ဆံပင္ရွည္ေႏွးလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔အတြက္ ဆံပင္ရွည္ျမန္ေစဖို႔ သဘာဝနည္းလမ္းမ်ား

Advertisements

ဆံပင္အရွည္ေႏွးလို႔ ဆံပင္ညႇပ္ရမွာေတာင္ ေၾကာက္ေနရတဲ့ ပ်ိဳေမတို႔အတြက္ ေငြကုန္ေၾကးက်မမ်ားပဲ လိုက္နာႏိုင္မယ့္ နည္းလမ္းေကာင္းေတြကို ေဖာ္ျပလိုက္ပါတယ္ေနာ္။

၁။ ေခါင္းေလွ်ာ္ရင္ ဆားထည့္ေလွ်ာ္ပါ။

ေခါင္းေလွ်ာ္ရည္ထဲမွာ ဆားထည့္ၿပီး အသုံးျပဳျခင္းက ဆံပင္အဆီျပန္ျခင္းကို ထိန္းေပးၿပီး ဆံသားေတြကို ပိုမိုထူထဲေစပါတယ္။ ေနာက္ၿပီး လူတိုင္းလိုက္လုပ္ႏိုင္ၿပီး ေငြကုန္ေၾကးက် သက္သာလို႔ အရမ္းကို အဆင္ေျပတဲ့ နည္းလမ္း ၁ ခုပါပဲ။

၂။ ေနေရာင္ျခည္ကို ေရွာင္ရွားပါ။

ေနေရာင္ျခည္ကရတဲ့ Vitamin D ဟာ ေကာင္းက်ိဳးေတြမ်ားေပမဲ့ ေနာက္ဆက္တြဲက်ေရာက္လာတဲ့ UV အႏၲရာယ္ကိုလည္း ေမ့မထားသင့္ပါဘူးေနာ္။ အမိုးအကာမပါပဲ ေနပူထဲ အခ်ိန္ၾကာၾကာထြက္ျခင္းက သင့္ရဲ႕ ဆံသားကို ပ်က္စီးေစပါတယ္။ ဒါ့ေၾကာင့္ ေနပူထဲ သြားတဲ့အခါမွာ ထီးေဆာင္းတာ ဦးထုပ္ေဆာင္းတာ လုပ္သင့္ပါတယ္ေနာ္။

၃။ ေလအပူျဖင့္ ဆံပင္အေျခာက္ခံျခင္း

Hair Dryer အသုံးျပဳၿပီး ဆံပင္အေျခာက္ခံျခင္းက ဆံသားကို အပူတိုက္႐ိုက္ေပးေနတာေၾကာင့္ ဆံသားရဲ႕ အဆိုဓာတ္ကို ခမ္းေျခာက္ေစပါတယ္။ အဆိုဓာတ္မရွိတဲ့ ဆံသားဟာ အလြယ္တကူ ပ်က္စီးလာၿပီး ဆံပင္ႀကီးထြားမႈႏႈန္းကို ေႏွာင့္ေႏွးေစပါတယ္။

၄။ ပိုးသားေခါင္းအုံးကို အသုံးျပဳျခင္း

ေခါင္းအုံးတလုံးရဲ႕ ကြာလတီကလည္း ဆံသားဖြံ႕ၿဖိဳးမႈမွာ အေရးပါတဲ့ အရာတခုပဲ ျဖစ္ပါတယ္။ ပိုးသားနဲ႔ ျပဳလုပ္ထားတဲ့ ေခါင္းအုံးကေတာ့ ဆံသားကို ႏူးညံ့ေစၿပီး ဆံပင္ရႈပ္ေထြးတာေတြကိုလည္း မျဖစ္ေစပါဘူးေနာ္။ ခ်ည္ထိုး ပန္းထိုး ေခါင္းအုံးမ်ားကေတာ့ ဆံသားရဲ႕ အဆိုဓာတ္ကို ထိခိုက္ေစ႐ုံသာမက ဆံသားက်န္းမာေရးကိုလည္း ေလ်ာ့က်ေစပါတယ္။

၅။ အိပ္ယာမဝင္ခင္ ေခါင္းဖီးပါ။

ညအိပ္ယာဝင္တဲ့အခ်ိန္မွာ မ်က္ႏွာအတြက္ Skin Care သလို ဆံပင္ရွည္ခ်င္တဲ့ ပ်ိဳေမေလးေတြကေတာ့ ဆံသားကိုပါ ဂ႐ုစိုက္သင့္ပါတယ္ေနာ္။ အိပ္ယာမဝင္ခင္ မိနစ္အနည္းငယ္ေလာက္ အခ်ိန္ေပးၿပီး ေခါင္းဖီးျခင္းက ဆံသားက်န္းမာေရးအတြက္ အထူးေကာင္းမြန္ေစပါတယ္။

Unicode

ဆံပင်ရှည်နှေးလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် ဆံပင်ရှည်မြန်စေဖို့ သဘာဝနည်းလမ်းများ

ဆံပင်အရှည်နှေးလို့ ဆံပင်ညှပ်ရမှာတောင် ကြောက်နေရတဲ့ ပျိုမေတို့အတွက် ငွေကုန်ကြေးကျမများပဲ လိုက်နာနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ခေါင်းလျှော်ရင် ဆားထည့်လျှော်ပါ။

ခေါင်းလျှော်ရည်ထဲမှာ ဆားထည့်ပြီး အသုံးပြုခြင်းက ဆံပင်အဆီပြန်ခြင်းကို ထိန်းပေးပြီး ဆံသားတွေကို ပိုမိုထူထဲစေပါတယ်။ နောက်ပြီး လူတိုင်းလိုက်လုပ်နိုင်ပြီး ငွေကုန်ကြေးကျ သက်သာလို့ အရမ်းကို အဆင်ပြေတဲ့ နည်းလမ်း ၁ ခုပါပဲ။

၂။ နေရောင်ခြည်ကို ရှောင်ရှားပါ။

နေရောင်ခြည်ကရတဲ့ Vitamin D ဟာ ကောင်းကျိုးတွေများပေမဲ့ နောက်ဆက်တွဲကျရောက်လာတဲ့ UV အန္တရာယ်ကိုလည်း မေ့မထားသင့်ပါဘူးနော်။ အမိုးအကာမပါပဲ နေပူထဲ အချိန်ကြာကြာထွက်ခြင်းက သင့်ရဲ့ ဆံသားကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် နေပူထဲ သွားတဲ့အခါမှာ ထီးဆောင်းတာ ဦးထုပ်ဆောင်းတာ လုပ်သင့်ပါတယ်နော်။

၃။ လေအပူဖြင့် ဆံပင်အခြောက်ခံခြင်း

Hair Dryer အသုံးပြုပြီး ဆံပင်အခြောက်ခံခြင်းက ဆံသားကို အပူတိုက်ရိုက်ပေးနေတာကြောင့် ဆံသားရဲ့ အဆိုဓာတ်ကို ခမ်းခြောက်စေပါတယ်။ အဆိုဓာတ်မရှိတဲ့ ဆံသားဟာ အလွယ်တကူ ပျက်စီးလာပြီး ဆံပင်ကြီးထွားမှုနှုန်းကို နှောင့်နှေးစေပါတယ်။

၄။ ပိုးသားခေါင်းအုံးကို အသုံးပြုခြင်း

ခေါင်းအုံးတလုံးရဲ့ ကွာလတီကလည်း ဆံသားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ အရာတခုပဲ ဖြစ်ပါတယ်။ ပိုးသားနဲ့ ပြုလုပ်ထားတဲ့ ခေါင်းအုံးကတော့ ဆံသားကို နူးညံ့စေပြီး ဆံပင်ရှုပ်ထွေးတာတွေကိုလည်း မဖြစ်စေပါဘူးနော်။ ချည်ထိုး ပန်းထိုး ခေါင်းအုံးများကတော့ ဆံသားရဲ့ အဆိုဓာတ်ကို ထိခိုက်စေရုံသာမက ဆံသားကျန်းမာရေးကိုလည်း လျော့ကျစေပါတယ်။

၅။ အိပ်ယာမဝင်ခင် ခေါင်းဖီးပါ။

ညအိပ်ယာဝင်တဲ့အချိန်မှာ မျက်နှာအတွက် Skin Care သလို ဆံပင်ရှည်ချင်တဲ့ ပျိုမေလေးတွေကတော့ ဆံသားကိုပါ ဂရုစိုက်သင့်ပါတယ်နော်။ အိပ်ယာမဝင်ခင် မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး ခေါင်းဖီးခြင်းက ဆံသားကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။