
လူအမ်ားစုမွာ ေန႔စဥ္ဆံပင္အနည္းငယ္ကြၽတ္ျခင္းက ပုံမွန္ျဖစ္ပါတယ္။ အထူးသျဖင့္ ကိုယ္အေလးခ်ိန္က်ျခင္း၊ မီးဖြားျခင္း၊ ေန႔စဥ္စိတ္ဖိစီးမႈခံစားရျခင္း (သို႔) က်န္းမာေရးအေျခအေနအမ်ိဳးမ်ိဳးရွိသူေတြမွာ ဆံပင္ကြၽတ္ပါတယ္။ သို႔ေသာ္ အခ်ိဳ႕ေသာအခ်က္ေတြေၾကာင့္ တစ္ခါတစ္ရံ ဆံပင္အလြန္အကြၽံကြၽတ္ၿပီး ေခါင္းေျပာင္လာတာကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးျဖစ္လာရင္ စိတ္မပူပါနဲ႔။ ဆံပင္ေတြျပန္လည္ သန္စြမ္းေစဖို႔ လြယ္ကူထိေရာက္တဲ့ နည္းလမ္းေတြ ရွိပါတယ္။
၁။ ဆံပင္သန္စြမ္းမႈကို လႈံ႕ေဆာ္ေပးတဲ့ အစားအစာေတြကို စားပါ

မမွန္ကန္တဲ့ အစားအစာေတြက ဆံပင္ကြၽတ္ျခင္းအတြက္ အေၾကာင္းျပခ်က္ျဖစ္ေသာ္လည္း မွန္ကန္တဲ့ အစားအစားေတြကို စားျခင္းက အေျခအေနကို ေျပာင္းလဲေစႏိုင္ပါတယ္။ ဆံပင္ႀကီးထြားမႈကို ျမႇင့္တင္ေပးတဲ့ အစားအစာေတြကေတာ့ * ကင္ခ်ီ ႀကိဳက္ၾကတယ္မွလား၊ ကင္ခ်ီမွာ ဆံပင္ကြၽတ္တာကို ဖယ္ရွားေပးႏိုင္တဲ့ ပ႐ိုဘိုင္အိုတစ္ေတြ ပါဝင္ပါတယ္။ * ၾကက္ဥေတြမွာ ဆံပင္ႀကီးထြားမႈအတြက္ လိုအပ္တဲ့ ပ႐ိုတင္းေတြနဲ႔ ဘိုင္အိုတင္းဓါတ္ေတြ ႂကြယ္ဝပါတယ္။ * ဟင္းႏုႏြယ္႐ြက္ ဆံပင္သန္စြမ္းေစတဲ့ ေဖာလိတ္၊ သံႏွင့္ ဗီတာမင္ေအ ကဲ့သို႔ေသာ မရွိမျဖစ္ အစိတ္အပိုင္းေတြ ပါဝင္ပါတယ္။ * ေဆာ္လမြန္ႏွင့္ အဆီမ်ားေသာငါးမ်ား အိုမီဂါ ၃ရဲ႕ အရင္းအျမစ္ေကာင္းေတြျဖစ္လို႔ ဆံပင္ထူထဲမႈႏွင့္ ဆက္စပ္ေနပါတယ္။ * ေထာပတ္သီးက ဗီတာမင္အီး၊ ဗီတာမင္ စီႏွင့္ အေရးပါတဲ့ fatty acids ေတြပါဝင္တာေၾကာင့္ ဆံပင္အတြက္လည္း အက်ိဳးရွိပါတယ္။ * အသားက ဆံပင္က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္ေသာ ပ႐ိုတိန္းႏွင့္ သံဓါတ္ေတြရဲ႕ အရင္းအျမစ္ေကာင္းျဖစ္ပါတယ္။
၂။ ဦးေရျပားကို အဆီနဲ႔ အားျဖည့္ေပးပါ။

ဆီနဲ႔ ေခါင္းကို ပြတ္ျခင္း၊ hair masks အေနနဲ႔ လိမ္းျခင္းက အစားအေသာက္ကို ခ်ိန္ညႇိသလို အက်ိဳးရွိႏိုင္ပါတယ္။ အဆီအမ်ိဳးမ်ိဳးကို သုံးၿပီး ေပါင္းတင္ႏိုင္သလို ေခါင္းကို ႏွိပ္နယ္ေပးႏိုင္ပါတယ္။ ၎က တင္းမာမႈေတြကို ဖယ္ရွားေပးၿပီး dermal papilla cells ေတြအတြင္း ဆံပင္ရွင္သန္မႈကို အေထာက္အကူျပဳပါတယ္။ * Rosemary oil က ဆံပင္ကို က်န္းမာေစၿပီး ဆံပင္ျပန္ေပါက္ဖို႔ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ဆီနဲ႔ ဦးေရျပားႏွိပ္နယ္ေပးျခင္းကို တစ္ပတ္လွ်င္ အႀကိမ္အေတာ္မ်ားမ်ားသုံးႏိုင္ပါတယ္။ * Aloe vera gel ကဦးေရျပား ယားယံျခင္းကိုျဖစ္ေစတဲ့ ေဘာက္ေတြကို တိုက္ဖ်က္ရာမွာ သုံးႏိုင္ပါတယ္။ အရမ္းကုတ္မယ္ဆိုရင္ အေရျပားကို ပ်က္စီးေစႏိုင္ပါတယ္။ ဒဏ္ရာေသးေသးေလးေတြတ၊ အဖုအပိမ့္ေတြနဲ႔ ယားယံျခင္းေတြက သင့္ဆံပင္ကို ပ်က္စီးေစၿပီး ဆံပင္ကြၽတ္ေစႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္က အနာေပ်ာက္ေစပါတယ္။
၃။ ၾကက္သြန္နီအရည္ကိုသုံးပါ။

အနံ႔ကို ဆိုးေပမယ့္လည္း ၾကက္သြန္နီရည္က ဆံပင္ဟိုတစ္ကြက္ ဒီတစ္ကြက္ေျပာင္ျခင္းအတြက္ ထိေရာက္တဲ့ အေထာက္အကူ ျဖစ္ႏို္ငပါတယ္။ ဆံပင္မွာလိမ္းတဲ့အခါ follicles ေတြအတြက္ အက်ိဳးရွိပါတယ္။ ဆံပင္ရွင္သန္မႈကို ျမႇင့္တင္ေပးပါတယ္။
၄။ Green tea ထည့္ပါ

လက္ဖက္စိမ္းက အင္တီေအာက္ဆီဒင့္ရဲ႕ အဓိကအရင္းအျမစ္တစ္ခုျဖစ္ၿပီး က်န္းမာေရးျပႆနာအမ်ိဳးမ်ိဳးကို ကုသရာမွာ အသုံးျပဳတဲ့ ျဖည့္စြက္တစ္မ်ိဳးျဖစ္ပါတယ္။ ၎မွာ epigallocatechin gallate ပါဝင္ၿပီး ဆံပင္ျပန္ထူလာေစဖို႔ အသုံးျပဳႏိုင္ပါတယ္။ ဗီတာမင္ ဒီ၊ အိုမီဂါ ၃၊ အိုမီဂါ ၆ႏွင့္ အျခားျဒပ္စင္ေတြ ပါဝင္တဲ့အတြက္ ဆံပင္ပါးေသာ လူ၈၀ ရာခိုင္ႏႈန္းခန္႔ ဆံပင္ျပန္လည္သန္စြမ္းေၾကာင္း ေလ့လာမႈအရ သိရပါတယ္။
၅။ ဗီတာမင္ဒီအဆင့္ကို စစ္ေဆးပါ။

ဗီတာမင္ဒီ လယ္ဗယ္နိမ့္ျခင္းကလည္း ဆံပင္အကြက္လိုက္ေျပာင္ျခင္းႏွင့္ ဆက္စပ္မႈရွိႏိုင္ပါတယ္။ ထို႔ေၾကာင့္ ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးၿပီး လိုအပ္တဲ့ စစ္ေဆးမႈျပဳလုပ္ဖို႔ အေရးႀကီးပါတယ္။ ဆရာဝန္သတ္မွတ္ေပးတဲ့ ဗီတာမင္ဒီ ျဖည့္စြက္ေဆးကို သုံးျခင္း၊ က်န္းမာေသာ အစားအစာကို ထိန္းထားျခင္းႏွင့္ ေနေရာင္နဲ႔ ထိေတြ႕ျခင္းက ဆံပင္ကြၽတ္ျခင္းကို ျမန္ဆန္စြာ ကုသရာမွာ အေထာက္အကူျဖစ္ႏိုင္ပါတယ္။
၆။ ဆံပင္စိုေနတဲ့အခ်ိန္ ဘီးနဲ႔ၿဖီးတာေရွာင္ပါ။

ေခါင္းေလွ်ာ္ၿပီးရင္ ဆံပင္ပုံသြင္းျခင္းက သိသိသာသာပ်က္စီးေစႏိုင္ပါတယ္။ တကယ္လို႔ ဒီလိုထိခိုက္မႈမ်ိဳးကို မၾကာခဏလုပ္တယ္ဆိုရင္ ဆံပင္ကြၽတ္ျခင္းႏွင့္ဦးေရျပားေျပာင္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဆံပင္ေျခာက္ေသြ႕သြားမွ အသြားက်ဲက်ဲဘီးနဲ႔ ၿဖီးပါ။
၇။ ႏြယ္ခ်ိဳနဲ႔ ေခါင္းေလွ်ာ္ပါ။

တ႐ုတ္ႏြယ္ခ်ိဳမွာ ဆံပင္ရွင္သန္မႈကို ပံ့ပိုးေပးျခင္း၊ ဆံပင္အျမစ္ေတြကို လႈံ႕ေဆာ္ေပးျခင္း၊ ဆံပင္ပါးတာကို ေလွ်ာ့ခ်ျခင္းကဲ့သို႔ေသာ အက်ိဳးေက်းဇူးေတြ ရွိပါတယ္။ အလြယ္နည္းက ေခါင္းေလွ်ာ္ရည္ထဲမွာ ထည့္သုံးေပးဖို႔ ျဖစ္ပါတယ္။ တေလွ်ာ္ကင္ပြန္းေခါင္းေလွ်ာ္ရည္ထဲမွာ ႏြယ္ခ်ိဳကိုထည့္သုံးေပးျခင္းျဖင့္ ဆံပင္ေတြကို ျပန္လည္သန္စြမ္းေစပါတယ္။
၈။ ဂ်င္းကို ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ စဥ္းစားပါ။

အျခားေလ့လာမႈေတြအရ ဂ်င္းမွာ ဆံပင္ရွင္သန္မႈကို တိုးတတ္ေစတဲ့ ဇီဝသက္ရွိျဒပ္ေပါင္းေတြ ပါဝင္ၿပီး antifungal, antioxidant, နဲ႔ antimicrobial သက္ေရာက္မႈေတြ ပါဝင္ႏိုင္ပါတယ္။ ေခါင္းမေလွ်ာ္ခင္မွာ ဂ်င္းအရည္နဲ႔ ဦးေရျပားကို ႏွိပ္နယ္ေပးလို႔ရသလို ဂ်င္းဆီနဲ႔ scalp mask အျဖစ္သုံးႏိုင္ပါတယ္၊ jojoba, coconut, (သို႔) argan ကဲ့သို႔ေသာ carrier oil ေတြနဲ႔ ေပါင္းစပ္ၿပီး သုံးႏိုင္ပါတယ္။ ေခါင္းကို cap နဲ႔ မိနစ္ ၃၀ၾကာဖုံးအုပ္ထားၿပီးမွ ေလွ်ာ္ပါ။
Unicode
ဆံပင်တွေ အရမ်းကျွတ်ပြီး အကွက်လိုက်ပြောင်ခြင်းကို ပြန်ကောင်းစေမယ့်နည်းလမ်း (၈)ခု
လူအများစုမှာ နေ့စဉ်ဆံပင်အနည်းငယ်ကျွတ်ခြင်းက ပုံမှန်ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ မီးဖွားခြင်း၊ နေ့စဉ်စိတ်ဖိစီးမှုခံစားရခြင်း (သို့) ကျန်းမာရေးအခြေအနေအမျိုးမျိုးရှိသူတွေမှာ ဆံပင်ကျွတ်ပါတယ်။ သို့သော် အချို့သောအချက်တွေကြောင့် တစ်ခါတစ်ရံ ဆံပင်အလွန်အကျွံကျွတ်ပြီး ခေါင်းပြောင်လာတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်လာရင် စိတ်မပူပါနဲ့။ ဆံပင်တွေပြန်လည် သန်စွမ်းစေဖို့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
၁။ ဆံပင်သန်စွမ်းမှုကို လှုံ့ဆော်ပေးတဲ့ အစားအစာတွေကို စားပါ

မမှန်ကန်တဲ့ အစားအစာတွေက ဆံပင်ကျွတ်ခြင်းအတွက် အကြောင်းပြချက်ဖြစ်သော်လည်း မှန်ကန်တဲ့ အစားအစားတွေကို စားခြင်းက အခြေအနေကို ပြောင်းလဲစေနိုင်ပါတယ်။ ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးတဲ့ အစားအစာတွေကတော့ * ကင်ချီ ကြိုက်ကြတယ်မှလား၊ ကင်ချီမှာ ဆံပင်ကျွတ်တာကို ဖယ်ရှားပေးနိုင်တဲ့ ပရိုဘိုင်အိုတစ်တွေ ပါဝင်ပါတယ်။ * ကြက်ဥတွေမှာ ဆံပင်ကြီးထွားမှုအတွက် လိုအပ်တဲ့ ပရိုတင်းတွေနဲ့ ဘိုင်အိုတင်းဓါတ်တွေ ကြွယ်ဝပါတယ်။ * ဟင်းနုနွယ်ရွက် ဆံပင်သန်စွမ်းစေတဲ့ ဖောလိတ်၊ သံနှင့် ဗီတာမင်အေ ကဲ့သို့သော မရှိမဖြစ် အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ * ဆော်လမွန်နှင့် အဆီများသောငါးများ အိုမီဂါ ၃ရဲ့ အရင်းအမြစ်ကောင်းတွေဖြစ်လို့ ဆံပင်ထူထဲမှုနှင့် ဆက်စပ်နေပါတယ်။ * ထောပတ်သီးက ဗီတာမင်အီး၊ ဗီတာမင် စီနှင့် အရေးပါတဲ့ fatty acids တွေပါဝင်တာကြောင့် ဆံပင်အတွက်လည်း အကျိုးရှိပါတယ်။ * အသားက ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ပရိုတိန်းနှင့် သံဓါတ်တွေရဲ့ အရင်းအမြစ်ကောင်းဖြစ်ပါတယ်။
၂။ ဦးရေပြားကို အဆီနဲ့ အားဖြည့်ပေးပါ။

ဆီနဲ့ ခေါင်းကို ပွတ်ခြင်း၊ hair masks အနေနဲ့ လိမ်းခြင်းက အစားအသောက်ကို ချိန်ညှိသလို အကျိုးရှိနိုင်ပါတယ်။ အဆီအမျိုးမျိုးကို သုံးပြီး ပေါင်းတင်နိုင်သလို ခေါင်းကို နှိပ်နယ်ပေးနိုင်ပါတယ်။ ၎င်းက တင်းမာမှုတွေကို ဖယ်ရှားပေးပြီး dermal papilla cells တွေအတွင်း ဆံပင်ရှင်သန်မှုကို အထောက်အကူပြုပါတယ်။ * Rosemary oil က ဆံပင်ကို ကျန်းမာစေပြီး ဆံပင်ပြန်ပေါက်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဆီနဲ့ ဦးရေပြားနှိပ်နယ်ပေးခြင်းကို တစ်ပတ်လျှင် အကြိမ်အတော်များများသုံးနိုင်ပါတယ်။ * Aloe vera gel ကဦးရေပြား ယားယံခြင်းကိုဖြစ်စေတဲ့ ဘောက်တွေကို တိုက်ဖျက်ရာမှာ သုံးနိုင်ပါတယ်။ အရမ်းကုတ်မယ်ဆိုရင် အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒဏ်ရာသေးသေးလေးတွေတ၊ အဖုအပိမ့်တွေနဲ့ ယားယံခြင်းတွေက သင့်ဆံပင်ကို ပျက်စီးစေပြီး ဆံပင်ကျွတ်စေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်က အနာပျောက်စေပါတယ်။
၃။ ကြက်သွန်နီအရည်ကိုသုံးပါ။

အနံ့ကို ဆိုးပေမယ့်လည်း ကြက်သွန်နီရည်က ဆံပင်ဟိုတစ်ကွက် ဒီတစ်ကွက်ပြောင်ခြင်းအတွက် ထိရောက်တဲ့ အထောက်အကူ ဖြစ်နို်ငပါတယ်။ ဆံပင်မှာလိမ်းတဲ့အခါ follicles တွေအတွက် အကျိုးရှိပါတယ်။ ဆံပင်ရှင်သန်မှုကို မြှင့်တင်ပေးပါတယ်။
၄။ Green tea ထည့်ပါ

လက်ဖက်စိမ်းက အင်တီအောက်ဆီဒင့်ရဲ့ အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီး ကျန်းမာရေးပြဿနာအမျိုးမျိုးကို ကုသရာမှာ အသုံးပြုတဲ့ ဖြည့်စွက်တစ်မျိုးဖြစ်ပါတယ်။ ၎င်းမှာ epigallocatechin gallate ပါဝင်ပြီး ဆံပင်ပြန်ထူလာစေဖို့ အသုံးပြုနိုင်ပါတယ်။ ဗီတာမင် ဒီ၊ အိုမီဂါ ၃၊ အိုမီဂါ ၆နှင့် အခြားဒြပ်စင်တွေ ပါဝင်တဲ့အတွက် ဆံပင်ပါးသော လူ၈၀ ရာခိုင်နှုန်းခန့် ဆံပင်ပြန်လည်သန်စွမ်းကြောင်း လေ့လာမှုအရ သိရပါတယ်။
၅။ ဗီတာမင်ဒီအဆင့်ကို စစ်ဆေးပါ။

ဗီတာမင်ဒီ လယ်ဗယ်နိမ့်ခြင်းကလည်း ဆံပင်အကွက်လိုက်ပြောင်ခြင်းနှင့် ဆက်စပ်မှုရှိနိုင်ပါတယ်။ ထို့ကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ စစ်ဆေးမှုပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်သတ်မှတ်ပေးတဲ့ ဗီတာမင်ဒီ ဖြည့်စွက်ဆေးကို သုံးခြင်း၊ ကျန်းမာသော အစားအစာကို ထိန်းထားခြင်းနှင့် နေရောင်နဲ့ ထိတွေ့ခြင်းက ဆံပင်ကျွတ်ခြင်းကို မြန်ဆန်စွာ ကုသရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။
၆။ ဆံပင်စိုနေတဲ့အချိန် ဘီးနဲ့ဖြီးတာရှောင်ပါ။

ခေါင်းလျှော်ပြီးရင် ဆံပင်ပုံသွင်းခြင်းက သိသိသာသာပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ ဒီလိုထိခိုက်မှုမျိုးကို မကြာခဏလုပ်တယ်ဆိုရင် ဆံပင်ကျွတ်ခြင်းနှင့်ဦးရေပြားပြောင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆံပင်ခြောက်သွေ့သွားမှ အသွားကျဲကျဲဘီးနဲ့ ဖြီးပါ။
၇။ နွယ်ချိုနဲ့ ခေါင်းလျှော်ပါ။

တရုတ်နွယ်ချိုမှာ ဆံပင်ရှင်သန်မှုကို ပံ့ပိုးပေးခြင်း၊ ဆံပင်အမြစ်တွေကို လှုံ့ဆော်ပေးခြင်း၊ ဆံပင်ပါးတာကို လျှော့ချခြင်းကဲ့သို့သော အကျိုးကျေးဇူးတွေ ရှိပါတယ်။ အလွယ်နည်းက ခေါင်းလျှော်ရည်ထဲမှာ ထည့်သုံးပေးဖို့ ဖြစ်ပါတယ်။ တလျှော်ကင်ပွန်းခေါင်းလျှော်ရည်ထဲမှာ နွယ်ချိုကိုထည့်သုံးပေးခြင်းဖြင့် ဆံပင်တွေကို ပြန်လည်သန်စွမ်းစေပါတယ်။
၈။ ဂျင်းကို ရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားပါ။

အခြားလေ့လာမှုတွေအရ ဂျင်းမှာ ဆံပင်ရှင်သန်မှုကို တိုးတတ်စေတဲ့ ဇီဝသက်ရှိဒြပ်ပေါင်းတွေ ပါဝင်ပြီး antifungal, antioxidant, နဲ့ antimicrobial သက်ရောက်မှုတွေ ပါဝင်နိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ ဂျင်းအရည်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးလို့ရသလို ဂျင်းဆီနဲ့ scalp mask အဖြစ်သုံးနိုင်ပါတယ်၊ jojoba, coconut, (သို့) argan ကဲ့သို့သော carrier oil တွေနဲ့ ပေါင်းစပ်ပြီး သုံးနိုင်ပါတယ်။ ခေါင်းကို cap နဲ့ မိနစ် ၃၀ကြာဖုံးအုပ်ထားပြီးမှ လျှော်ပါ။