
မနာလိုမႈဆိုတာ တကယ္ေတာ့ အဆိပ္အေတာက္တစ္ခုပါပဲ။ ကိုယ့္ကိုကိုယ္လည္း အဆိပ္မိေစႏိုင္သလို တျခားသူေတြကိုလည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။ မစၦရိယ ဆိုတာက မလိုစိတ္၊ ႏွေျမာတြန႔္တို၊ မေပးမကမ္းခ်င္တဲ့စိတ္လို႔ အလြယ္ဆိုေပမယ့္ မစၦရိယဆိုတာ အလြန္တရာမွ ေၾကာက္ဖို႔ေကာင္းတဲ့အရာပါတဲ့။
မနာလိုစိတ္ မစၦရိယစိတ္ေတြေၾကာင့္ ဆက္ဆံေရးေတြပ်က္ျပားရသလို လူမုန္းလည္းခံရတတ္ပါတယ္။ သင္ကိုယ္တိုင္က မနာ လိုမႈကို ထိန္းခ်ဳပ္ႏိုင္ေပမယ့္ သင့္ကို အသားလြတ္ႀကီး မနာလိုလိုက္ျဖစ္ေနတဲ့သူေတြေၾကာင့္ေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္ႏိုင္ပါတယ္။ တခါတေလ ကိုယ့္ကို မနာလိုျဖစ္ေနတယ္လို႔ခံစားၾကတတ္ေပမယ့္ မေသခ်ာလို႔ လ်စ္လ်ဴရႈထားတတ္ၾကပါတယ္။ ဒါေၾကာင့္သင့္ကို မနာလိုျဖစ္ေနတယ္ဆိုတာ ဘယ္လိုသိႏိုင္မလဲ?ဒါေတြကို ဘယ္လိုေက်ာ္လႊားမလဲဆိုတာေဖာ္ျပေပးလိုက္ပါတယ္။
၁။ ဟန္ေဆာင္ခ်ီးမြမ္းမယ္

သင္ေကာင္းတာတခုခုလုပ္လိုက္ရင္ သင့္ကိုခ်ီးမြမ္းပါလိမ့္မယ္။ ပထမဆုံးလာၿပီး ခ်ီးမြမ္းသူေတာင္ ျဖစ္ခ်င္ျဖစ္ေနပါလိမ့္မယ္။ စိတ္ရင္းမွန္နဲ႔ခ်ီးမြမ္းတဲ့ပုံစံမ်ိဳးနဲ႔ျဖစ္ေပမယ့္ သူတို႔က သင့္ကို အႀကီးႀကီးခ်ီးက်ဴးပီးေနာက္ဆုံးျပန္ျပဳတ္က်ဖို႔ အလိုရွိေနတတ္ၾကပါတယ္။ ဒီလိုအခ်ိန္မွာ သူတို႔အသံနဲ႔အသုံးအႏႈံးေတြကို သတိထားၿပီးနားေထာင္ပါ။ ဂ႐ုျပဳပါ။ သင္အခန္းထဲက ထြက္သြားတာနဲ႔ သူတို႔မ်က္လုံးေတြက ေလွာင္ေျပာင္သလို သေရာ္သလို ပုံစံျဖစ္ေနတတ္ပါတယ္။ ဒါေတြကို ေျဖရွင္းဖို႔ဆို သင့္ကိုမနာလိုတာကိုသိထားရင္ေတာင္ သူတို႔ ေကာင္းတာတခုခုလုပ္ရင္ သင့္ဘက္က စိတ္ရင္းမွန္နဲ႔လႈိက္လႈိက္လွဲလွဲ ခ်ီးမြမ္းေပးပါ။ သင္ဟာ သူတို႔အတြက္ စစ္မွန္တဲ့လူဆိုတာကိုျပပါ။ ဒါဟာ သူတို႔ရဲ႕မနာလိုမႈကို သူတို႔ဘာသာျပန္ထိန္းဖို႔ကူညီေပးပါလိမ့္မယ္။
၂။ သင့္ေအာင္ျမင္မႈေတြကိုလိုက္ဖ်က္တယ္။

ဟန္ေဆာင္ခ်ီးမြမ္းျခင္းနဲ႔အတူ တျခားတစ္ဖက္မွာလည္း သင့္ကို မနာမစၦရိယပြားေနတဲ့တစုံတစ္ေယာက္က သင့္ေအာင္ျမင္မႈေတြ အေၾကာင္းၾကားရင္ သင္အလုံအေလာက္မႀကိဳးစားနိင္ေအာင္ နည္းမ်ိဳးစုံနဲ႔ေႏွာင့္ယွက္ေနတတ္ပါေသးတယ္။ သင္ဘယ္ေလာက္ပဲ ႀကိဳးစားၿပီး ေအာင္ျမင္ေအာင္ လုပ္ခဲ့ပါေစ မနာလိုတဲ့သူေတြက သူတို႔လုပ္ခဲ့ဖူးတဲ့အမွားေတြနဲ႔တူေအာင္ သင့္ကို ပုံဖ်က္ဖို႔အၿမဲႀကိဳးစားေနပါလိမ့္မယ္။ ေနာက္ဆုံးသူတို႔ သုံးတတ္တာကေတာ့ ႐ိုင္းစိုင္းျခင္း သို႔မဟုတ္ ကဲ့ရဲ႕ ရႈတ္ခ်ျခင္းတို႔လည္းျဖစ္တတ္ပါတယ္။ မနာလိုစိတ္ရွိသူအမ်ားစုဟာ သင္ပိုင္ဆိုင္ထားသမွ်ကို လိုအပ္ေနသူေတြ လိုခ်င္ေနသူေတြျဖစ္တတ္ပါတယ္။ ဒီေတာ့ သင္လုပ္ရမွာက ႏွိမ့္ခ်မႈရွိပါ သင္သာႂကြားဝါလိုက္မယ္ဆို သင့္ကို ပိုမနာလိုျဖစ္ပီး နည္းအမ်ိဳးမ်ိဳးနဲ႔ ဒုကၡေပးႏိုင္ပါတယ္။
၃။ သူတို႔ရဲ႕ေအာင္ျမင္မႈေတြသင့္အေပၚလႊမ္းမိုးဖို႔လုပ္မယ္။

သင့္ကိုမနာလိုတဲ့သူတစ္ဦးက သူတို႔ရဲ႕ေအာင္ျမင္မႈေတြကို သင္လက္ခံဖို႔ သင့္ကိုလႊမ္းမိုးဖို႔ ႀကိဳးစားတတ္ပါတယ္။ သူတို႔ေအာင္ျမင္မႈဟာ မွားေနတဲ့ မတရားတဲ့ ေအာင္ျမင္မႈႀကီးျဖစ္ခဲ့ရင္ေတာင္မွေပါ့။ ေျပာရရင္ သင့္ကို ဂုဏ္ျပဳပြဲက်င္းပေနတဲ့အခ်ိန္မ်ိဳးမွာေတာင္ သူတို႔ရဲ႕မေအာင္ျမင္မႈေတြကို မိုးတစ္လုံးေလတစ္လုံးနဲ႔ လာေရာက္ဝင့္ႂကြားေနႏိုင္ပါတယ္။ ေျပာရရင္ သူမ်ားWeedingမွာ သူကဘယ္လိုလူနဲ႔ေစ့စပ္ေတာ့မယ္ဆိုတာမ်ိဳးေပါ့။ အဲ့ဒီလိုလူမ်ိဳးေတြက တျခားလူေတြကို ေႏွာင့္ယွက္႐ုံသာမကပဲ သူတို႔ကိုသူတို႔လည္း ဖ်က္ဆီးႏိုင္ပါတယ္။ စိတ္ရႈပ္စရာျဖစ္ေစႏိုင္ေပမယ့္ အေကာင္းဆုံးနည္းကေတာ့ ႐ိုး႐ိုးသားသားနားေထာင္ေပးလိုက္ပါ။ ပီးရင္ ဂုဏ္ယူေပးလိုက္ပါ။ ဒါကပဲ သူတို႔ရဲ႕ အျပဳအမူကို အေကာင္းဆုံးေျပာင္းလဲႏိုင္တယ့္ နည္းလမ္းတစ္ခုျဖစ္ပါတယ္။
၄။ မင္းရဲ႕ အျပဳအမူေတြကိုလိုက္အတုခိုးမယ္။

သင့္ကိုမနာလိုတဲ့သူတစ္ေယာက္ဟာ သင့္ထက္ပိုေကာင္းခ်င္တယ္ သင့္လိုလည္းျဖစ္ခ်င္တယ္။ သင့္ကိုလိုက္တုမယ္။ ေျပာရရင္ ဝတ္စားဆင္ယင္မႈ အေျပာအဆိုေတြက အစသင့္ထက္ပိုေကာင္း အတုခိုးတတ္ပါတယ္။ ဒါေတြအတြက္ အေႏွာင့္အယွက္ျဖစ္မယ့္အစား သူကိုယ္ပိုင္စတိုင္နဲ႔ေနတတ္ေအာင္ သူ႔လမ္းတိုင္းသူသြားတတ္ေအာင္ အႀကံေပးပါ။ သူတို႔ဟာသူတို႔ကိုယ္ပိုင္ စစ္စစ္မွန္မွန္သူျဖစ္ဖို႔လိုတယ္ဆိုတာ သိျမင္လာေအာင္လုပ္ေပးပါ။
၅။ သင့္ကိုလိုက္ၿပိဳင္မယ္။

မနာလိုဝန္တိုမႈေတြမွာ အၿပိဳင္အဆိုင္မ်ားတတ္ၾကပါတယ္။ သူတို႔ဟာေအာင္ျမင္မႈတိုင္းကို သူတို႔ပဲ ရိတ္သိမ္းခ်င္ၾကတာပါ။ တကယ္လို႔ သင့္ကိုသူတို႔က မေကာင္းတဲ့ ၿပိဳင္ဆိုင္မႈေတြ ယွဥ္ၿပိဳင္လာဖို႔ေျပာရင္ သူတို႔ကို ျငင္းပယ္လိုက္ပါ။ ေျပာရရင္ အလုပ္ရာထူး တက္ မတက္ ကိစၥမ်ိဳးလာအျငင္းပြားဖို႔ ႀကိဳးစားလာရင္ သင့္အေနနဲ႔ ဒါဟာ ၿပိဳင္ဆိုင္စရာမလိုဘူးလို႔ျငင္းပယ္ပါ။ သူတို႔ေဆာ့ခိုင္းထဲ ဂိမ္းကို ျငင္းပယ္ပီး ကိုယ့္အလုပ္ကိုလုပ္ေနတာက သင့္ကိုေအာင္ျမင္မႈပိုရေစႏိုင္မွာပါ။
၆။ သင့္ရဲ႕က်ရႈံးမႈေတြအတြက္ အခမ္းအနားက်င္းပမယ္ ။ ဝမ္းသာေက်နပ္ေနမယ္။

မနာလိုမစၦရိယစိတ္မ်ားသူတစ္ဦးဦးက သင္အမွားေသးေသးေလးလုပ္မိရင္ေတာင္ ပုံႀကီးခ်ဲ႕ပစ္တတ္ၿပီးေနာက္ကြယ္မွာေပ်ာ္ေန ေက်နပ္အားရေနတတ္ပါတယ္။ ဒီလိုေပ်ာ္ေနတာကို သင့္ကိုဘယ္ေတာ့မွ ျပသမွာမဟုတ္ပဲ လ်ိဳ႕လ်ိဳ႕ဝွက္ဝွက္ ေနမွာပါ။ ဒီ့အတြက္လည္းစိတ္မဆိုးပဲ သင့္ရဲ႕အမွားေတြဟာ သင္ခန္းစာေတြျဖစ္တယ္ဆိုတာ သူတို႔ကို သက္ေသျပၿပီး အေကာင္းဆုံးေအာင္ျမင္မႈေတြ ရယူျပလိုက္ပါ။ အဓိကကေတာ့ သူတို႔ဘယ္ေလာက္ ဝမ္းသာေနပါေစ ဂ႐ုမစိုက္သလိုေနပါ။ ဒီအခါ သူတို႔ကို သင္အဖတ္မလုပ္မွန္းသိတဲ့အခါ သူတို႔ဘယ္လိုခံစားရမလဲေတြးၾကည့္ပါ။
၇။ သင့္ေနာက္ကြယ္မွာ မေကာင္းေၾကာင္းေျပာတယ္။

မနာလိုတတ္တဲ့သူေတြဟာ သူတို႔အေၾကာင့္သူတို႔ေျပာဖို႔ ေကာင္းတာဘာတစ္ခုမွမရွိဘူးဆိုရင္ေတာင္ တစ္စုံတစ္ေယာက္မေကာင္းေၾကာင္းေျပာေနတတ္သူေတြေပ့ါ။ ဒါေတြက သူတို႔လုပ္ေနက်အလုပ္ေတြပါပဲ။ မနာလို မစၨရိယစိတ္ရွိတဲ့သူတစ္ေယာက္ကို သည္းခံဖို႔ေတာ္ေတာ္ခက္ေပမယ့္တခ်ိန္မွာ သူတို႔နဲ႔ျပန္ေတြ႕တဲ့အခါ ေခါင္းေမာ့ေနႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားပါ။သူတို႔က မနာလိုတဲ့ လုပ္ရပ္ေတြကို ရပ္တန္းကမရပ္တန႔္ဘူးဆိုရင္ သူတို႔နဲ႔ထိပ္တိုင္ရင္ဆိုင္ပါ ။
၈။ သူတို႔က သင့္ကိုမုန္းတီးၾကတယ္။

သင့္ကို အေၾကာင္းျပခ်က္မရွိပဲ မုန္းေနတဲ့သူတစ္ေယာက္ေယာက္ကို ေတြ႕ဖူးလား? အဲ့ဒီလို ဘာအေၾကာင္းမွမရွိပဲမုန္းေနတာ သင့္ကို မနာလိုလို႔ပါပဲ။ ဒါကေတာ္ေတာ္ဆိုးတဲ့ကိစၥပါ။ သူတို႔ႀကိဳက္ႏွစ္သက္ေအာင္ ကိုယ္က ဘယ္လိုေနေပးရမယ္ ဘယ္လိုကိုင္ တြယ္ရမယ္ဆိုတာ ခက္ခဲပါတယ္။ ဘာလို႔ဆို အသားလြတ္ႀကီးမုန္းေနလို႔ပါပဲ။ ဒီေတာ့ အဲ့ဒီလိုလူေတြ ေဘးနားမွာရွိေနခဲ့ရင္ သင္ကိုယ္တိုင္ကသူတို႔ သင့္ကိုခ်စ္ခင္လာေအာင္ မလုပ္ႏိုင္ရင္ သူတို႔ကို သင့္ဘဝထဲ ေခါင္းထဲက အပီးအပိုင္ဆြဲထုတ္လိုက္ပါ။ စိတ္ရႈပ္ဖို႔အရမ္းေကာင္းပါတယ္။
Unicode
ဒီအချက်တွေကိုကြည့်ပြီး သင့်အပေါ်ကို မနာလိုစိတ်များတဲ့သူကို ဖော်ထုတ်လိုက်ပါ
မနာလိုမှုဆိုတာ တကယ်တော့ အဆိပ်အတောက်တစ်ခုပါပဲ။ ကိုယ့်ကိုကိုယ်လည်း အဆိပ်မိစေနိုင်သလို တခြားသူတွေကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ မစ္ဆရိယ ဆိုတာက မလိုစိတ်၊ နှမြောတွန့်တို၊ မပေးမကမ်းချင်တဲ့စိတ်လို့ အလွယ်ဆိုပေမယ့် မစ္ဆရိယဆိုတာ အလွန်တရာမှ ကြောက်ဖို့ကောင်းတဲ့အရာပါတဲ့။
မနာလိုစိတ် မစ္ဆရိယစိတ်တွေကြောင့် ဆက်ဆံရေးတွေပျက်ပြားရသလို လူမုန်းလည်းခံရတတ်ပါတယ်။ သင်ကိုယ်တိုင်က မနာ လိုမှုကို ထိန်းချုပ်နိုင်ပေမယ့် သင့်ကို အသားလွတ်ကြီး မနာလိုလိုက်ဖြစ်နေတဲ့သူတွေကြောင့်တော့ စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ တခါတလေ ကိုယ့်ကို မနာလိုဖြစ်နေတယ်လို့ခံစားကြတတ်ပေမယ့် မသေချာလို့ လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါကြောင့်သင့်ကို မနာလိုဖြစ်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?ဒါတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။
၁။ ဟန်ဆောင်ချီးမွမ်းမယ်

သင်ကောင်းတာတခုခုလုပ်လိုက်ရင် သင့်ကိုချီးမွမ်းပါလိမ့်မယ်။ ပထမဆုံးလာပြီး ချီးမွမ်းသူတောင် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ စိတ်ရင်းမှန်နဲ့ချီးမွမ်းတဲ့ပုံစံမျိုးနဲ့ဖြစ်ပေမယ့် သူတို့က သင့်ကို အကြီးကြီးချီးကျူးပီးနောက်ဆုံးပြန်ပြုတ်ကျဖို့ အလိုရှိနေတတ်ကြပါတယ်။ ဒီလိုအချိန်မှာ သူတို့အသံနဲ့အသုံးအနှုံးတွေကို သတိထားပြီးနားထောင်ပါ။ ဂရုပြုပါ။ သင်အခန်းထဲက ထွက်သွားတာနဲ့ သူတို့မျက်လုံးတွေက လှောင်ပြောင်သလို သရော်သလို ပုံစံဖြစ်နေတတ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆို သင့်ကိုမနာလိုတာကိုသိထားရင်တောင် သူတို့ ကောင်းတာတခုခုလုပ်ရင် သင့်ဘက်က စိတ်ရင်းမှန်နဲ့လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပေးပါ။ သင်ဟာ သူတို့အတွက် စစ်မှန်တဲ့လူဆိုတာကိုပြပါ။ ဒါဟာ သူတို့ရဲ့မနာလိုမှုကို သူတို့ဘာသာပြန်ထိန်းဖို့ကူညီပေးပါလိမ့်မယ်။
၂။ သင့်အောင်မြင်မှုတွေကိုလိုက်ဖျက်တယ်။

ဟန်ဆောင်ချီးမွမ်းခြင်းနဲ့အတူ တခြားတစ်ဖက်မှာလည်း သင့်ကို မနာမစ္ဆရိယပွားနေတဲ့တစုံတစ်ယောက်က သင့်အောင်မြင်မှုတွေ အကြောင်းကြားရင် သင်အလုံအလောက်မကြိုးစားနိင်အောင် နည်းမျိုးစုံနဲ့နှောင့်ယှက်နေတတ်ပါသေးတယ်။ သင်ဘယ်လောက်ပဲ ကြိုးစားပြီး အောင်မြင်အောင် လုပ်ခဲ့ပါစေ မနာလိုတဲ့သူတွေက သူတို့လုပ်ခဲ့ဖူးတဲ့အမှားတွေနဲ့တူအောင် သင့်ကို ပုံဖျက်ဖို့အမြဲကြိုးစားနေပါလိမ့်မယ်။ နောက်ဆုံးသူတို့ သုံးတတ်တာကတော့ ရိုင်းစိုင်းခြင်း သို့မဟုတ် ကဲ့ရဲ့ ရှုတ်ချခြင်းတို့လည်းဖြစ်တတ်ပါတယ်။ မနာလိုစိတ်ရှိသူအများစုဟာ သင်ပိုင်ဆိုင်ထားသမျှကို လိုအပ်နေသူတွေ လိုချင်နေသူတွေဖြစ်တတ်ပါတယ်။ ဒီတော့ သင်လုပ်ရမှာက နှိမ့်ချမှုရှိပါ သင်သာကြွားဝါလိုက်မယ်ဆို သင့်ကို ပိုမနာလိုဖြစ်ပီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနိုင်ပါတယ်။
၃။ သူတို့ရဲ့အောင်မြင်မှုတွေသင့်အပေါ်လွှမ်းမိုးဖို့လုပ်မယ်။

သင့်ကိုမနာလိုတဲ့သူတစ်ဦးက သူတို့ရဲ့အောင်မြင်မှုတွေကို သင်လက်ခံဖို့ သင့်ကိုလွှမ်းမိုးဖို့ ကြိုးစားတတ်ပါတယ်။ သူတို့အောင်မြင်မှုဟာ မှားနေတဲ့ မတရားတဲ့ အောင်မြင်မှုကြီးဖြစ်ခဲ့ရင်တောင်မှပေါ့။ ပြောရရင် သင့်ကို ဂုဏ်ပြုပွဲကျင်းပနေတဲ့အချိန်မျိုးမှာတောင် သူတို့ရဲ့မအောင်မြင်မှုတွေကို မိုးတစ်လုံးလေတစ်လုံးနဲ့ လာရောက်ဝင့်ကြွားနေနိုင်ပါတယ်။ ပြောရရင် သူများWeedingမှာ သူကဘယ်လိုလူနဲ့စေ့စပ်တော့မယ်ဆိုတာမျိုးပေါ့။ အဲ့ဒီလိုလူမျိုးတွေက တခြားလူတွေကို နှောင့်ယှက်ရုံသာမကပဲ သူတို့ကိုသူတို့လည်း ဖျက်ဆီးနိုင်ပါတယ်။ စိတ်ရှုပ်စရာဖြစ်စေနိုင်ပေမယ့် အကောင်းဆုံးနည်းကတော့ ရိုးရိုးသားသားနားထောင်ပေးလိုက်ပါ။ ပီးရင် ဂုဏ်ယူပေးလိုက်ပါ။ ဒါကပဲ သူတို့ရဲ့ အပြုအမူကို အကောင်းဆုံးပြောင်းလဲနိုင်တယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၄။ မင်းရဲ့ အပြုအမူတွေကိုလိုက်အတုခိုးမယ်။

သင့်ကိုမနာလိုတဲ့သူတစ်ယောက်ဟာ သင့်ထက်ပိုကောင်းချင်တယ် သင့်လိုလည်းဖြစ်ချင်တယ်။ သင့်ကိုလိုက်တုမယ်။ ပြောရရင် ဝတ်စားဆင်ယင်မှု အပြောအဆိုတွေက အစသင့်ထက်ပိုကောင်း အတုခိုးတတ်ပါတယ်။ ဒါတွေအတွက် အနှောင့်အယှက်ဖြစ်မယ့်အစား သူကိုယ်ပိုင်စတိုင်နဲ့နေတတ်အောင် သူ့လမ်းတိုင်းသူသွားတတ်အောင် အကြံပေးပါ။ သူတို့ဟာသူတို့ကိုယ်ပိုင် စစ်စစ်မှန်မှန်သူဖြစ်ဖို့လိုတယ်ဆိုတာ သိမြင်လာအောင်လုပ်ပေးပါ။
၅။ သင့်ကိုလိုက်ပြိုင်မယ်။

မနာလိုဝန်တိုမှုတွေမှာ အပြိုင်အဆိုင်များတတ်ကြပါတယ်။ သူတို့ဟာအောင်မြင်မှုတိုင်းကို သူတို့ပဲ ရိတ်သိမ်းချင်ကြတာပါ။ တကယ်လို့ သင့်ကိုသူတို့က မကောင်းတဲ့ ပြိုင်ဆိုင်မှုတွေ ယှဉ်ပြိုင်လာဖို့ပြောရင် သူတို့ကို ငြင်းပယ်လိုက်ပါ။ ပြောရရင် အလုပ်ရာထူး တက် မတက် ကိစ္စမျိုးလာအငြင်းပွားဖို့ ကြိုးစားလာရင် သင့်အနေနဲ့ ဒါဟာ ပြိုင်ဆိုင်စရာမလိုဘူးလို့ငြင်းပယ်ပါ။ သူတို့ဆော့ခိုင်းထဲ ဂိမ်းကို ငြင်းပယ်ပီး ကိုယ့်အလုပ်ကိုလုပ်နေတာက သင့်ကိုအောင်မြင်မှုပိုရစေနိုင်မှာပါ။
၆။ သင့်ရဲ့ကျရှုံးမှုတွေအတွက် အခမ်းအနားကျင်းပမယ် ။ ဝမ်းသာကျေနပ်နေမယ်။

မနာလိုမစ္ဆရိယစိတ်များသူတစ်ဦးဦးက သင်အမှားသေးသေးလေးလုပ်မိရင်တောင် ပုံကြီးချဲ့ပစ်တတ်ပြီးနောက်ကွယ်မှာပျော်နေ ကျေနပ်အားရနေတတ်ပါတယ်။ ဒီလိုပျော်နေတာကို သင့်ကိုဘယ်တော့မှ ပြသမှာမဟုတ်ပဲ လျို့လျို့ဝှက်ဝှက် နေမှာပါ။ ဒီ့အတွက်လည်းစိတ်မဆိုးပဲ သင့်ရဲ့အမှားတွေဟာ သင်ခန်းစာတွေဖြစ်တယ်ဆိုတာ သူတို့ကို သက်သေပြပြီး အကောင်းဆုံးအောင်မြင်မှုတွေ ရယူပြလိုက်ပါ။ အဓိကကတော့ သူတို့ဘယ်လောက် ဝမ်းသာနေပါစေ ဂရုမစိုက်သလိုနေပါ။ ဒီအခါ သူတို့ကို သင်အဖတ်မလုပ်မှန်းသိတဲ့အခါ သူတို့ဘယ်လိုခံစားရမလဲတွေးကြည့်ပါ။
၇။ သင့်နောက်ကွယ်မှာ မကောင်းကြောင်းပြောတယ်။

မနာလိုတတ်တဲ့သူတွေဟာ သူတို့အကြောင့်သူတို့ပြောဖို့ ကောင်းတာဘာတစ်ခုမှမရှိဘူးဆိုရင်တောင် တစ်စုံတစ်ယောက်မကောင်းကြောင်းပြောနေတတ်သူတွေပေ့ါ။ ဒါတွေက သူတို့လုပ်နေကျအလုပ်တွေပါပဲ။ မနာလို မစ္ဇရိယစိတ်ရှိတဲ့သူတစ်ယောက်ကို သည်းခံဖို့တော်တော်ခက်ပေမယ့်တချိန်မှာ သူတို့နဲ့ပြန်တွေ့တဲ့အခါ ခေါင်းမော့နေနိုင်အောင် အကောင်းဆုံးကြိုးစားပါ။သူတို့က မနာလိုတဲ့ လုပ်ရပ်တွေကို ရပ်တန်းကမရပ်တန့်ဘူးဆိုရင် သူတို့နဲ့ထိပ်တိုင်ရင်ဆိုင်ပါ ။
၈။ သူတို့က သင့်ကိုမုန်းတီးကြတယ်။

သင့်ကို အကြောင်းပြချက်မရှိပဲ မုန်းနေတဲ့သူတစ်ယောက်ယောက်ကို တွေ့ဖူးလား? အဲ့ဒီလို ဘာအကြောင်းမှမရှိပဲမုန်းနေတာ သင့်ကို မနာလိုလို့ပါပဲ။ ဒါကတော်တော်ဆိုးတဲ့ကိစ္စပါ။ သူတို့ကြိုက်နှစ်သက်အောင် ကိုယ်က ဘယ်လိုနေပေးရမယ် ဘယ်လိုကိုင် တွယ်ရမယ်ဆိုတာ ခက်ခဲပါတယ်။ ဘာလို့ဆို အသားလွတ်ကြီးမုန်းနေလို့ပါပဲ။ ဒီတော့ အဲ့ဒီလိုလူတွေ ဘေးနားမှာရှိနေခဲ့ရင် သင်ကိုယ်တိုင်ကသူတို့ သင့်ကိုချစ်ခင်လာအောင် မလုပ်နိုင်ရင် သူတို့ကို သင့်ဘဝထဲ ခေါင်းထဲက အပီးအပိုင်ဆွဲထုတ်လိုက်ပါ။ စိတ်ရှုပ်ဖို့အရမ်းကောင်းပါတယ်။