Unicode
ယောကျာ်းတွေ ထိန်းချုပ်တာကို လက်မခံတဲ့ ဘုရင်မလို Type ရှိတဲ့ရာသီခွင် ၅ခု
ရာသီခွင်တစ်ခုချင်းစီအရ ထူးခြားတဲ့စိတ်နေစိတ်ထားပိုင်ရှင် မိန်းကလေးအမျိုးအစား အများကြီးရှိကြပါတယ်။ စိတ်ထိ ခိုက်လွယ်တဲ့ ထက်မြက်တဲ့ ရိုးသားဖြူစင်တဲ့ စိတ်မာတဲ့ စိတ်ခံစားမှုအစွဲအလမ်းကြီးတဲ့ လွတ်လပ်မှုကိုနှစ်သက်တဲ့ စသဖြင့် စိတ်နေစိတ်ထားအမျိုးမျိုးတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေအများကြီးပါပဲ။
အဲ့ဒီထဲကမှ ယောကျ်ားလေးတွေပြောသမျှ အရာအားလုံးကိုလိုက်မလုပ်တတ်တဲ့၊ ထိန်းချုပ်လို့မရတဲ့၊ ထိန်းချုပ်တာကိုလည်း လက်မခံတဲ့၊ သူလိုချင်တဲ့အရာကိုရဖို့ဆို တစိုက်မတ်မတ် ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်ခြေထောက်ပေါ် ကိုရပ်တည်တတ်တဲ့ ဘုရင်မလို Type ပိုင်ဆိုင်ထားတဲ့ ရာသီခွင်ပိုင်ရှင် မိန်းကလေးတွေအကြောင်းဖော်ပြချင်ပါတယ်။ အောက်မှာဖတ်ကြည့်လိုက်ကြရအောင်.
Aries(March21_April19) မိဿရာသီဖွား
Ariesရာသီဖွားတွေက တခြားလူတွေအပေါ် သိပ်ပီး အားမကိုးတတ်ကြဘူး။ သူတို့က အမှီအခိုကင်းကြပါတယ်။ သူတို့ရဲ့စိတ်ညစ်စရာတွေ ဝမ်းနည်းမှူတွေကို ဘယ်သူ့မှမသိအောင် ဖုံးကွယ်ထားတတ်ပါတယ်။ သူတို့ရဲ့ပင်ကိုယ်ဗီဇအရလောကဓံနဲ့တိုက်ပွဲ ဝင်ဖို့ အဆင်သင့်ဖြစ်နေသူတွေပါ။ သူတို့က စိတ်မာပြီးထက်မြက်သလို ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာဖြစ်ဖြစ် သူတို့အဖွဲ့ထဲမှာဖြစ်ဖြစ် ဦးဆောင်သူ ခေါင်းဆောင်သူတွေ ဖြစ်နေတတ်ကြပါတယ်။ ယောကျ်ားလေးတွေနဲ့ပက်သက်ပြီး အသဲခွဲတမ်းမဆော့နဲ့ ဆောတီးပဲလို့ပြောမယ့် Aries လေးတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က အချစ်လည်းကြီးတတ်ကြပါတယ်။
Taurus(April20_May20) ပြိဿရာသီဖွား
ပြိဿရာသီဖွားလို့ခေါ်တဲ့ Taurusလေးတွေက လွတ်လပ်မှုကို ခုံမင်တယ်။ ထိန်းချုပ်ခံရတာကို မကြိုက်ဘူး။ သူတို့ကိုယ် တိုင်ထိန်းချုပ်ရတာ သူတို့ ကိုယ်ပိုင်အသိနဲ့လုပ်ရတာကိုပဲ ကြိုက်ကြပါတယ်။ စိတ်မာချင်ယောင်ဆောင်ထားပေမယ့် စိတ်ထိခိုက်လွယ်သူတွေလည်းဖြစ်နေတတ်ပါတယ်။ သူတို့လက်ခံထားတဲ့ အတွေးတွေကို ပြောင်းလဲသွားအောင် လုပ်ဖို့ အရမ်းခက်ခဲပါတယ်။ သူတို့အချစ်ကို ရဖို့ လက်ဆောင်တွေ ပိုက်ဆံတွေထက် စိတ်ခံစားမှုကို တိမ်းညွတ်နူးညံအောင် ပြုလုပ်နိုင်မှသာဖြစ်မှာပါ။ ချစ်သူရည်းစားရှိသူတွေဆိုလည်း သူတို့ကို လိုက်ထိန်းချုပ်တာကို လက်မခံတတ်ကြပါဘူး။ Ariesလိုပဲ အချစ်ကြီးပေမယ့် မာချင်ယောင်ဆောင်နေတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားကြပါတယ်။
Gemini(May21_June20) မေထုန်ရာသီဖွား
ထိလွယ်ရှလွယ်ရာသီဖွားမိန်းကလေးတွေပါပဲ။ စိတ်ထိခိုက်လွယ်လို့ သူတို့ကို ထိန်းချုပ်နိုင်မယ် မထင်လိုက်ပါနဲ့။ မှားသွားပါလိမ့်မယ်။ Geminiတွေက စကားအရာမှာ လိမ္မာပါးနပ်ကြပြီး သူတို့ရဲ့စကားတစ်ခွန်းနဲ့ အရာရာကို သိမ်းပိုက်နိုင်ပါတ ယ်။ သူတို့နဲ့ချစ်သူတော်ထားတဲ့ယောကျ်ားလေးတွေက ကံကောင်းကြပါတယ်။ သူတို့က ခံစားထိခိုက်လွယ်တတ်ကြသလို အရမ်းလည်းချစ်တတ်ကြပါတယ်။
Sagittarius(November22_December21) ဓနုရာသီဖွား
သူတို့ကို Control လုပ်ဖို့ မကြိုးစားပါနဲ့ ။ဒီရာသီဖွားတွေက လွတ်လပ်မှုကို အရမ်း နှစ်သက်တတ်ကြတဲ့ ရာသီဖွားတွေဖြ စ်ပါတယ်။ သူ့လွတ်လတ်မှုကို ထိခိုက်လာလို့ အဆင်မပြေဖြစ်လာပြီဆိုရင် သူဘယ်လောက် ကြိုက်နှစ်သက်တဲ့ယောကျာ်းလေးဖြစ်ပါစေ စွန့်ခွာသွားဖို့ ဝန်မလေးပါဘူး။
Capricorn(December22_January19) မကာရရာသီဖွား
ဒီရာသီဖွားတွေရဲ့ချစ်သူဆိုရင် သူမကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ တဖြည်းဖြည်းချင်းရင်နာနည်းနဲ့ အထားခဲ့ခံရပါလိမ့်မယ်။ သူတို့က တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိတဲ့သူတွေဖြစ်ပြီး သူတို့မှန်တယ်ထင်ရင် ဘယ်သူပြောပြောနားထောင်မှာမ ဟုတ်ပါဘူး။တစ်ကယ့်ကို ခေါင်းမာပီး ထက်မြက်တဲ့ ရာသီဖွားတွေပေါ့ ။