
လစာလက္ထဲေရာက္ၿပီဆို ေႂကြးက်န္ေလးေတြ ဆပ္တယ္ ၊ ပိုတဲ့ပိုက္ဆံကိုမွ လိုခ်င္တာေလး ဟိုဝယ္ဒီဝယ္ စားခ်င္တာေလးေတြ သြားစားရင္းနဲ႔ လတစ္ဝက္ေလာက္ဆို ပိုက္ဆံအိတ္ေလး ျပားခ်ပ္ခ်ပ္ျဖစ္ေနၿပီ။ လကုန္ခါနီးေလ အေႂကြးေတြ တင္ေလ ျဖစ္ေနၾကတယ္ဟုတ္။ ဘယ္အခ်ိန္ထိ ဒီလိုျဖစ္ေနမလဲ အလုပ္လုပ္လိုက္ ပိုက္ဆံရလိုက္ သုံးလိုက္နဲ႔ သမင္ေမြးရင္း က်ားစားရင္းျဖစ္ေနၾကတဲ့ ဒီလိုအေျခအေနကို ဘယ္လိုေက်ာ္ျဖတ္ၾကမလဲ။ စုေဆာင္းထားတဲ့ ေငြေလးလက္ထဲမွာရွိရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲလို႔ အၿမဲတမ္းေနာင္တေတြရေနရတဲ့ အေျခအေနကေန ႐ုန္းထြက္ႏိုင္ဖို႔အတြက္ ေငြစုတတ္တဲ့အက်င့္ေကာင္းေလးတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
လစဥ္ေငြစုပါ
“ေဘဘီလုံက အခ်မ္းသာဆုံးပုဂၢိဳလ္” စာအုပ္ထဲမွာ ေျပာထားသလိုပဲ လစဥ္ ဝင္ေငြရဲ႕ (၁ဝ) ရာခိုင္ႏႈန္းကို စစုၾကည့္ပါ။ မ်ားမ်ားစားစားႀကီး တစ္ခါတည္း စစုတာမ်ိဳးထက္ နည္းနည္းစီ ပုံမွန္ စစုၾကည့္ပါ။ ဘဏ္စာအုပ္ထဲမွာ စာရင္းေသအပ္ၿပီးစုၾကည့္ဖို႔ အႀကံေပးပါရေစ။ ဒါမွ ခဏခဏျပန္ထုတ္လို႔မရမွာေလ။ လစဥ္ ဘဏ္စာအုပ္ထဲမွာ ဂဏန္းေလးေတြ တိုးလာတာကို ျမင္ရရင္ ဘယ္ေလာက္စိတ္ခ်မ္းသာရတယ္ဆိုတာ ကိုယ္တိုင္ခံစားၾကည့္လိုက္ပါ။

အသုံးနဲ႔အျဖဳန္း ခြဲျခားပါ
ပစၥည္းတစ္ခု ဝယ္မယ္ဆိုရင္ လိုအပ္လို႔ဝယ္တာလား အျမင္မွာ ႀကိဳက္လို႔ဝယ္တာလား အရင္စဥ္းစားပါ။ တစ္လကို သိန္း (၁၀) ဂဏန္းေက်ာ္ဝင္ေငြရွိတဲ့လူတစ္ေယာက္က (၁) သိန္းတန္ပစၥည္းဝယ္တာ မထူးဆန္းေပမယ့္ ကိုယ့္လစာသိန္းဂဏန္းေလာက္ပဲရေနလ်က္နဲ႔ သူမ်ား ဝယ္တိုင္း သိန္းေက်ာ္တန္ပစၥည္းေတြလိုက္ဝယ္ေနရင္ေတာ့ ဘယ္ေတာ့မွ ေငြကေလာက္မွာမဟုတ္ပါဘူး။ တကယ္တမ္း အေရးေပၚေငြလိုတဲ့ အခ်ိန္မွာ ဝယ္ထားမိတဲ့ ေဈးႀကီးပစၥည္းေတြက ေငြျပန္မျဖစ္ႏိုင္ဘူးဆိုတာ ေခါင္းထဲထည့္ထားပါ။
ေငြကို လက္မလြယ္ပါနဲ႔
ကိုယ္မတတ္ႏိုင္တဲ့ ေငြပမာဏတန္ဖိုးရွိတဲ့ ပစၥည္းတစ္ခုကို ကိုယ္က လိုခ်င္မိတယ္။ ကိုယ္မွာ ဝယ္ႏိုင္ေလာက္တဲ့ေငြပမာဏမရွိမွန္းသိတဲ့အတြက္ ေဆြမ်ိဳးသားခ်င္းထဲက ျဖစ္ျဖစ္ သူငယ္ခ်င္းထဲက ျဖစ္ျဖစ္ တစ္ေယာက္ေယာက္ကမ်ား ေစတနာဗလပြနဲ႔ “ႀကိဳက္ရင္ ယူလိုက္ေလ ငါစိုက္ေပးထားမယ္ ေနာက္မွျပန္ေပးေပါ့” ဆိုတဲ့စကားသံမ်ိဳးၾကားရင္ သတိရွိပါ။ ဒီေငြကို ကိုယ္ဘယ္ေလာက္ၾကာမွ ျပန္ဆပ္ႏိုင္မလဲ တကယ္ပဲ ေသခ်ာျပန္ေပးႏိုင္မလားဆိုတာ ထပ္ကာ ထပ္ကာ စဥ္းစားပါ။ အခ်ိန္တန္လို႔ ျပန္မေပးႏိုင္ရင္ အေႂကြးလည္း တင္တယ္ မေပးႏိုင္ေတာ့ အခ်င္းခ်င္း ခင္မင္မႈလဲ ပ်က္ရတဲ့ ကိစၥမ်ိဳးျဖစ္တတ္လို႔ပါ။

တစ္လစာ သုံးရမယ့္ေငြကို တစ္ပတ္ေလာက္နဲ႔ကုန္သြားတာမ်ိဳး မျဖစ္ပါေစနဲ႔
ဒီလိုအျဖစ္မ်ိဳးမျဖစ္ရေအာင္ တစ္လကို ဘယ္ေလာက္သုံးမယ္ဆိုတာ အရင္ဆုံးျဖတ္ပါ။ ကိုယ္က တစ္လကို (၁) သိန္းသုံးမယ္ ဆိုၾကပါစို႔။ တစ္ပတ္ကို (၂) ေသာင္းခြဲသုံးလို႔ရမယ္။ ကိုယ္ဒီတစ္ပတ္စာ သုံးမယ့္ပိုက္ဆံကိုပဲ အိတ္ထဲထည့္ထားပါ။ က်န္တဲ့သုံးပတ္စာအတြက္ သုံးမယ့္ ပိုက္ဆံကိုေတာ့ အိမ္မွာပဲ ထားခဲ့ေပါ့။ ဒါမ်ိဳး တစ္ပတ္စာသုံးရမယ့္ ပိုက္ဆံေတြကို ေသခ်ာ စိစစ္ၿပီး သုံးမယ္ဆိုရင္ လကုန္ခါနီးတိုင္းရင္ထိတ္ၿပီး ဘုရားတေနစရာမလိုေတာ့ဘူးေလ။
ေငြစစုဖို႔ စဥ္းစားေနတဲ့သူအားလုံးပဲ အေပၚက အခ်က္ (၄) ခ်က္ကို စမ္းၾကည့္ဖို႔ ဖိတ္ေခၚပါတယ္။ ေငြမရွိတဲ့အခ်ိန္ ဘယ္ေလာက္မ်က္ႏွာငယ္ရတယ္ဆိုတာကိုေတာ္ေတာ္မ်ားမ်ားခံစားဖူးၾကမွာပါ။ ဒါ့ေၾကာင့္… ေငြစုပါကိုယ့္ဘဝေရွ႕ေရးအတြက္ ေငြစုပါ – အမ်ားေရွ႕မ်က္ႏွာမငယ္ရေအာင္ေငြစုပါ – အခ်ိန္မေ႐ြးျဖစ္လာႏိုင္တဲ့ အေရးေပၚအေျခအေနေတြမွာ သုံးဖို႔ ေငြစုပါ လို႔ တိုက္တြန္းလိုက္ပါရေစ။
Unicode
လစာနည်းတဲ့သူတွေအတွက် အပိုငွေကျန်စေမယ့် ငွေစုနည်း
လစာလက်ထဲရောက်ပြီဆို ကြွေးကျန်လေးတွေ ဆပ်တယ် ၊ ပိုတဲ့ပိုက်ဆံကိုမှ လိုချင်တာလေး ဟိုဝယ်ဒီဝယ် စားချင်တာလေးတွေ သွားစားရင်းနဲ့ လတစ်ဝက်လောက်ဆို ပိုက်ဆံအိတ်လေး ပြားချပ်ချပ်ဖြစ်နေပြီ။ လကုန်ခါနီးလေ အကြွေးတွေ တင်လေ ဖြစ်နေကြတယ်ဟုတ်။ ဘယ်အချိန်ထိ ဒီလိုဖြစ်နေမလဲ အလုပ်လုပ်လိုက် ပိုက်ဆံရလိုက် သုံးလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းဖြစ်နေကြတဲ့ ဒီလိုအခြေအနေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ စုဆောင်းထားတဲ့ ငွေလေးလက်ထဲမှာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ အမြဲတမ်းနောင်တတွေရနေရတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် ငွေစုတတ်တဲ့အကျင့်ကောင်းလေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လစဉ်ငွေစုပါ
“ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ်” စာအုပ်ထဲမှာ ပြောထားသလိုပဲ လစဉ် ဝင်ငွေရဲ့ (၁ဝ) ရာခိုင်နှုန်းကို စစုကြည့်ပါ။ များများစားစားကြီး တစ်ခါတည်း စစုတာမျိုးထက် နည်းနည်းစီ ပုံမှန် စစုကြည့်ပါ။ ဘဏ်စာအုပ်ထဲမှာ စာရင်းသေအပ်ပြီးစုကြည့်ဖို့ အကြံပေးပါရစေ။ ဒါမှ ခဏခဏပြန်ထုတ်လို့မရမှာလေ။ လစဉ် ဘဏ်စာအုပ်ထဲမှာ ဂဏန်းလေးတွေ တိုးလာတာကို မြင်ရရင် ဘယ်လောက်စိတ်ချမ်းသာရတယ်ဆိုတာ ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။
အသုံးနဲ့အဖြုန်း ခွဲခြားပါ
ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် လိုအပ်လို့ဝယ်တာလား အမြင်မှာ ကြိုက်လို့ဝယ်တာလား အရင်စဉ်းစားပါ။ တစ်လကို သိန်း (၁၀) ဂဏန်းကျော်ဝင်ငွေရှိတဲ့လူတစ်ယောက်က (၁) သိန်းတန်ပစ္စည်းဝယ်တာ မထူးဆန်းပေမယ့် ကိုယ့်လစာသိန်းဂဏန်းလောက်ပဲရနေလျက်နဲ့ သူများ ဝယ်တိုင်း သိန်းကျော်တန်ပစ္စည်းတွေလိုက်ဝယ်နေရင်တော့ ဘယ်တော့မှ ငွေကလောက်မှာမဟုတ်ပါဘူး။ တကယ်တမ်း အရေးပေါ်ငွေလိုတဲ့ အချိန်မှာ ဝယ်ထားမိတဲ့ ဈေးကြီးပစ္စည်းတွေက ငွေပြန်မဖြစ်နိုင်ဘူးဆိုတာ ခေါင်းထဲထည့်ထားပါ။

ငွေကို လက်မလွယ်ပါနဲ့
ကိုယ်မတတ်နိုင်တဲ့ ငွေပမာဏတန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို ကိုယ်က လိုချင်မိတယ်။ ကိုယ်မှာ ဝယ်နိုင်လောက်တဲ့ငွေပမာဏမရှိမှန်းသိတဲ့အတွက် ဆွေမျိုးသားချင်းထဲက ဖြစ်ဖြစ် သူငယ်ချင်းထဲက ဖြစ်ဖြစ် တစ်ယောက်ယောက်ကများ စေတနာဗလပွနဲ့ “ကြိုက်ရင် ယူလိုက်လေ ငါစိုက်ပေးထားမယ် နောက်မှပြန်ပေးပေါ့” ဆိုတဲ့စကားသံမျိုးကြားရင် သတိရှိပါ။ ဒီငွေကို ကိုယ်ဘယ်လောက်ကြာမှ ပြန်ဆပ်နိုင်မလဲ တကယ်ပဲ သေချာပြန်ပေးနိုင်မလားဆိုတာ ထပ်ကာ ထပ်ကာ စဉ်းစားပါ။ အချိန်တန်လို့ ပြန်မပေးနိုင်ရင် အကြွေးလည်း တင်တယ် မပေးနိုင်တော့ အချင်းချင်း ခင်မင်မှုလဲ ပျက်ရတဲ့ ကိစ္စမျိုးဖြစ်တတ်လို့ပါ။
တစ်လစာ သုံးရမယ့်ငွေကို တစ်ပတ်လောက်နဲ့ကုန်သွားတာမျိုး မဖြစ်ပါစေနဲ့
ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် တစ်လကို ဘယ်လောက်သုံးမယ်ဆိုတာ အရင်ဆုံးဖြတ်ပါ။ ကိုယ်က တစ်လကို (၁) သိန်းသုံးမယ် ဆိုကြပါစို့။ တစ်ပတ်ကို (၂) သောင်းခွဲသုံးလို့ရမယ်။ ကိုယ်ဒီတစ်ပတ်စာ သုံးမယ့်ပိုက်ဆံကိုပဲ အိတ်ထဲထည့်ထားပါ။ ကျန်တဲ့သုံးပတ်စာအတွက် သုံးမယ့် ပိုက်ဆံကိုတော့ အိမ်မှာပဲ ထားခဲ့ပေါ့။ ဒါမျိုး တစ်ပတ်စာသုံးရမယ့် ပိုက်ဆံတွေကို သေချာ စိစစ်ပြီး သုံးမယ်ဆိုရင် လကုန်ခါနီးတိုင်းရင်ထိတ်ပြီး ဘုရားတနေစရာမလိုတော့ဘူးလေ။

ငွေစစုဖို့ စဉ်းစားနေတဲ့သူအားလုံးပဲ အပေါ်က အချက် (၄) ချက်ကို စမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ငွေမရှိတဲ့အချိန် ဘယ်လောက်မျက်နှာငယ်ရတယ်ဆိုတာကိုတော်တော်များများခံစားဖူးကြမှာပါ။ ဒါ့ကြောင့်… ငွေစုပါကိုယ့်ဘဝရှေ့ရေးအတွက် ငွေစုပါ – အများရှေ့မျက်နှာမငယ်ရအောင်ငွေစုပါ – အချိန်မရွေးဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေမှာ သုံးဖို့ ငွေစုပါ လို့ တိုက်တွန်းလိုက်ပါရစေ။