ဆံပင္အဖ်ားႏွစ္ခြျဖစ္တာကို သက္သာသြားေစႏိုင္တဲ့ အိမ္တြင္းနည္းလမ္းမ်ား

Advertisements

ဆံပင္အဖ်ားႏွစ္ခြျဖစ္တာကို မိန္းကေလးတိုင္း ႀကဳံေတြ႕ၾကရပါတယ္။ ဆံပင္အဖ်ားႏွစ္ခြေတြက သင့္ဆံသားကို ေျခာက္ေသြ႕ၾကမ္းတမ္းၿပီး ရႈပ္ပြေစတဲ့အျပင္ ဆံပင္သန္စြမ္းတာကိုလည္း ရပ္တန႔္ေစပါတယ္။ အိမ္မွာ ကိုယ္တိုင္ျပဳလုပ္တဲ့ ဆံပင္ေပါင္းတင္ေဆးေတြက ဆံပင္အဖ်ားႏွစ္ခြျဖစ္ၿပီး ပ်က္စီးတာကို ျပန္လည္ေကာင္းမြန္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဆံပင္အဖ်ားႏွစ္ခြျဖစ္တာကို သက္သာသြားေစႏိုင္ဖို႔အတြက္ အိမ္တြင္းနည္းလမ္းတခ်ိဳ႕နဲ႔ လုပ္ၾကည့္ဖို႔ လိုပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုတာကို ေအာက္မွာ ေဖာ္ျပေပးလိုက္ရပါတယ္။

ဒိန္ခ်ဥ္နဲ႔ သံလြင္ဆီ ဆံပင္ေပါင္းတင္နည္း

သံလြင္ဆီက fatty acid ပါဝင္ၿပီး ဆံသားရဲ႕အစိုဓာတ္ကို ထိန္းေပးကာ ဆံပင္ပ်က္စီးတာကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒိန္ခ်ဥ္ကေတာ့ ဉီးေရျပားက ဆဲလ္အေသေတြကို ဖယ္ရွားေပးတဲ့ လက္တစ္အက္ဆစ္ပါဝင္ပါတယ္။ ဉီးေရျပားက်န္းမာမွ က်န္းမာတဲ့ဆံသားကို ေပးစြမ္းမွာျဖစ္ပါတယ္။ သံလြင္ဆီ (စားပြဲတင္ဇြန္း ၂ ဇြန္း) ကို ဒိန္ခ်ဥ္ခြက္တစ္ဝက္နဲ႔ ေရာစပ္ၿပီး သင့္ဆံသားမွာ လိမ္းလိုက္ပါ။ ၿပီးရင္ မိနစ္ ၂၀ – ၃၀ ေလာက္ ထားၿပီးမွ ဆံပင္ကို သန႔္စင္ေပးလိုက္ရမွာျဖစ္ပါတယ္။

ၾကက္ဉအႏွစ္နဲ႔ ပ်ားရည္ဆံပင္ေပါင္းတင္နည္းၾကက္ဉအႏွစ္နဲ႔ ပ်ားရည္ဆံပင္ေပါင္းတင္နည္း

ပ်ားရည္က ဆံသားေျခာက္ေသြ႕တာကို ကာကြယ္ေပးၿပီး အစိုဓာတ္ထိန္းေပးႏိုင္တဲ့ဓာတ္ေတြ သဘာဝအေလ်ာက္ပါဝင္ပါတယ္။ ၾကက္ဉကေတာ့ ဆံပင္ႏွစ္ခြျဖစ္တာဆိုး႐ြားလာတာကေန ကာကြယ္ေပးႏိုင္တဲ့ အမီႏိုအက္ဆစ္ႂကြယ္ဝပါတယ္။ ဒီပါဝင္ပစၥည္းႏွစ္မ်ိဳးက ဆံသားပ်က္စီးတာကို ျပန္လည္ေကာင္းမြန္လာေစၿပီး ျပန္လည္နက္ေမွာင္ေတာက္ေျပာင္လာေစႏိုင္ပါတယ္။ သင္ လုပ္ဖို႔လိုအပ္တာက ၾကက္ဉတစ္လုံးရဲ႕အႏွစ္နဲ႔ ပ်ားရည္ (လက္ဖက္ရည္ဇြန္း ၁ ဇြန္း) တို႔ကို ေရာစပ္ၿပီး သင့္ဆံပင္မွာ လိမ္းေပးရမွာပါ။ ေခါင္းေလွ်ာ္ရည္အေပ်ာ့စားနဲ႔ မေလွ်ာ္ပစ္ခင္ (၁) နာရီေလာက္ ေပါင္းတင္ထားရမွာျဖစ္ပါတယ္။

အုန္းဆီနဲ႔ ကုသနည္း

အုန္းဆီက သင့္ဆံပင္အတြက္ အေကာင္းဆုံးဆီေတြထဲက တစ္ခုပါ။ အုန္းဆီ ခြက္တစ္ဝက္ကို ၁၅ စကၠန႔္ေလာက္ မိုက္ခ႐ိုေဝ့နဲ႔ အပူေပးလိုက္ၿပီး ေျခာက္ေသြ႕တဲ့ဆံပင္ကို လိမ္းလိုက္ပါ။ ဆံပင္ႏွစ္ခြျဖစ္တာကို သက္သာသြားဖို႔အတြက္ ဉီးေရျပားေပၚနဲ႔ အဖ်ားေတြကို လိမ္းေပးလို႔ရပါတယ္။ သင့္ေခါင္းကို တဘက္နဲ႔ ပတ္ထားလိုက္ၿပီး အနည္းဆုံး နာရီဝက္အခ်ိန္ေပးလိုက္ပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္အေပ်ာ့စားနဲ႔ ေခါင္းေလွ်ာ္လိုက္႐ုံပါပဲ။

ပန္းသီးအရက္ဗင္နီဂါနဲ႔ ဆံသားကို ေလာင္းခ်နည္း

ဗင္နီဂါနဲ႔ ဆံသားကို ေလာင္းခ်တာက ဆံပင္ကို အရမ္းႏူးညံ့ေစပါတယ္။ ပန္းသီးအရက္ဗင္နီဂါမွာ အက္စီတစ္အက္ဆစ္ပါဝင္ၿပီး ဆံပင္က အညစ္အေၾကးေတြကို ဖယ္ရွားေပးၿပီး ဆံသားကို သန္မာလာေစပါတယ္။ ေရတစ္ဝက္ခြက္ကို ဆူေအာင္တည္ၿပီး အေအးခံလိုက္ပါ။ ၿပီးရင္ ပန္းသီးအရက္ဗင္နီဂါ (စားပြဲတင္ဇြန္း ၂ ဇြန္း) ထည့္ၿပီး ေခါင္းေလွ်ာ္ၿပီးေနာက္ ဆံပင္ေပၚ ေလာင္းခ်လိုက္ပါ။ ေရနဲ႔ ေဆးမခ်ခင္ အခ်ိန္ (၁) မိနစ္ေလာက္ထားလိုက္ရမွာျဖစ္ပါတယ္။

Unicode

ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာသွားစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းများ

ဆံပင်အဖျားနှစ်ခွဖြစ်တာကို မိန်းကလေးတိုင်း ကြုံတွေ့ကြရပါတယ်။ ဆံပင်အဖျားနှစ်ခွတွေက သင့်ဆံသားကို ခြောက်သွေ့ကြမ်းတမ်းပြီး ရှုပ်ပွစေတဲ့အပြင် ဆံပင်သန်စွမ်းတာကိုလည်း ရပ်တန့်စေပါတယ်။ အိမ်မှာ ကိုယ်တိုင်ပြုလုပ်တဲ့ ဆံပင်ပေါင်းတင်ဆေးတွေက ဆံပင်အဖျားနှစ်ခွဖြစ်ပြီး ပျက်စီးတာကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာသွားစေနိုင်ဖို့အတွက် အိမ်တွင်းနည်းလမ်းတချို့နဲ့ လုပ်ကြည့်ဖို့ လိုပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

ဒိန်ချဉ်နဲ့ သံလွင်ဆီ ဆံပင်ပေါင်းတင်နည်း

သံလွင်ဆီက fatty acid ပါဝင်ပြီး ဆံသားရဲ့အစိုဓာတ်ကို ထိန်းပေးကာ ဆံပင်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ကတော့ ဉီးရေပြားက ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့ လက်တစ်အက်ဆစ်ပါဝင်ပါတယ်။ ဉီးရေပြားကျန်းမာမှ ကျန်းမာတဲ့ဆံသားကို ပေးစွမ်းမှာဖြစ်ပါတယ်။ သံလွင်ဆီ (စားပွဲတင်ဇွန်း ၂ ဇွန်း) ကို ဒိန်ချဉ်ခွက်တစ်ဝက်နဲ့ ရောစပ်ပြီး သင့်ဆံသားမှာ လိမ်းလိုက်ပါ။ ပြီးရင် မိနစ် ၂၀ – ၃၀ လောက် ထားပြီးမှ ဆံပင်ကို သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

ကြက်ဉအနှစ်နဲ့ ပျားရည်ဆံပင်ပေါင်းတင်နည်းကြက်ဉအနှစ်နဲ့ ပျားရည်ဆံပင်ပေါင်းတင်နည်း

ပျားရည်က ဆံသားခြောက်သွေ့တာကို ကာကွယ်ပေးပြီး အစိုဓာတ်ထိန်းပေးနိုင်တဲ့ဓာတ်တွေ သဘာဝအလျောက်ပါဝင်ပါတယ်။ ကြက်ဉကတော့ ဆံပင်နှစ်ခွဖြစ်တာဆိုးရွားလာတာကနေ ကာကွယ်ပေးနိုင်တဲ့ အမီနိုအက်ဆစ်ကြွယ်ဝပါတယ်။ ဒီပါဝင်ပစ္စည်းနှစ်မျိုးက ဆံသားပျက်စီးတာကို ပြန်လည်ကောင်းမွန်လာစေပြီး ပြန်လည်နက်မှောင်တောက်ပြောင်လာစေနိုင်ပါတယ်။ သင် လုပ်ဖို့လိုအပ်တာက ကြက်ဉတစ်လုံးရဲ့အနှစ်နဲ့ ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) တို့ကို ရောစပ်ပြီး သင့်ဆံပင်မှာ လိမ်းပေးရမှာပါ။ ခေါင်းလျှော်ရည်အပျော့စားနဲ့ မလျှော်ပစ်ခင် (၁) နာရီလောက် ပေါင်းတင်ထားရမှာဖြစ်ပါတယ်။

အုန်းဆီနဲ့ ကုသနည်း

အုန်းဆီက သင့်ဆံပင်အတွက် အကောင်းဆုံးဆီတွေထဲက တစ်ခုပါ။ အုန်းဆီ ခွက်တစ်ဝက်ကို ၁၅ စက္ကန့်လောက် မိုက်ခရိုဝေ့နဲ့ အပူပေးလိုက်ပြီး ခြောက်သွေ့တဲ့ဆံပင်ကို လိမ်းလိုက်ပါ။ ဆံပင်နှစ်ခွဖြစ်တာကို သက်သာသွားဖို့အတွက် ဉီးရေပြားပေါ်နဲ့ အဖျားတွေကို လိမ်းပေးလို့ရပါတယ်။ သင့်ခေါင်းကို တဘက်နဲ့ ပတ်ထားလိုက်ပြီး အနည်းဆုံး နာရီဝက်အချိန်ပေးလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ပန်းသီးအရက်ဗင်နီဂါနဲ့ ဆံသားကို လောင်းချနည်း

ဗင်နီဂါနဲ့ ဆံသားကို လောင်းချတာက ဆံပင်ကို အရမ်းနူးညံ့စေပါတယ်။ ပန်းသီးအရက်ဗင်နီဂါမှာ အက်စီတစ်အက်ဆစ်ပါဝင်ပြီး ဆံပင်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဆံသားကို သန်မာလာစေပါတယ်။ ရေတစ်ဝက်ခွက်ကို ဆူအောင်တည်ပြီး အအေးခံလိုက်ပါ။ ပြီးရင် ပန်းသီးအရက်ဗင်နီဂါ (စားပွဲတင်ဇွန်း ၂ ဇွန်း) ထည့်ပြီး ခေါင်းလျှော်ပြီးနောက် ဆံပင်ပေါ် လောင်းချလိုက်ပါ။ ရေနဲ့ ဆေးမချခင် အချိန် (၁) မိနစ်လောက်ထားလိုက်ရမှာဖြစ်ပါတယ်။