Advertisements
(၂) အချိုလုံးဝမစားရ
(၃) ရေသောက်ဖို့
(၄) အိပ်ရေးဝခြင်း
(၅) တစ်နေ့တာရဲ့မိနစ်၃၀
(၆) HIIT
(၇) Cardio
Unicode
( ၂ ) ပတ်အတွင်း သိသိသာသာဝိတ်ကျစေဖို့အတွက် ဆောင်ရွက်သင့်တဲ့ အချက် ၇ ချက်
၂ ပတ်အတွင်း ကိုယ်အလေးချိန်သိသိသာသာ ကျစေနိုင်မယ့် နည်းလမ်းလေးတွေကို Reader’s Digest မှ ကိုးကားပြီးဖော်ပြပေးလိုက်ပါတယ်။
(၁) အတတ်နိုင်ဆုံး ကယ်လိုရီလျှော့ချပါ
အဓိက ထမင်း၊ ပေါင်မုန့်ဖြူ၊ ဆီကြော်နဲ့ အပြင်စာတွေကို လုံးဝဖြတ်လိုက်ပါ။ တတ်နိုင်ရင် အသီးနဲ့ အရွက်ပြုတ်၊ သုပ်တွေ၊ အသားပြုတ်တွေကိုပဲ စားပေးပါ။
(၂) အချိုလုံးဝမစားရ
သကြားလုံးကစလို့ အအေး၊ အချိုမုန့်တွေကို လုံးဝရှောင်ကျဉ်ပေးပါ။
(၃) ရေသောက်ဖို့
မနက်အိပ်ယာထတာနဲ့ သံပုရာသီးညှစ်ထည့်ထားတဲ့ရေ တစ်ဖန်ခွက်ကိုသောက်ပါ။ နောက် တစ်နေ့ကို ရေ ၆၄ အောင်စပဲသောက်ပါတဲ့။ ဒါဟာ ရေ ၂ လီတာခန့်ရှိပါတယ်။ ဒီထက်နည်းလို့တော့မရဘူးနော်။
(၄) အိပ်ရေးဝခြင်း
တစ်နေ့ကို ၇ နာရီအနည်းဆုံးထားပြီး အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ခြင်းကြောင့် အချိုစားချင်တဲ့ဟော်မုန်းတွေ ဖြစ်လာနိုင်တဲ့အတွက် စားမိနိုင်သလို မစားလည်းဘဲ ဝလာတတ်ပါတယ်။ ဒီအပြင် လေ့ကျင့်ခန်းလုပ်တဲ့လူဆိုရင် အိပ်ရေးမဝရင် ကြွက်သားတည်ဆောက်ရာမှာ အထောက်ကူဖြစ်စေမှာမဟုတ်ပါဘူး။
(၅) တစ်နေ့တာရဲ့မိနစ်၃၀
အနည်းဆုံးသင့်တစ်နေ့တာရဲ့ မိနစ် ၃၀ ကိုတော့ လေ့ကျင့်ခန်းပြင်းြပ်ငးထန်ထန်လုပ်ပေးရပါမယ်။ ဒါပေမဲ့ လုံလောက်ဖို့အတွက်ဆိုရင်တော့ အနည်းဆုံး ၁ နာရီမှ ၄ နာရီအထိ လေ့ကျင့်ခန်းလုပ်ပေးရမှာပါ။ အစားပဲလျှော့ပြီး လေ့ကျင့်ခန်းမလုပ်ရင် အသားအရေတွေ ပျော့တွဲပြီး အချိုးမကျဖြစ်နိုင်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်မလဲဆိုတော့.. …
(၆) HIIT
High-intensity interval training လို့ခေါ်တဲ့ HIIT ဟာ ကိုယ်အလေးချိန်အမြန်ဆုံးကျချင်တဲ့လူူတွေအတွက်တော့ သိပ်ကို အကျိုးသက်ရောက်မှုရှိနေပါတယ်။ YouTube မှာ “30 minutes HIIT Training” လို့ရိုက်ထည့်ြ့ပီး ကြိုက်ရာကို ကစားနိုင်ပါတယ်။ ဒါကတော့ နမူနာဗီဒီယိုပါ။
(၇) Cardio
HIIT အပြင် အဆီတွေကျစေဖို့အတွက်ဆိုရင် cardio ကိုလည်း မမေ့သင့်ပါဘူး။ ဒီနှစ်မျိုးလုံးကတော့ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့အဆီတွေကို တစ်ခါတည်းကျစေမယ့် whole body work-out နည်းလမ်းတွေပဲဖြစ်ပါတယ်။