Unicode
အိမ်ထောင်ရှိ အမျိုးသားတဦးနဲ့ ဖောက်ပြန်နေကြောင်း ဖွင့်ချခံလိုက်ရတဲ့ မင်းသမီး ဂန္တဝင်
သရုပ်ဆောင် ဂန္တဝင်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူမရဲ့အချစ်ရေးအကြောင်းကို အင်တာဗျူးဗီဒီယိုတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ဂန္တဝင်ဟာ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နဲ့ ဖောက်ပြန်နေကြောင်း ဖော်ထုတ်ခံခဲ့ရပါတယ်။
ဂန္တဝင်ရဲ့ အိမ်ထောင်ရှိအမျိုးသားနဲ့ ဖောက်ပြန်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ထိုအိမ်ထောင်ရှင်အမျိုးသားရဲ့ တရားဝင်ဇနီးရဲ့ သူငယ်ချင်းက အခုလိုပဲအကြောင်းစုံချပြလာခဲ့ပါတယ်။ ကိုယ့်စိတ်ထဲရင်ထဲမှာ တကယ်ကြည်နူးပီတိဖြစ်တဲ့ ကိစ္စ တစ်ခုအမြဲရှိတယ်။ ဘာလဲလို့မေးးး..? မြန်မာနိုင်ငံက အနုပညာသည် (ရုပ်ရှင်မင်းသမီး ၊ မော်ဒယ် ၊ အဆိုတော်မ) တွေ ကို ခမ်းခမ်းနားနား တင့်တယ်စွာ မဂ်လာဆောင်ယူကြတဲ့ အမျိုးသားတွေပေါ်ထွက်လာပြီး အိမ်ထောင်ပြုသွားကြရင် ကိုယ့်စိတ်ထဲ အဲ့ အမျိုးသားကို တကယ်ကျေးဇူးတင်တယ်။
မဟုတ်ရင် သူတို့မှာ ချမ်းသာတဲ့ လင်ကောင်းမရမချင်း အိမ်ထောင်သည် ကလေးအဖေတွေ ၊ ပိုက်ဆံချမ်းသာတဲ့ ငွေရှာနိုင်တဲ့ အမျိုးသားတွေရဲ့ မိန်းမတွေနဲ့ ကလေးတွေအတွက် စနှိုက်ကြော်ခံရမယ့် High Risk တစ်ခုလျော့သွားပြန်ပြီလို့ ကြိတ်ဝမ်းသာပေးမိတယ်။ တစ်ချို့ အနုပညာသည်တွဟာ..အိမ်ထောင်ပြုပြီးလို့ အကြောင်းတစ်ခုခုကြောင့် အိမ်ထောင်ရေးပြိုကွဲပြီး လမ်းခွဲလိုက်ရရင်လည်း နောက်အိမ်ထောင်ထပ်မပြုဘဲ ဒီအတိုင်းပဲ နေသွားကြတဲ့သူမျိုးတွေ ရှိကြသလို ၊ နောက်အိမ်ထောင်ထပ်ပြုရင်လည်း လူပျိုလူလွတ် ကိုပဲ အရှုပ်အရှင်း ကင်းတဲ့သူမျိုးကိုပဲ ရွေးချယ်ကြတယ်။
ယောကျာ်းဆိုတဲ့ အမျိုးကတော့ ဖောက်ပြန်ဖို့ Probability Chance ကို အမြဲလိုလိုစောင့်နေတတ်ကြတာများတဲ့ သူတွေမို့ မိန်းမတွေ အိမ်ထောင်ရေးဖောက်ပြန်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် မိန်းမ ဖောက်ပြန်လို့ အိမ်ထောင်ရေး ပြိုကွဲရတဲ့ ရာခိုင်နှုန်း အတော်နည်းပါတယ်/ အိမ်ထောင်သည်ယောကျာ်းက ကိုယ့်ဆီလာပတ်သက်ခဲ့ရင်တောင်မှ မသိလို့ ပတ်သက်ခဲ့မိသည့်တိုင် သိတဲ့အချိန်မှာ ရပ်နိုင်ရမယ်။
အိမ်ထောင်သည်ယောကျာ်း ၊ မိသားစု ရှိတာကို သိပါလျက်နဲ့ ကိုယ်အစားချောင် အနေချောင်ဖို့ သူများရှာထားတဲ့ငွေကို အလွယ်တကူ သုံးဖြုန်းချင်လို့ သူများယောကျာ်းနဲ့ ပတ်သက်ပြီးမှတော့ အဲ့မိန်းမရဲ့ အဆင့်က လမ်းဘေးကကြေးစား (ဖော်ကာ) ထက်ကို စိတ်ဓာတ်ယုတ်ညံ့သိမ်ဖျင်း အောက်တန်းကျသွားပြီ။ မယားကြီးတွေခမျာမှာလည်း ကိုယ့်ဂုဏ်သိက္ခာကို ငဲ့ရလို့တစ်မျိုး၊ ကိုယ့်မိဘအသိုင်းအဝိုင်း အရှက်ရမှာမို့ ကြိတ်ခံစားရတာတစ်မျိုး၊ ကိုယ့်သားသမီးလေးတွေ စိတ်ဒဏ်ရာတွေ ရပြီး ပျက်စီးသွားမှာစိုးလို့ ဖေးမပြီး တောင့်ခံခဲ့ရတဲ့ ဘဝတွေနဲ့ ဆက်ပြီး အသက်ရှင်နေသွားကြရရှာတယ်။
အတိုဆုံးပြောရရင်တော့ ဂန္တဝင် မဆန်ကြဖို့ ? True Story of Actresss Cheating with Married Man အကြောင်း ပြောပြပေးဦးမယ်။(ကိုယ့်အချစ်ဆုံး ငယ်သူငယ်ချင်း လန်ဒန်မှာကျောင်းတက်ခဲ့ရစဉ်က ဒီသူငယ်ချင်းအိမ်မှာပဲ စားသောက်အိပ်နေလာခဲ့ရတယ်)
မင်းသမီးအတွက်ကတော့ ဒီယောကျာ်းက သူ့အတွက် အကိုလိုတစ်မျိုး ၊ သူငယ်ချင်းလိုတစ်မျိုး (RS သက်တမ်း ၂နှစ်ကျော်သွားပြီမို့) ဘဝခရီးကို လက်ထပ်စရာမလိုဘဲ နားလည်မှုတွေနဲ့ ဆက်သွားမယ်လို့ Public Interview ကြီးမှာ မရှက်မရွံ ဖြေသွားပေမယ့် (မယားကြီးမှာ လန်ဒန်ကနေရှက်လွန်းလို့ အိပ်ယာထဲ ဗုန်းဗုန်းလဲပြီး သွေးဆောင့်တက်သွားခဲ့ရတယ်) အဖြစ်အပျက်တွေ အားလုံးကို ကျွန်မသိခဲ့တာကြာပြီ။ 2019 ကတည်းက လန်ဒန်က မယားကြီးခမျာ ချစ်သက်ရေဆိုပြီးး ကိုယ့်ဆီဖုန်းတွေခေါ်ပြီး ငိုတာငိုတာ။ ငါ့ယောကျာ်းနဲ့ မင်းသမီး ဂန္တဝင်နဲ့ ခိုးပြီးဖောက်ပြန်ကြပြီ ငါနဲ့ လန်ဒန်မှာပေါင်းနေလျက်နဲ့ သမီးလေး နှစ်ယောက်မျက်နှာမှမထောက် လုပ်ရက်ကြတယ်ဆိုပြီး ရူးမတတ်ဖြစ်ခဲ့တာ။
သူ့ယောကျာ်း အရှက်ကွဲမှာစိုးလို့တဲ့ သူဘယ်သူ့ကိုမှ မပြောဘူး ကြိတ်ငိုတယ်။ သမီးလေးတွေကိုလည်း ပေးမသိရှာဘူး။ အဖေချစ်သမီးတွေမို့ သူတို့အတွက် ဖခင်လိုတယ်ဆိုပြီး ရင်ကွဲခံပြီး ပေါင်းခဲ့တယ်။ 2019 မှာ ယောကျာ်းကို ချော့ပြီး ရန်ကုန်ကနေ လန်ဒန်ပြန်ခေါ်တော့ လေဆိပ်မှာ မင်းသမီးက လိုက်ပို့ပြီး အလွမ်းတွေသယ်နေတဲ့ ဓာတ်ပုံတွေက. ယောကျာ်းက လေယာဉ်ပေါ်မှာပဲ ရှိသေးတယ်ပုံတွေက မယားကြီးဆီ အကုန်တန်းရောက်နေပြီ။ ကြည့်ပါဦးဟယ်ဆိုပြီး ကိုယ့်ကိုလာပြလို့ 2019 ကတည်းက ကျွန်မ အကုန်လုံး မြင်ထားပြီးပြီ။ မယားကြီး ဖြစ်သူက ပြောရှာတယ်။
သူတို့လူမသိအောင် တိတ်တိတ်လေး ဖောက်ပြန်ပြီး ခွေးဇာတ်ခင်းနေလည်း ငါလည်းလူမသိမခံချင်ပါဘူးဟယ်။ ငါ့သမီးအပြျုပေါကျလေး နှစ်ယောက်အရှက်ရမှာစိုးတယ်တဲ့..သို့သော် မြန်မာပြည်ရဲ့ Social Media Interview ကြီးမှာ မင်းသမီးဖြစ်သူက အခုယောကျာ်းနဲ့သူက ငယ်ငယ်ကတည်းက သိခဲ့ကြပြီး နိုင်ငံခြား မှာ နေထိုင်ခဲ့ပြီးမှ သူနဲ့ ငယ်ချစ်တွေလိုလို ကံကြမ္မာက ပြန်ပေါင်းဖက်ပေးလို့ပဲ သူတို့ပြန်ချစ်ပြီးဆုံကြရသလို ရုပ်တည်ကြီးနဲ့ ဖြေသွားတယ်။
မယားကြီးနဲ့ ကွာဖို့ အတင်းတွန်းအားတွေဖိပေးလို့ ယောကျာ်းဖြစ်သူက သမီးတွေရော အိမ်ထောင်သက် (၁၇) နှစ်ပေါင်းလာတဲ့ မိန်းမကိုပါ ပစ်ထားပြီး မြန်မာပြည်ကို အပြီးပြန်သွားတာမို့ သမီးအငယ်ဆုံးလေးမှာ အသက် (၁၂နှစ်သမီးလေး) အရွယ်နဲ့ သူ့အဖေရုတ်တရက်ကြီး သူ့အနားကနေ ထွက်သွားတော့ စိတ်ဒဏ်ရာတွေ ကြိတ်ခံစားပြီး သူ့ကိုယ်သူ လက်ကောက်ဝတ်ကို ဓားတွေနဲ့ မွစိတက်အောင်မွှန်းပစ်လို့ မိခင်ဖြစ်သူမှာ ကလေးရဲ့ Trauma တွေကို Therapist နဲ့ကို ပြန်ကုသပေးနေရတယ်လို့ ပြောရှာတယ်။ ဆေးရုံကိုတင်ထားရပါတယ်တဲ့။
2020 နှစ်လည်မှ တရားဝင်ကွာရှင်းခွင့်ရတယ်။အဲ့တော့ မင်းသမီးဖြေသွားတဲ့ RS သက်တမ်းလည်း ၂နှစ်ကျော်နေပြီဆိုတာဟာ သူများလင်ကို မကွာရသေးဘဲ စနှိုက်ကြော် ထားတဲ့ သက်တမ်း (၂နှစ်) ကျော်တာလားလို့ မင်းသမီးဂန္တဝင်ကိုသွားမေးလိုက်ကြပါဦး။ ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။