
ေဟာ္မုန္းေျပာင္းလဲမႈေၾကာင့္ ျဖစ္ေပၚလာခဲ့တဲ့ ဝက္ၿခံေတြရဲ႕ အက်ိဳးဆက္အျဖစ္ က်န္ရွိေနခဲ့တဲ့ မ်က္ႏွာေပၚကအမာ႐ြတ္ေတြ၊ ခ်ိဳင့္ခြက္ေတြနဲ႔ အျခားေသာထိခိုက္ဒဏ္ရာေတြေၾကာင့္ ႂကြင္းက်န္ရစ္ခဲ့တဲ့ အမာ႐ြတ္ေတြကို သက္သာေပ်ာက္ကင္းေစႏိုင္မယ့္နည္းလမ္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။
Vaseline အလွဆီ
ေလ့လာမႈေတြအရ Vaseline အလွဆီဟာ ေစ်းႀကီးလိမ္းေဆး Serums နဲ႔ယွဥ္ရင္ ထိေရာက္မႈပိုရွိၿပီး ယုံၾကည့္စိတ္ခ်ရတဲ့ ေဆးတလက္ဘဲျဖစ္ပါတယ္။ Vaseline ကို ၁ပတ္ကေန ၃ပတ္အထိ တေန႔ကို သုံးႀကိမ္ ပုံမွန္လိမ္းေပးျခင္းျဖင့္ အသားအေရအတြက္ ေကာင္းမြန္တဲ့ ရလဒ္မ်ိဳး ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ မ်က္ႏွာေပၚမွာ ခ်ိဳင့္ခြက္ေတြနဲ႔ အေရျပားညီညာမႈမရွိတဲ့အခါ၊ ေရေက်ာက္ေပါက္ၿပီး အမာ႐ြတ္ေတြက်န္ခဲ့တဲ့အခါ၊ ဝက္ၿခံေပါက္ၿပီး အမာ႐ြတ္ေတြက်န္ခဲ့တဲ့အခါ၊ အေၾကာျပတ္ၿပီး အေရးေၾကာင္းေတြျဖစ္တဲ့အခါ Vaseline ကို အသုံးျပဳႏိုင္ပါတယ္။
ရွားေစာင္းလက္ပတ္ဂ်ယ္လ္

ရွားေစာင္းလက္ပတ္ဟာ ရာစုႏွစ္မ်ားစြာကတည္းက အသုံးျပဳလာတဲ့ ေဆးဖက္ဝင္အပင္ျဖစ္ၿပီး ပ်က္စီးသြားတဲ့ အေရျပားကို အစားထိုးျပဳျပင္ဖို႔ အေကာင္းဆုံးဘဲျဖစ္ပါတယ္။ အေရျပားေရာင္ရမ္းျခင္း၊ ညီညာမႈမရွိျခင္းကို ေပ်ာက္ကင္းႏိုင္ၿပီး ပိုးသတ္ေဆးဂုဏ္သတၱိပါဝင္တာေၾကာင့္ ပ်က္စီးသြားတဲ့ အေရျပားေတြျပန္လည္ျပဳျပင္ဖို႔ ေကာင္းစြာအသုံးခ်ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို အသားအေရပ်က္စီးတဲ့ေနရာမွာ လိမ္းၿပီး မိနစ္ ၃၀ေလာက္ၾကာရင္ ေရျဖင့္ ေဆးေၾကာသန႔္စင္ေပးပါ။ တေန႔ကို ၂ႀကိမ္ လိမ္းေပးႏိုင္ပါတယ္။ အမ်ိဳးသမီးမ်ား ဗိုက္ခြဲထားတဲ့ အမာ႐ြတ္နဲ႔ အျခားထိခိုက္ဒဏ္ရာေၾကာင့္ျဖစ္ေပၚတဲ့ အမာ႐ြတ္ေတြအတြက္လည္း ေကာင္းစြာအသုံးျပဳႏိုင္ပါတယ္။
စႏၵကူးဆီ၊ လာဗင္ဒါဆီ
အဆိုပါ ဆီ၂မ်ိဳးဟာ ေကာ္လာဂ်င္ကို ေပါင္းစပ္ျမႇင့္တင္ေပးၿပီး ပိုးသတ္ေဆးဂုဏ္သတၱိရွိပါတယ္။ အမာ႐ြတ္၊ အေရျပားေရာင္ရမ္းျခင္း၊ အနာေသြးထြက္ျခင္း၊ မ်က္ႏွာေပၚက အေရျပားညီညာမႈမရွိျခင္း စတဲ့ျပႆနာမ်ားကို ေကာင္းစြာေျဖရွင္းေပးႏိုင္ပါတယ္။ ေန႔စဥ္ပုံမွန္ အေရျပားကိုလိမ္းေပးၿပီး ႏွိပ္နယ္ေပးျခင္းျဖင့္ အသားအေရကို လွပေစၿပီး ဘယ္လိုအမာ႐ြတ္ကိုမဆို ေပ်ာက္ကင္းေစႏိုင္ပါတယ္လို႔သိရွိရပါတယ္။
ၾကက္သြန္နီ
ၾကက္သြန္နီဟာ အေရျပားေရာင္ရမ္းျခင္းကို ကာကြယ္ေပးၿပီး ဘက္တီးရီးယားပိုးမႊားေတြကို ဆန႔္က်င္ေပးပါတယ္။ ေဘးထြက္ဆိုးက်ိဳးမရွိဘဲ တစ္သွ်ဴးေတြကို ေပ်ာ့ေပ်ာင္းေစပါတယ္။ ထိခိုက္ဒဏ္ရာျဖစ္တဲ့ကာလအတြင္း ျဖစ္ေပၚတဲ့ အမာ႐ြတ္ေတြအတြက္ ၾကက္သြန္နီအဆီကို တေန႔ ၃ႀကိမ္လိမ္းေပးႏိုင္ပါတယ္။ ဒါ့အျပင္ မီးေလာင္မႈေၾကာင့္ျဖစ္ေပၚတဲ့ အမာ႐ြတ္ေတြ၊ ခြဲစိတ္ဒဏ္ရာေတြ၊ ထိခိုက္ဒဏ္ရာေၾကာင့္ျဖစ္ေပၚတဲ့ အမာ႐ြတ္ေတြအတြက္လည္း ေကာင္းစြာအသုံးျပဳႏိုင္ပါတယ္။
ပန္းသီးရွာလကာရည္+ပ်ားရည္

ပန္းသီးရွာလကာရည္ နဲ႔ ပ်ားရည္ဟာ ပိုးမႊားေတြကို ဆန႔္က်င္ေပးႏိုင္ၿပီး ဓာတ္တိုးဆန႔္က်င္ေပးႏိုင္တဲ့ ဂုဏ္သတၱိမ်ားစြာပါဝင္ပါတယ္။ သဘာဝပိုးသတ္ေဆးတမ်ိဳးျဖစ္တာေၾကာင့္ ဝက္ၿခံေၾကာင့္ က်န္ရွိေနတဲ့ အမာ႐ြတ္ေတြ၊ မညီညာမႈေတြကို ေပ်ာက္ကင္းေစပါတယ္။ အသုံးျပဳပုံကေတာ့ ပ်ားရည္နဲ႔ ပန္းသီးရွာလကာရည္ကို ေရာစပ္ၿပီး ၁၀မိနစ္ၾကာေအာင္လိမ္းထားေပးပါ။ ၿပီးမွ ေရျဖင့္ ေဆးၾကာသန႔္စင္ေပးပါ။
Unicode
မျက်နှာပေါ်က ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ၊ ချိုင့်ခွက်တွေကို သက်သာပျောက်ကင်းစေတဲ့ နည်းလမ်းများ
ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဝက်ခြံတွေရဲ့ အကျိုးဆက်အဖြစ် ကျန်ရှိနေခဲ့တဲ့ မျက်နှာပေါ်ကအမာရွတ်တွေ၊ ချိုင့်ခွက်တွေနဲ့ အခြားသောထိခိုက်ဒဏ်ရာတွေကြောင့် ကြွင်းကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေနိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
Vaseline အလှဆီ
လေ့လာမှုတွေအရ Vaseline အလှဆီဟာ စျေးကြီးလိမ်းဆေး Serums နဲ့ယှဉ်ရင် ထိရောက်မှုပိုရှိပြီး ယုံကြည့်စိတ်ချရတဲ့ ဆေးတလက်ဘဲဖြစ်ပါတယ်။ Vaseline ကို ၁ပတ်ကနေ ၃ပတ်အထိ တနေ့ကို သုံးကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ်မျိုး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ချိုင့်ခွက်တွေနဲ့ အရေပြားညီညာမှုမရှိတဲ့အခါ၊ ရေကျောက်ပေါက်ပြီး အမာရွတ်တွေကျန်ခဲ့တဲ့အခါ၊ ဝက်ခြံပေါက်ပြီး အမာရွတ်တွေကျန်ခဲ့တဲ့အခါ၊ အကြောပြတ်ပြီး အရေးကြောင်းတွေဖြစ်တဲ့အခါ Vaseline ကို အသုံးပြုနိုင်ပါတယ်။
ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ဟာ ရာစုနှစ်များစွာကတည်းက အသုံးပြုလာတဲ့ ဆေးဖက်ဝင်အပင်ဖြစ်ပြီး ပျက်စီးသွားတဲ့ အရေပြားကို အစားထိုးပြုပြင်ဖို့ အကောင်းဆုံးဘဲဖြစ်ပါတယ်။ အရေပြားရောင်ရမ်းခြင်း၊ ညီညာမှုမရှိခြင်းကို ပျောက်ကင်းနိုင်ပြီး ပိုးသတ်ဆေးဂုဏ်သတ္တိပါဝင်တာကြောင့် ပျက်စီးသွားတဲ့ အရေပြားတွေပြန်လည်ပြုပြင်ဖို့ ကောင်းစွာအသုံးချနိုင်ပါတယ်။ ဒါ့ကြောင့် ရှားစောင်းလက်ပတ်ဂျယ်လ်ကို အသားအရေပျက်စီးတဲ့နေရာမှာ လိမ်းပြီး မိနစ် ၃၀လောက်ကြာရင် ရေဖြင့် ဆေးကြောသန့်စင်ပေးပါ။ တနေ့ကို ၂ကြိမ် လိမ်းပေးနိုင်ပါတယ်။ အမျိုးသမီးများ ဗိုက်ခွဲထားတဲ့ အမာရွတ်နဲ့ အခြားထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက်လည်း ကောင်းစွာအသုံးပြုနိုင်ပါတယ်။
စန္ဒကူးဆီ၊ လာဗင်ဒါဆီ
အဆိုပါ ဆီ၂မျိုးဟာ ကော်လာဂျင်ကို ပေါင်းစပ်မြှင့်တင်ပေးပြီး ပိုးသတ်ဆေးဂုဏ်သတ္တိရှိပါတယ်။ အမာရွတ်၊ အရေပြားရောင်ရမ်းခြင်း၊ အနာသွေးထွက်ခြင်း၊ မျက်နှာပေါ်က အရေပြားညီညာမှုမရှိခြင်း စတဲ့ပြဿနာများကို ကောင်းစွာဖြေရှင်းပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန် အရေပြားကိုလိမ်းပေးပြီး နှိပ်နယ်ပေးခြင်းဖြင့် အသားအရေကို လှပစေပြီး ဘယ်လိုအမာရွတ်ကိုမဆို ပျောက်ကင်းစေနိုင်ပါတယ်လို့သိရှိရပါတယ်။
ကြက်သွန်နီ

ကြက်သွန်နီဟာ အရေပြားရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်ပေးပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ တစ်သျှူးတွေကို ပျော့ပျောင်းစေပါတယ်။ ထိခိုက်ဒဏ်ရာဖြစ်တဲ့ကာလအတွင်း ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက် ကြက်သွန်နီအဆီကို တနေ့ ၃ကြိမ်လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် မီးလောင်မှုကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေ၊ ခွဲစိတ်ဒဏ်ရာတွေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက်လည်း ကောင်းစွာအသုံးပြုနိုင်ပါတယ်။
ပန်းသီးရှာလကာရည်+ပျားရည်
ပန်းသီးရှာလကာရည် နဲ့ ပျားရည်ဟာ ပိုးမွှားတွေကို ဆန့်ကျင်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။ သဘာဝပိုးသတ်ဆေးတမျိုးဖြစ်တာကြောင့် ဝက်ခြံကြောင့် ကျန်ရှိနေတဲ့ အမာရွတ်တွေ၊ မညီညာမှုတွေကို ပျောက်ကင်းစေပါတယ်။ အသုံးပြုပုံကတော့ ပျားရည်နဲ့ ပန်းသီးရှာလကာရည်ကို ရောစပ်ပြီး ၁၀မိနစ်ကြာအောင်လိမ်းထားပေးပါ။ ပြီးမှ ရေဖြင့် ဆေးကြာသန့်စင်ပေးပါ။