
စာဖတ္ပရိသတ္ႀကီးကို ယခုတင္ဆက္ေပးမွကေတာ့ာ ႀကိဳ႕ထိုးတာကို အလြယ္တကူ ေပ်ာက္ကင္းေအာင္လုပ္နည္းအေၾကာင္းကိုတင္ဆက္ေပးလိုက္တာျဖစ္ပါတယ္ ။ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္ထဲမွာ ဝမ္းဗိုက္နဲ႔ ရင္ဘတ္ကိုပိုင္းျခားထားတဲ့ ႂကြက္သားတစ္ခုရွိပါတယ္ ။ Diaphragm လို႔ေခၚပါတယ္ ။ ျမန္မာလိုတိုက္႐ိုက္ဆိုရင္ေတာ့ ရင္ဝမ္းျခားႂကြက္သားေပါ့ ။ ဒီႂကြက္သားကအသက္ရႉတဲ့လုပ္ငန္းစဥ္မွာ အဓိကအခန္းက႑က ပါဝင္ပါတယ္ ။ ဒီႂကြက္သားက ထိန္းခ်ဳပ္လို႔မဟုတ္ဘဲ သူ႔အလိုအေလ်ာက္ ညႇစ္တဲ့အခါ အသံအိုးကိုပါ ႐ုတ္တရက္ပိတ္ပိတ္သြားၿပီး “ေအ့” ဆိုတဲ့အသံနဲ႔ ႀကိဳ႕ထိုးတယ္ဆိုတာ ျဖစ္လာပါတယ္ ။ ဒါေတြက ႀကိဳ႕ထိုးေစႏိုင္ပါတယ္ ။

အစားအမ်ားႀကီးစားတဲ့အခါ ၊ ပီေကဝါးတာ သၾကားလုံးစုပ္တာ ၊ အရက္ဘီယာေသာက္တဲ့အခါ ၊ အျမႇဳပ္ထၿပီးစူးရွတဲ့ အခ်ိဳရည္ေတြေသာက္တဲ့အခါနဲ႔ စိတ္လႈပ္ရွားတဲ့အခါေတြမွာ အျဖစ္မ်ားတယ္ ။ ဒါေပမယ့္ ေရာဂါရင္းျမစ္တစ္ခုခုရွိလို႔လည္း ျဖစ္ႏိုင္တယ္ ။ ႀကိဳ႕ထိုးတာက လူေတာ္ေတာ္မ်ားမ်ားမွာ မိနစ္ပိုင္းအတြင္း ေပ်ာက္သြားႏိုင္တယ္ ။ အရမ္းျဖစ္ခဲတဲ့ကိစၥေတြမွာေတာ့ ႀကိဳ႕ထိုးတာ လနဲ႔ခ်ီၾကာႏိုင္ပါတယ္ ။
ႏွစ္ရက္ထက္ၾကာတဲ့ ႀကိဳ႕ထိုးတာျဖစ္ေနၿပီဆိုရင္ေတာ့ ရင္ဝမ္းျခားႂကြက္သားကိုထိန္းခ်ဳပ္ထားတဲ့ အာ႐ုံေၾကာေတြမွာ လႈံ႕ေဆာ္မႈတစ္ခုခုျဖစ္ေနလို႔ပါ ။ ျဖစ္ႏိုင္တာေတြအမ်ားႀကီးထဲက နားစည္ကိုဆြေနသလိုျဖစ္ေနတာ ၊ လည္ပင္းမွာ အက်ိတ္ျဖစ္တာ ၊ အစာေရမ်ိဳႁပြန္မလုံတာ၊ လည္ေခ်ာင္းနာတာေတြေတြ ။ ပိုၿပီးဆိုးတဲ့အေျခအေနေတြမွာ ဦးေႏွာက္အေမွးပါးေရာင္တာ ၊ ဦးေႏွာက္ေရာင္တာေတြေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္ ။

ေဆးေတြနဲ႔ အရက္ကိုႏွစ္ရွည္လမ်ားေသာက္လာသူေတြမွာလည္းျဖစ္တတ္ပါတယ္ ။ ေယာက်္ားေတြမွာ ပိုအျဖစ္မ်ားၿပီး ၾကာရွည္လည္းျဖစ္တတ္ပါတယ္ ။ႀကိဳ႕ထိုးတာက ခံရခက္တာကေတာ့ လူတိုင္းသိၿပီးသားပါ ။ ကာလၾကာရွည္ႀကိဳ႕ထိုးတဲ့အခါ အိပ္ရတာ ၊ စားရတာ ၊ စကားေျပာရတာနဲ႔ ဝမ္းဗိုက္မွာရွိတဲ့အနာေတြမက်က္တာမ်ိဳး ဆိုးက်ိဳးေတြရွိလာႏိုင္ပါတယ္ ။
ဘယ္လိုေပ်ာက္ေအာင္လုပ္မလဲ ။ ႀကိဳ႕ထိုးတာက ကုသစရာမလိုဘဲ သူ႔အလိုအေလ်ာက္ေကာင္းသြားတာပါပဲ ။ ကိုယ္တိုင္ႀကိဳ႕ထိုးတဲ့အခါလည္း ဘယ္အခ်ိန္ေပ်ာက္လို႔ေပ်ာက္သြားမွန္းေတာင္ သိလိုက္တာမဟုတ္ဘူး ။ သာမန္ထက္ၾကာေနရင္ေတာ့ ေရာဂါတစ္ခုခုဆိုတာ သိႏိုင္ပါလိမ့္မယ္ ။ ႀကိဳ႕ထိုးတာကိုေပ်ာက္ကင္းေစႏိုင္တဲ့နည္းလမ္းေတြရွိပါတယ္ ။ ဘယ္နည္းက အလုပ္အျဖစ္ဆုံးလဲဆိုတာေတာ့ ေသခ်ာအတည္ျပဳမႈေတြမရွိထားဘူး ။

ေရေသာက္ပါ ။ အိတ္တစ္အိတ္ထဲကို အသက္ရႉသြင္းရႉထုတ္လုပ္ပါ ။ ေရခဲေရနဲ႔ပလုပ္က်င္းပါ ။ အသက္ရႉေအာင့္ပါ ။ သံပရာသီးကိုက္ပါ ။ မၾကာခဏ ႀကိဳ႕ထိုးတတ္တယ္ဆိုရင္ေတာ့ – အရက္နဲ႔ အျမႇဳပ္ထၿပီးစူးရွတဲ့ အခ်ိဳရည္ေတြကိုေရွာင္ပါ ။ ေလထေစတဲ့ အစားအေသာက္ေတြေရွာင္ပါ ။ အစားကို အမ်ားႀကီးတခါတည္းမစားဘဲ နည္းနည္းစီခြဲစားပါ ။
Unicode
ကြို့ထိုးတာကိုအလွယ်တကူ ပျောက်ကင်းအောင်လုပ်နည်း
စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှကတော့ာ ကြို့ထိုးတာကို အလွယ်တကူ ပျောက်ကင်းအောင်လုပ်နည်းအကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကိုပိုင်းခြားထားတဲ့ ကြွက်သားတစ်ခုရှိပါတယ် ။ Diaphragm လို့ခေါ်ပါတယ် ။ မြန်မာလိုတိုက်ရိုက်ဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားပေါ့ ။ ဒီကြွက်သားကအသက်ရှူတဲ့လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ် ။ ဒီကြွက်သားက ထိန်းချုပ်လို့မဟုတ်ဘဲ သူ့အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက်ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုးတယ်ဆိုတာ ဖြစ်လာပါတယ် ။ ဒါတွေက ကြို့ထိုးစေနိုင်ပါတယ် ။
အစားအများကြီးစားတဲ့အခါ ၊ ပီကေဝါးတာ သကြားလုံးစုပ်တာ ၊ အရက်ဘီယာသောက်တဲ့အခါ ၊ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေသောက်တဲ့အခါနဲ့ စိတ်လှုပ်ရှားတဲ့အခါတွေမှာ အဖြစ်များတယ် ။ ဒါပေမယ့် ရောဂါရင်းမြစ်တစ်ခုခုရှိလို့လည်း ဖြစ်နိုင်တယ် ။ ကြို့ထိုးတာက လူတော်တော်များများမှာ မိနစ်ပိုင်းအတွင်း ပျောက်သွားနိုင်တယ် ။ အရမ်းဖြစ်ခဲတဲ့ကိစ္စတွေမှာတော့ ကြို့ထိုးတာ လနဲ့ချီကြာနိုင်ပါတယ် ။

နှစ်ရက်ထက်ကြာတဲ့ ကြို့ထိုးတာဖြစ်နေပြီဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှုတစ်ခုခုဖြစ်နေလို့ပါ ။ ဖြစ်နိုင်တာတွေအများကြီးထဲက နားစည်ကိုဆွနေသလိုဖြစ်နေတာ ၊ လည်ပင်းမှာ အကျိတ်ဖြစ်တာ ၊ အစာရေမျိုပြွန်မလုံတာ၊ လည်ချောင်းနာတာတွေတွေ ။ ပိုပြီးဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်အမှေးပါးရောင်တာ ၊ ဦးနှောက်ရောင်တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ် ။
ဆေးတွေနဲ့ အရက်ကိုနှစ်ရှည်လများသောက်လာသူတွေမှာလည်းဖြစ်တတ်ပါတယ် ။ ယောကျ်ားတွေမှာ ပိုအဖြစ်များပြီး ကြာရှည်လည်းဖြစ်တတ်ပါတယ် ။ကြို့ထိုးတာက ခံရခက်တာကတော့ လူတိုင်းသိပြီးသားပါ ။ ကာလကြာရှည်ကြို့ထိုးတဲ့အခါ အိပ်ရတာ ၊ စားရတာ ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာရှိတဲ့အနာတွေမကျက်တာမျိုး ဆိုးကျိုးတွေရှိလာနိုင်ပါတယ် ။

ဘယ်လိုပျောက်အောင်လုပ်မလဲ ။ ကြို့ထိုးတာက ကုသစရာမလိုဘဲ သူ့အလိုအလျောက်ကောင်းသွားတာပါပဲ ။ ကိုယ်တိုင်ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန်ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာမဟုတ်ဘူး ။ သာမန်ထက်ကြာနေရင်တော့ ရောဂါတစ်ခုခုဆိုတာ သိနိုင်ပါလိမ့်မယ် ။ ကြို့ထိုးတာကိုပျောက်ကင်းစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ် ။ ဘယ်နည်းက အလုပ်အဖြစ်ဆုံးလဲဆိုတာတော့ သေချာအတည်ပြုမှုတွေမရှိထားဘူး ။
ရေသောက်ပါ ။ အိတ်တစ်အိတ်ထဲကို အသက်ရှူသွင်းရှူထုတ်လုပ်ပါ ။ ရေခဲရေနဲ့ပလုပ်ကျင်းပါ ။ အသက်ရှူအောင့်ပါ ။ သံပရာသီးကိုက်ပါ ။ မကြာခဏ ကြို့ထိုးတတ်တယ်ဆိုရင်တော့ – အရက်နဲ့ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေကိုရှောင်ပါ ။ လေထစေတဲ့ အစားအသောက်တွေရှောင်ပါ ။ အစားကို အများကြီးတခါတည်းမစားဘဲ နည်းနည်းစီခွဲစားပါ ။