
ေန႔စဥ္သုံး တကိုယ္ရည္ ပစၥည္းေတြကို တေယာက္တည္းသုံးတာ အေကာင္းဆုံးပါပဲ။ တျခားသူေတြနဲ႔ မွ်သုံးတဲ့အခါ က်န္းမာေရးကို ထိခိုက္လာေစႏိုင္ပါတယ္ေနာ္ …။
၁။ လက္သည္းညႇပ္

လက္သည္းေပၚက ဘက္တီးရီးယားေတြ၊ မႈိေတြ၊ ဗိုင္းရပ္စ္ေတြကို သာမန္မ်က္လုံးနဲ႔ ျမင္ရဖို႔ မလြယ္ပါဘူး။ အဲဒါေၾကာင့္ လက္သည္းညႇပ္ကို တစ္ေယာက္ကို တခုပဲသုံးတာက အေကာင္းဆုံး ျဖစ္ပါတယ္ …။
၂။ နားကပ္

နားမွာ ေသြးေၾကာေတြ အမ်ားႀကီးရွိပါတယ္။ နားကပ္ကေနလည္း ေရာဂါေတြ ကူးစက္ႏိုင္တာေၾကာင့္ သူငယ္ခ်င္းရဲ႕နားကပ္ကို ခဏတပ္မယ္ဆိုရင္ အရက္ျပန္နဲ႔ သုတ္ၿပီးမွသာ တပ္သင့္ပါတယ္ …။
၃။ ႏႈတ္ခမ္းနီ

ႏႈတ္ခမ္းေပၚမွာလည္း ေသြးေၾကာေလးေတြ အမ်ားႀကီးရွိပါတယ္။ ႏႈတ္ခမ္းနီကို တစ္ေယာက္တစ္လွည့္စီ သုံးတဲ့အခါ ေရယုန္လို ဗိုင္းရပ္စ္ေတြ ကူးစက္ႏိုင္ပါတယ္ …။
၄။ မ်က္ခုံးရိတ္သည့္ ဇာဂနာ

ဇာဂနာကလည္း အသည္းေရာင္အသားဝါ C ပိုးကို သယ္ေဆာင္လာေပးႏိုင္ပါတယ္။ အဲဒါေၾကာင့္ တျခားသူေတြရဲ႕ ဇာဂနာကို သုံးေတာ့မယ္ဆိုရင္ အရက္ျပန္နဲ႔ ပြတ္ၿပီးမွ အသုံးျပဳသင့္ပါတယ္ …။
၅။ ေခြၽးနံ႔ေပ်ာက္ေဆး

ခ်ိဳင္းကို ရိတ္ၿပီးတဲ့အခါ အနာတရေသးေသးေလးေတြ ျဖစ္တတ္ပါတယ္။ အဲဒီအခါ ေခြၽးနံ႔ေပ်ာက္ေဆးက ေရာဂါေတြကို သယ္ေဆာင္လာေပးႏိုင္ပါတယ္။ ေခြၽးနံ႔ေပ်ာက္ေဆးက အနံ႔ကိုသာ ကာကြယ္ေပးႏိုင္ၿပီး ဘက္တီးရီးယားေတြကိုေတာ့ မကာကြယ္ေပးႏိုင္ပါဘူး။ အဲဒါေၾကာင့္ ေခြၽးနံ႔ေပ်ာက္ေဆးဝယ္မယ္ဆိုရင္ ဘက္တီးရီးယားေတြကို ကာကြယ္ေပးတဲ့ ေခြၽးနံ႔ေပ်ာက္ေဆးကိုသာ ေ႐ြးခ်ယ္သင့္ပါတယ္။ ၿပီးေတာ့ ေခြၽးနံ႔ေပ်ာက္ေဆးကို အမ်ားနဲ႔ မွ်မသုံးသင့္ပါဘူးေနာ္ …။
၆။ ဆပ္ျပာခဲ

ဆပ္ျပာကို အသုံးျပဳၿပီးတဲ့အခါ ဆပ္ျပာခဲေပၚမွာ အႏၲရာယ္မရွိတဲ့ ဗိုင္းရပ္စ္ပိုးေတြေရာ အႏၲရာယ္ရွိတဲ့ ဗိုင္းရပ္စ္ပိုးေတြပါ ရွိေနႏိုင္ပါတယ္။ ေရအစိုဓါတ္က ဘက္တီးရီးယားေတြ၊ မႈိေတြကို ပိုၿပီးေပါက္ဖြားေစပါတယ္။ အဲဒါေၾကာင့္ ဆပ္ျပာခဲအစား ဆပ္ျပာရည္ကို ပိုၿပီးေ႐ြးခ်ယ္သင့္ပါတယ္ …။
၇။ ေခါင္းဘီး

ေခါင္းဘီးကို တျခားသူေတြနဲ႔ လုံးဝမွ်မသုံးသင့္ပါဘူး။ သန္းေတြ၊ အနာေဖးေတြက ေခါင္းဘီးမွာ ကပ္ေနႏိုင္လို႔ပါပဲ …။
၈။ တဘက္

ေရခ်ိဴးခန္းထဲမွာ တဘက္အစိုကို လွမ္းထားခဲ့တာက ေရာဂါပိုးေတြကို ပိုၿပီး ေပါက္ဖြားေစပါတယ္။ တဘက္က မႈိေစာ္နံေနၿပီဆိုရင္ က်န္းမာေရးကို ထိခိုက္လာေစႏိုင္ပါတယ္။ တဘက္ကို မွ်သုံးျခင္းက ယားနာ၊ ဝက္ၿခံနဲ႔ အျခားေရာဂါေတြကိုလည္း ကူးစက္ေစပါတယ္ …။
၉။ ေရျမႇဳပ္

ေရျမႇဳပ္က စိုထိုင္းေနတဲ့အခါ ဘက္တီးရီးယားေတြ ပိုၿပီးေပါက္ဖြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဆပ္ျပာတိုက္ေရျမႇဳပ္ကို သုံးၿပီးရင္ ေျခာက္ေသြ႕ေအာင္ ျပဳလုပ္သင့္ပါတယ္ေနာ္ …။
၁၀။ Makeup brush

Makeup brush က မ်က္ႏွာအႏွံ႔ကို ထိေတြ႕ရတာေၾကာင့္ တျခားသူေတြနဲ႔ အတူတူသုံးတဲ့အခါ ဘက္တီးရီးယားေတြ ကူးစက္လာႏိုင္ပါတယ္။ Makeup brush မွ မဟုတ္ပါဘူး။ တျခား makeup ပစၥည္းေတြျဖစ္တဲ့ eyeliner, eyeshadow, mascara, concealer စတဲ့ပစၥည္းေတြကိုလည္း တျခားသူေတြနဲ႔ မွ်ၿပီး မသုံးသင့္ပါဘူး …။
၁၁။ Earphone

Earphoneကို တျခားသူေတြနဲ႔ အတူတူမွ်သုံးတာက နားထဲမွာ ဘက္တီးရီးယားေတြကို ေပါက္ပြားေစပါတယ္။ အဲဒီကေန နားနဲ႔ဆိုင္တဲ့ ကူးစက္ေရာဂါေတြ ျဖစ္ေစႏိုင္ပါတယ္။ Earphone ကို တစ္ေယာက္တည္းသုံးတာက အေကာင္းဆုံးပါပဲေနာ္ …။
Unicode
အခြားသူတွေနဲ့ ဝေမျှမသုံးသင့်တဲ့ တကိုယ်ရည်သုံးပစ္စည်း (၁၁)မျိုး
နေ့စဉ်သုံး တကိုယ်ရည် ပစ္စည်းတွေကို တယောက်တည်းသုံးတာ အကောင်းဆုံးပါပဲ။ တခြားသူတွေနဲ့ မျှသုံးတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်နော် …။
၁။ လက်သည်းညှပ်

လက်သည်းပေါ်က ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ဗိုင်းရပ်စ်တွေကို သာမန်မျက်လုံးနဲ့ မြင်ရဖို့ မလွယ်ပါဘူး။ အဲဒါကြောင့် လက်သည်းညှပ်ကို တစ်ယောက်ကို တခုပဲသုံးတာက အကောင်းဆုံး ဖြစ်ပါတယ် …။
၂။ နားကပ်

နားမှာ သွေးကြောတွေ အများကြီးရှိပါတယ်။ နားကပ်ကနေလည်း ရောဂါတွေ ကူးစက်နိုင်တာကြောင့် သူငယ်ချင်းရဲ့နားကပ်ကို ခဏတပ်မယ်ဆိုရင် အရက်ပြန်နဲ့ သုတ်ပြီးမှသာ တပ်သင့်ပါတယ် …။
၃။ နှုတ်ခမ်းနီ

နှုတ်ခမ်းပေါ်မှာလည်း သွေးကြောလေးတွေ အများကြီးရှိပါတယ်။ နှုတ်ခမ်းနီကို တစ်ယောက်တစ်လှည့်စီ သုံးတဲ့အခါ ရေယုန်လို ဗိုင်းရပ်စ်တွေ ကူးစက်နိုင်ပါတယ် …။
၄။ မျက်ခုံးရိတ်သည့် ဇာဂနာ

ဇာဂနာကလည်း အသည်းရောင်အသားဝါ C ပိုးကို သယ်ဆောင်လာပေးနိုင်ပါတယ်။ အဲဒါကြောင့် တခြားသူတွေရဲ့ ဇာဂနာကို သုံးတော့မယ်ဆိုရင် အရက်ပြန်နဲ့ ပွတ်ပြီးမှ အသုံးပြုသင့်ပါတယ် …။
၅။ ချွေးနံ့ပျောက်ဆေး

ချိုင်းကို ရိတ်ပြီးတဲ့အခါ အနာတရသေးသေးလေးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ချွေးနံ့ပျောက်ဆေးက ရောဂါတွေကို သယ်ဆောင်လာပေးနိုင်ပါတယ်။ ချွေးနံ့ပျောက်ဆေးက အနံ့ကိုသာ ကာကွယ်ပေးနိုင်ပြီး ဘက်တီးရီးယားတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ အဲဒါကြောင့် ချွေးနံ့ပျောက်ဆေးဝယ်မယ်ဆိုရင် ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ ချွေးနံ့ပျောက်ဆေးကိုသာ ရွေးချယ်သင့်ပါတယ်။ ပြီးတော့ ချွေးနံ့ပျောက်ဆေးကို အများနဲ့ မျှမသုံးသင့်ပါဘူးနော် …။
၆။ ဆပ်ပြာခဲ

ဆပ်ပြာကို အသုံးပြုပြီးတဲ့အခါ ဆပ်ပြာခဲပေါ်မှာ အန္တရာယ်မရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေရော အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေပါ ရှိနေနိုင်ပါတယ်။ ရေအစိုဓါတ်က ဘက်တီးရီးယားတွေ၊ မှိုတွေကို ပိုပြီးပေါက်ဖွားစေပါတယ်။ အဲဒါကြောင့် ဆပ်ပြာခဲအစား ဆပ်ပြာရည်ကို ပိုပြီးရွေးချယ်သင့်ပါတယ် …။
၇။ ခေါင်းဘီး

ခေါင်းဘီးကို တခြားသူတွေနဲ့ လုံးဝမျှမသုံးသင့်ပါဘူး။ သန်းတွေ၊ အနာဖေးတွေက ခေါင်းဘီးမှာ ကပ်နေနိုင်လို့ပါပဲ …။
၈။ တဘက်

ရေချိူးခန်းထဲမှာ တဘက်အစိုကို လှမ်းထားခဲ့တာက ရောဂါပိုးတွေကို ပိုပြီး ပေါက်ဖွားစေပါတယ်။ တဘက်က မှိုစော်နံနေပြီဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ တဘက်ကို မျှသုံးခြင်းက ယားနာ၊ ဝက်ခြံနဲ့ အခြားရောဂါတွေကိုလည်း ကူးစက်စေပါတယ် …။
၉။ ရေမြှုပ်

ရေမြှုပ်က စိုထိုင်းနေတဲ့အခါ ဘက်တီးရီးယားတွေ ပိုပြီးပေါက်ဖွားနိုင်ပါတယ်။ အဲဒါကြောင့် ဆပ်ပြာတိုက်ရေမြှုပ်ကို သုံးပြီးရင် ခြောက်သွေ့အောင် ပြုလုပ်သင့်ပါတယ်နော် …။
၁၀။ Makeup brush

Makeup brush က မျက်နှာအနှံ့ကို ထိတွေ့ရတာကြောင့် တခြားသူတွေနဲ့ အတူတူသုံးတဲ့အခါ ဘက်တီးရီးယားတွေ ကူးစက်လာနိုင်ပါတယ်။ Makeup brush မှ မဟုတ်ပါဘူး။ တခြား makeup ပစ္စည်းတွေဖြစ်တဲ့ eyeliner, eyeshadow, mascara, concealer စတဲ့ပစ္စည်းတွေကိုလည်း တခြားသူတွေနဲ့ မျှပြီး မသုံးသင့်ပါဘူး …။
၁၁။ Earphone

Earphoneကို တခြားသူတွေနဲ့ အတူတူမျှသုံးတာက နားထဲမှာ ဘက်တီးရီးယားတွေကို ပေါက်ပွားစေပါတယ်။ အဲဒီကနေ နားနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ Earphone ကို တစ်ယောက်တည်းသုံးတာက အကောင်းဆုံးပါပဲနော် …။ ။