အိမ္တြင္းသုံး ပစၥည္းမ်ားနဲ႔ နဖူးအေရးအေၾကာင္း ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား

Advertisements

နဖူးေပၚက အေရးအေၾကာင္းေတြကလည္း အသက္အ႐ြယ္ေၾကာင့္ေရာ၊ မ်ိဳး႐ိုးဗီဇအရေရာ၊ ေနေရာင္တိုက္႐ိုက္ထိေတြ႕မႈေၾကာင့္ပါ ေပၚလာရပါတယ္။ အဲဒီလိုအေရးအေၾကာင္းေတြေၾကာင့္ စိတ္ကသိကေအာက္ျဖစ္ေနရပါသလား။ နဖူးေပၚက အေရးအေၾကာင္းကို ေလ်ာ့ပါးသြားေစခ်င္ရင္ေတာ့ သဘာဝအိမ္တြင္းနည္းလမ္းတခ်ိဳ႕ကလည္း အကူအညီေပးႏိုင္ပါတယ္။ သင္ တစ္ေန႔တာ အသုံးျပဳေပးႏိုင္တဲ့ အိမ္တြင္းနည္းလမ္းနဲ႔ နဖူးအေရးအေၾကာင္းေတြကို ဖယ္ရွားေပးဖို႔ လိုပါတယ္။ ဘယ္လိုအိမ္တြင္းနည္းလမ္းေတြက သင့္ကို အကူအညီေပးႏိုင္လဲဆိုတာ ၾကည့္လိုက္ရေအာင္..။

ငွက္ေပ်ာသီးနဲ႔ အသားေရထိန္းသိမ္းျခင္း

ငွက္ေပ်ာသီးက အသားေရထိန္းသိမ္းဖို႔အတြက္ ေကာင္းမြန္ပါတယ္။ အထူးသျဖင့္ နဖူးက အသားေရကိုပါ။ ငွက္ေပ်ာသီးမွာ အသားေရကို က်န္းမာေစတဲ့ ဗီတာမင္ဓာတ္ေတြ၊ သဘာဝအဆီအႏွစ္ေတြ ပါဝင္ပါတယ္။ သင္လုပ္ေပးဖို႔လိုအပ္တာက ငွက္ေပ်ာသီးတစ္လုံးရဲ႕ (၄) ပုံ (၁) ပုံကို အႏွစ္ျဖစ္သြားတဲ့အထိ ေခ်မြလိုက္ပါ။ အဲဒီေနာက္ သင့္ႏွဖူးေပၚ ငွက္ေပ်ာအႏွစ္ေတြကို လိမ္းေပးၿပီး (၁၅) မိနစ္ – မိနစ္ ၂၀ ေလာက္ထားလိုက္ပါ။ အဲဒီေနာက္ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္လိုက္႐ုံပါပဲ။ သင့္ႏွဖူးက ပိုၿပီးေခ်ာေမြ႕လာတာ၊ ေရဓာတ္ျပည့္ဝလာတာကို ခံစားရပါလိမ့္မယ္။

အခ်ဥ္ဓာတ္ပါတဲ့အသီးနဲ႔ အသားေရထိန္းသိမ္းျခင္း

အခ်ဥ္ဓာတ္ပါနဲ႔အသီးေတြက ဗီတာမင္ အီနဲ႔ စီဓာတ္ႂကြယ္ဝတဲ့အတြက္ သင့္အသားေရကို ႏူးညံ့ေခ်ာေမြ႕လာေစတဲ့အျပင္ အသားေရက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ သံပ႐ိုသီး၊ လိေမၼာ္သီးအစရွိတဲ့ ခ်ဥ္ဓာတ္ပါတဲ့အသီးေတြထဲက သင္ႀကိဳက္ႏွစ္သက္တဲ့အသီးကိုေ႐ြးခ်ယ္ၿပီး ႏွဖူးေပၚ တိုက္႐ိုက္ပြတ္လိမ္းေပးၿပီး မ်က္ႏွာမသစ္ခင္ (၁၀) မိနစ္ေလာက္ ဒီအတိုင္းထားလိုက္ပါ။ သင့္ကို ေကာင္းတဲ့ရလဒ္ကို ေပးစြမ္းပါလိမ့္မယ္။

သဘာဝအဆီနဲ႔ အသားေရထိန္းသိမ္းျခင္း

အုန္းဆီနဲ႔ သံလြင္ဆီႏွစ္မ်ိဳးလုံးက အသားေရကို ေရဓာတ္ျဖည့္ေပးျခင္းျဖင့္ အသားေရကို က်စ္လ်စ္တင္းရစ္လာေစႏိုင္ပါတယ္။ ေျခာက္ေသြ႕တဲ့အသားေရက အေရးအေၾကာင္းေတြ ပိုျဖစ္ေစပါတယ္။ သင့္နဖူးမွာ ေရဓာတ္ျဖည့္ေပးမယ္ဆိုရင္ အေရးအေၾကာင္းေတြ ေလ်ာ့ပါးသြားၿပီး အသားေရက်စ္လ်စ္လာေစမွာျဖစ္ပါတယ္။ အိပ္ရာမဝင္ခင္ မ်က္ႏွာသစ္ၿပီးရင္ သံလြင္ဆီ (သို႔) အုန္းဆီကို လိမ္းေပးပါ။ အေရျပားမွာ ကပ္ေစးေစးမျဖစ္ေတာ့တဲ့အထိ ပြတ္ၿပီး ႏွိပ္နယ္ေပးပါ။ သံလြင္ဆီနဲ႔ အုန္းဆီ (၂) မ်ိဳးလုံးေရာစပ္ၿပီး လိမ္းေပးလို႔လည္း ရပါတယ္။

ၾကက္ဥအကာ

ၾကက္ဥအကာကလည္း ႏွဖူးက အေရျပားကို ေကာင္းမြန္ေစႏိုင္စြမ္းရွိပါတယ္။ ဒါေပမဲ့ ၾကက္ဥအကာခ်ည္း လိမ္းမဲ့အစား ၾကက္ဥအကာနဲ႔ပ်ားရည္တို႔ကို ေရာစပ္ႏိုင္ပါတယ္။ ႏွဖူးမွာ အဲဒီအေရာအေႏွာကို လိမ္းေပးတာက သင့္ႏွဖူးအေရးအေၾကာင္းကို ေလ်ာ့ပါးသြားေစတဲ့အျပင္ အသားေရကိုလည္း ၾကည္လင္လာေအာင္ ကူညီေပးႏိုင္ပါတယ္။ ပန္းကန္လုံးတစ္လုံးထဲကို ၾကက္ဥတစ္လုံးရဲ႕အကာနဲ႔ အတူ ပ်ားရည္ (စားပြဲတင္ဇြန္း ၁ ဇြန္း) တို႔ကို ေရာစပ္ၿပီး ႏွဖူးေပၚလိမ္းေပးပါ။ မ်က္ႏွာတစ္ခုလုံးလိမ္းေပးခ်င္ရင္လည္း ရပါတယ္။ ေရေအးနဲ႔မ်က္ႏွာမသစ္ခင္ (၁၅) မိနစ္ေလာက္ ၾကက္ဥအကာပ်ားရည္အေရာအေႏွာနဲ႔ မ်က္ႏွာေပါင္းတင္ေပးထားလိုက္႐ုံပါပဲ။

Unicode

အိမ်တွင်းသုံး ပစ္စည်းများနဲ့ နဖူးအရေးအကြောင်း လျှော့ချနိုင်မယ့် နည်းလမ်းကောင်းများ

နဖူးပေါ်က အရေးအကြောင်းတွေကလည်း အသက်အရွယ်ကြောင့်ရော၊ မျိုးရိုးဗီဇအရရော၊ နေရောင်တိုက်ရိုက်ထိတွေ့မှုကြောင့်ပါ ပေါ်လာရပါတယ်။ အဲဒီလိုအရေးအကြောင်းတွေကြောင့် စိတ်ကသိကအောက်ဖြစ်နေရပါသလား။ နဖူးပေါ်က အရေးအကြောင်းကို လျော့ပါးသွားစေချင်ရင်တော့ သဘာဝအိမ်တွင်းနည်းလမ်းတချို့ကလည်း အကူအညီပေးနိုင်ပါတယ်။ သင် တစ်နေ့တာ အသုံးပြုပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းနဲ့ နဖူးအရေးအကြောင်းတွေကို ဖယ်ရှားပေးဖို့ လိုပါတယ်။ ဘယ်လိုအိမ်တွင်းနည်းလမ်းတွေက သင့်ကို အကူအညီပေးနိုင်လဲဆိုတာ ကြည့်လိုက်ရအောင်..။

ငှက်ပျောသီးနဲ့ အသားရေထိန်းသိမ်းခြင်း

ငှက်ပျောသီးက အသားရေထိန်းသိမ်းဖို့အတွက် ကောင်းမွန်ပါတယ်။ အထူးသဖြင့် နဖူးက အသားရေကိုပါ။ ငှက်ပျောသီးမှာ အသားရေကို ကျန်းမာစေတဲ့ ဗီတာမင်ဓာတ်တွေ၊ သဘာဝအဆီအနှစ်တွေ ပါဝင်ပါတယ်။ သင်လုပ်ပေးဖို့လိုအပ်တာက ငှက်ပျောသီးတစ်လုံးရဲ့ (၄) ပုံ (၁) ပုံကို အနှစ်ဖြစ်သွားတဲ့အထိ ချေမွလိုက်ပါ။ အဲဒီနောက် သင့်နှဖူးပေါ် ငှက်ပျောအနှစ်တွေကို လိမ်းပေးပြီး (၁၅) မိနစ် – မိနစ် ၂၀ လောက်ထားလိုက်ပါ။ အဲဒီနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။ သင့်နှဖူးက ပိုပြီးချောမွေ့လာတာ၊ ရေဓာတ်ပြည့်ဝလာတာကို ခံစားရပါလိမ့်မယ်။

အချဉ်ဓာတ်ပါတဲ့အသီးနဲ့ အသားရေထိန်းသိမ်းခြင်း

အချဉ်ဓာတ်ပါနဲ့အသီးတွေက ဗီတာမင် အီနဲ့ စီဓာတ်ကြွယ်ဝတဲ့အတွက် သင့်အသားရေကို နူးညံ့ချောမွေ့လာစေတဲ့အပြင် အသားရေကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သံပရိုသီး၊ လိမ္မော်သီးအစရှိတဲ့ ချဉ်ဓာတ်ပါတဲ့အသီးတွေထဲက သင်ကြိုက်နှစ်သက်တဲ့အသီးကိုရွေးချယ်ပြီး နှဖူးပေါ် တိုက်ရိုက်ပွတ်လိမ်းပေးပြီး မျက်နှာမသစ်ခင် (၁၀) မိနစ်လောက် ဒီအတိုင်းထားလိုက်ပါ။ သင့်ကို ကောင်းတဲ့ရလဒ်ကို ပေးစွမ်းပါလိမ့်မယ်။

သဘာဝအဆီနဲ့ အသားရေထိန်းသိမ်းခြင်း

အုန်းဆီနဲ့ သံလွင်ဆီနှစ်မျိုးလုံးက အသားရေကို ရေဓာတ်ဖြည့်ပေးခြင်းဖြင့် အသားရေကို ကျစ်လျစ်တင်းရစ်လာစေနိုင်ပါတယ်။ ခြောက်သွေ့တဲ့အသားရေက အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။ သင့်နဖူးမှာ ရေဓာတ်ဖြည့်ပေးမယ်ဆိုရင် အရေးအကြောင်းတွေ လျော့ပါးသွားပြီး အသားရေကျစ်လျစ်လာစေမှာဖြစ်ပါတယ်။ အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီးရင် သံလွင်ဆီ (သို့) အုန်းဆီကို လိမ်းပေးပါ။ အရေပြားမှာ ကပ်စေးစေးမဖြစ်တော့တဲ့အထိ ပွတ်ပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီနဲ့ အုန်းဆီ (၂) မျိုးလုံးရောစပ်ပြီး လိမ်းပေးလို့လည်း ရပါတယ်။

ကြက်ဥအကာ

ကြက်ဥအကာကလည်း နှဖူးက အရေပြားကို ကောင်းမွန်စေနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကြက်ဥအကာချည်း လိမ်းမဲ့အစား ကြက်ဥအကာနဲ့ပျားရည်တို့ကို ရောစပ်နိုင်ပါတယ်။ နှဖူးမှာ အဲဒီအရောအနှောကို လိမ်းပေးတာက သင့်နှဖူးအရေးအကြောင်းကို လျော့ပါးသွားစေတဲ့အပြင် အသားရေကိုလည်း ကြည်လင်လာအောင် ကူညီပေးနိုင်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲကို ကြက်ဥတစ်လုံးရဲ့အကာနဲ့ အတူ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) တို့ကို ရောစပ်ပြီး နှဖူးပေါ်လိမ်းပေးပါ။ မျက်နှာတစ်ခုလုံးလိမ်းပေးချင်ရင်လည်း ရပါတယ်။ ရေအေးနဲ့မျက်နှာမသစ်ခင် (၁၅) မိနစ်လောက် ကြက်ဥအကာပျားရည်အရောအနှောနဲ့ မျက်နှာပေါင်းတင်ပေးထားလိုက်ရုံပါပဲ။