Unicode
စစ်ကိုင်း တိပိဋက ဆရာတော်က ကလေးဘဝတုန်းက သံချောင်းနဲ့ ခြစ်ပြီး ကစားခဲ့ဖူးတဲ့ ကုသိုလ်ရှင်ကျောက်စာကို ဘာကြောင့် ပြန်ပြင်ခိုင်းတာလဲ?
အဲဒါလေးကိုလေ ခဲလေးသေသေချာချာပြန်သွင်းပြီးတော့, ငါ ကလေးဘဝတုန်းက သံချောင်းလေးနဲ့ ခြစ်ပြီးတော့.. ,အဓိကအားဖြင့် ဒေါ်တင့် ဒေါ်ရွှေ သား မောင်ဘတင် ဆိုတဲ့နေရာလေးလေ, အဲဒါလေးကြည့်လိုက်, ငါ ပြင်မယ် ပြင်မယ် နဲ့ မပြင်ဖြစ်တာ..
ဆရာတော်ဘုရားက စာသင်သား ကလေးဘဝတုန်းက သံချောင်းနဲ့ ခြစ်ပြီး ကစားခဲ့ဖူးတဲ့ ကုသိုလ်ရှင်ကျောက်စာကို ဘာကြောင့် ပြန်ပြင်ခိုင်းတာလဲ? သံဃိကပစ္စည်းဖြစ်လို့ပါပဲ။ ဘုန်းကြီးက ဒီပါဠိတွေ နှလုံးသွင်းမိနေမှာပါပဲ။ (သံဃဿ ဝါ ဂဏဿ ဝါ သန္တကေ လာဘေ ပုဂ္ဂလိကပရိဘောဂံ ဝိယ ပရိဘုဉ္ဇိတွာ ယကေ္ခာ ဝါ ပေတော ဝါ မဟာအဇဂေရာ ဝါ ဟုတြာ နိဗ္ဗတ္တတိ။) (အဋ္ဌသာလိနီအဋ္ဌကထာ)
သံဃာပိုင်ပစ္စည်း/ ဂိုဏ်းပိုင်းပစ္စည်းတွေကို ပုဂ္ဂလိကပိုင်လို လုပ်ချင်သလို လုပ်မရဘူး။ လုပ်ရင် ဘီလူး, ပြိတ္တာ, မြွေ ဖြစ်တတ်တယ်။ ဒါကြောင့် ရှေးရှေးဆရာတော်ကြီးတွေနှင့် ယခုဆရာတော်ကြီးတွေက ကုလားထိုင်တွေ ကြာကြာထိုင်တော့ ကြမ်းခင်းတွေ ပျက်စီးရင် အပြစ်ဖြစ်မှာစိုးရိမ်လို့ ကုလားထိုင်အောက် ခြေမှာ အဝတ်တွေ ပတ်ထားတာ။
ကံတော်, ဉာဏ်တော်, ပါရမီတော်တို့ကို အစဉ် ဦးခိုက်ပါ၏ ဘုရား ။ Credit – Ashin Dhamma