန္းညီမွ်ဖို႔ လိုအပ္ပါတယ္။

၈။ သိုင္း႐ြိဳက္

သိုင္း႐ြိဳက္ရဲ႕ အလုပ္ေတြ အားနည္းလာတဲ့အခါ မ်က္ႏွာလည္း ေရာင္ရမ္းလာပါတယ္။ ေနာက္ထပ္ လကၡဏာေတြကေတာ့ ေမာပန္းႏြမ္းနယ္တာ၊ ကိုယ္အေလးခ်ိန္ တိုးလာတာ၊ ဝမ္းခ်ဳပ္တာပါ။ ဒီလို လကၡဏာေတြ ျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

Unicode

မျက်နှာရောင်ရမ်းတာကို သက်သာစေမယ့် အကောင်းဆုံးနည်းလမ်း (၈) ခု

မနက်ခင်း အိပ်ရာနိုးလာတဲ့အခါ သင့်မျက်နှာက ဖောရောင်နေရင် သင့်ရဲ့ခန္ဓာကိုယ်ကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်တဲ့ လက္ခဏာပါ။ မျက်နှာဖောရောင်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။ ဖောရောင်နေတဲ့ မျက်နှာကို အရောင်ကျသွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ပြန်ရည်ကြောနေရာကို ၃ မိနစ်ခန့် နှိပ်နယ်ပေးပါ။

မျက်နှာရောင်ရမ်းတာကို လျော့သွားစေဖို့အတွက် သွေးလည်ပတ်မှု ကောင်းမွန်ရန် လိုအပ်ပါတယ်။ အဲဒါကြောင့် လက်နှစ်ဖက်ကို ယှက်ထားပြီး ပုံပါအတိုင်း လည်ပင်းအထက်ပိုင်းမှာ ထားလိုက်ပါ။ လက်ကို အနည်းငယ်ဖိပြီး လည်ပင်းအောက်ကို ဆွဲချတဲ့ပုံစံနဲ့ ၁၀ ကြိမ် နှိပ်နယ်ပေးပါ။ နောက်တစ်ခါမှာတော့ လက်ကို လည်ပင်းအလယ်မှာထားပြီး အောက်ကို ဆွဲချတဲ့ပုံစံနဲ့ ၁၀ ကြိမ် နှိပ်နယ်ပါ။ နောက်ဆုံး တစ်ခေါက်ကတော့ လက်ကို ရင်ဘတ်အလယ်မှာထားပြီး ရင်ဘတ်တစ်လျှောက် ဘေးတိုက်အနေအထားနဲ့ ၁၀ ကြိမ် နှိပ်နယ်ပေးပါ။

၂။ Vitamin K ခရင်မ်

Vitamin K ခရင်မ်ကို ဆေးနဲ့ပတ်သက်တဲ့ skincare products တွေမှာ အသုံးများပါတယ်။ Vitamin K က အသားအရေ ရောင်ရမ်းတာ၊ နီမြန်းတာကို သက်သာစေပါတယ်။ တစ်ခါတရံမှာ မျက်လုံးအောက်ကို လိမ်းတဲ့ခရင်မ်အဖြစ် အသုံးပြုကြပါတယ်။

၃။ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ကို စားသုံးပါ။

ကျောက်ကပ်က ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ ခန္ဓာကိုယ်ထဲက ရေဓါတ်ကို ထိန်းညှိပေးပါတယ်။ ဆိုဒီယမ်တွေကို အများကြီးစားမိတဲ့အခါ ခန္ဓာကိုယ်က ရေဓါတ်နဲ့ ထိန်းညှိပေးပါတယ်။ ညီမျှသွားအောင်လို့ ဆိုဒီယမ်များတဲ့ အစားအစာတွေ စားမိတိုင်း ပိုတက်ဆီယမ်များတဲ့ အစားအစာတွေကိုလည်း စားပေးပါ။

၄။ ရေပန်းနဲ့ မျက်နှာမသစ်ပါနဲ့။

ရေအေးနဲ့ မျက်နှာသစ်တာက မျက်နှာရောင်ရမ်းတာကို လျော့ပါးစေပါတယ်။ ရေပန်းနဲ့ရေချိုးတဲ့အခါ မျက်နှာသစ်တာကို ရှောင်သင့်ပါတယ်။

၅။ ရေချိုးတဲ့အခါ နည်းနည်းပါးပါးသာနွေးတဲ့ ရေနဲ့ချိုးပါ။

ရေပူနဲ့ ရေချိုးတာက မျက်နှာမှာ အရည်နဲ့သွေးတွေ များလာစေပါတယ်။ အသားအရေက ပူလာပြီးရောင်လည်း ရောင်လာပါတယ်။ ရေချိုးတဲ့အခါ အရမ်းနွေးတဲ့ရေနဲ့မချိုးဘဲ အပူလျော့တဲ့ ရေနွေးနဲ့သာချိုးပါ။

၆။ အီစထရိုဂျင်

သင့်ခန္ဓာကိုယ်နှာ အီစထရိုဂျင် မညီမျှတဲ့အခါ hyperpugmentation များလာတာ၊ မျက်နှာယောင်လာတာ၊ အကြောပြတ်ရာတွေ ပေါ်လာတာ ကြုံရပါတယ်။ အဲဒါကြောင့် ဟော်မုန်းညီမျှဖို့ အရေးကြီးပါတယ်။

၇။ ပရိုတိန်းစားသုံးမှု

မျက်နှာရောင်ရမ်းနေရတဲ့ အကြောင်းရင်းတစ်ခုကတော့ ပရိုတိန်းစားသုံးမှု နည်းလို့ပါ။ ခန္ဓာကိုယ်မှာ ပရိုတိန်းဓါတ် ချို့တဲ့လာတဲ့အခါ သွေးကြောထဲက အရည်တွေက ဆဲလ်တွေထဲကို ယိုစိမ့်ထွက်လာပါတယ်။ အဲဒါကြောင့် ပရိုတိန်းညီမျှဖို့ လိုအပ်ပါတယ်။

၈။ သိုင်းရွိုက်

သိုင်းရွိုက်ရဲ့ အလုပ်တွေ အားနည်းလာတဲ့အခါ မျက်နှာလည်း ရောင်ရမ်းလာပါတယ်။ နောက်ထပ် လက္ခဏာတွေကတော့ မောပန်းနွမ်းနယ်တာ၊ ကိုယ်အလေးချိန် တိုးလာတာ၊ ဝမ်းချုပ်တာပါ။ ဒီလို လက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။