
ေမြးေန႔ပြဲမွာ ေမြးေန႔ကိတ္နဲ႔ မ်က္ႏွာကို သုတ္လိုက္တာဟာ တကယ္ေတာ့ အရမ္းကို အႏၲရာယ္ မ်ားပါတယ္ေနာ္။ ေမြးေန႔ကိတ္က တစ္ထပ္တည္း ဆိုရင္ေတာ့ မ်က္ႏွာကို ကိတ္အလုံးလိုက္နဲ႔ သုတ္လိုက္တာက ကိစၥမရွိပါဘူး။

ေမြးေန႔ကိတ္က ႏွစ္ထပ္၊ သုံးထပ္လိုမ်ိဳး အဆင့္ဆင့္ ျဖစ္ေနမယ္ဆိုရင္ေတာ့ ႏွစ္ခါျပန္ စဥ္းစားသင့္ပါတယ္။ ကိတ္လုပ္သူေတြက အထပ္ထပ္ပါတဲ့ ကိတ္ကို ေနရာမေ႐ြ႕သြားေအာင္ တုတ္ေခ်ာင္းေတြ၊ ပိုက္ေခ်ာင္းေလးေတြနဲ႔ ကိတ္ထဲမွာထည့္ၿပီး ဆက္ထားတတ္ၾကပါတယ္။

ကိတ္နဲ႔ မ်က္ႏွာကို သုတ္ခ်လိုက္တဲ့အခါ အဲဒီကိတ္ထဲမွာ တုတ္က မ်က္လုံးကို ထိုးမိသြားရင္ မေတြးဝံ့စရာပါပဲ။ အမ်ိဳးသမီး တစ္ေယာက္ကေတာ့ သူ႔ေမြးေန႔မွာ မ်က္ႏွာကို ကိတ္နဲ႔ အသုတ္ခံခဲ့ရပါတယ္။

ကံဆိုးခ်င္ေတာ့ ကိတ္ထဲက တုတ္က မ်က္လုံးကို ထိုးမိတာေၾကာင့္ မ်က္လုံးတစ္ဖက္ ဆုံးရႈံးသြားခဲ့ပါတယ္။ အဲဒါေၾကာင့္ သူ႔လိုအျဖစ္မ်ိဳး ေနာက္လူေတြ မျဖစ္ရေလေအာင္ facebook မွာ post တင္ၿပီးေတာ့ သတိေပးခဲ့ပါတယ္။

လူအမ်ားစုကေတာ့ ဒီအခ်က္ကို သတိမထား မိၾကပါဘူး။ တကယ္ေတာ့ ကိတ္နဲ႔ မ်က္ႏွာကို သုတ္လိုက္တာက ေပ်ာ္စရာ မေကာင္းပါဘူး။ ျဖဳန္းတီးရာေရာက္တဲ့အျပင္ မလိုလားအပ္တဲ့ ျပႆနာေတြကိုလည္း ျဖစ္ေစမွာပါ။
Unicode
မွေးနေ့ကိတ်နဲ့ မျက်နှာကို အသုတ်ခံရပြီး မျက်လုံးတစ်ဖက် ဆုံးရှုံးသွားတဲ့အမျိုးသမီး
မွေးနေ့ပွဲမှာ မွေးနေ့ကိတ်နဲ့ မျက်နှာကို သုတ်လိုက်တာဟာ တကယ်တော့ အရမ်းကို အန္တရာယ် များပါတယ်နော်။ မွေးနေ့ကိတ်က တစ်ထပ်တည်း ဆိုရင်တော့ မျက်နှာကို ကိတ်အလုံးလိုက်နဲ့ သုတ်လိုက်တာက ကိစ္စမရှိပါဘူး။

မွေးနေ့ကိတ်က နှစ်ထပ်၊ သုံးထပ်လိုမျိုး အဆင့်ဆင့် ဖြစ်နေမယ်ဆိုရင်တော့ နှစ်ခါပြန် စဉ်းစားသင့်ပါတယ်။ ကိတ်လုပ်သူတွေက အထပ်ထပ်ပါတဲ့ ကိတ်ကို နေရာမရွေ့သွားအောင် တုတ်ချောင်းတွေ၊ ပိုက်ချောင်းလေးတွေနဲ့ ကိတ်ထဲမှာထည့်ပြီး ဆက်ထားတတ်ကြပါတယ်။

ကိတ်နဲ့ မျက်နှာကို သုတ်ချလိုက်တဲ့အခါ အဲဒီကိတ်ထဲမှာ တုတ်က မျက်လုံးကို ထိုးမိသွားရင် မတွေးဝံ့စရာပါပဲ။ အမျိုးသမီး တစ်ယောက်ကတော့ သူ့မွေးနေ့မှာ မျက်နှာကို ကိတ်နဲ့ အသုတ်ခံခဲ့ရပါတယ်။

ကံဆိုးချင်တော့ ကိတ်ထဲက တုတ်က မျက်လုံးကို ထိုးမိတာကြောင့် မျက်လုံးတစ်ဖက် ဆုံးရှုံးသွားခဲ့ပါတယ်။ အဲဒါကြောင့် သူ့လိုအဖြစ်မျိုး နောက်လူတွေ မဖြစ်ရလေအောင် facebook မှာ post တင်ပြီးတော့ သတိပေးခဲ့ပါတယ်။

လူအများစုကတော့ ဒီအချက်ကို သတိမထား မိကြပါဘူး။ တကယ်တော့ ကိတ်နဲ့ မျက်နှာကို သုတ်လိုက်တာက ပျော်စရာ မကောင်းပါဘူး။ ဖြုန်းတီးရာရောက်တဲ့အပြင် မလိုလားအပ်တဲ့ ပြဿနာတွေကိုလည်း ဖြစ်စေမှာပါ။