အိမ္ေမြးတိရစာၦန္ေလးေတြ ေနမေကာင္းတဲ့အခါ လြယ္လြယ္ကူကူ ေဆးတိုက္လို႔ရမယ့္ နည္းလမ္း (၅) ခု

Advertisements

အိမ္ေမြးတိရစာၦန္ေလးေတြ ေနမေကာင္းျဖစ္တဲ့အခါ ဆရာဝန္က ေဆးေတြေပးလိုက္ေပမယ့္ ေဆးတိုက္ရတဲ့အခါ အရမ္းကို ခက္ခဲပါတယ္။ ေခြးေလးေတြ၊ ေၾကာင္ေလးေတြက ေဆးအရသာကို မႀကိဳက္တာေၾကာင့္ ေဆးမေသာက္ခ်င္ၾကပါဘူး။ အဲဒီအခါ သူတို႔ေနမေကာင္းရင္ လြယ္လြယ္ကူကူ ေဆးတိုက္ႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

ေဆးမတိုက္ခင္ အိမ္ေမြးတိရစာၦန္ေလးေတြကို အရင္ဆုံး ၿငိမ္သြားေအာင္လုပ္ပါ။

ေခြးေတြ ေၾကာင္ေတြက အနံ႔ခံအားေကာင္းတဲ့ သတၱဝါေလးေတြ ျဖစ္တာေၾကာင့္ သင္စိုးရိမ္ပူပန္ေနတာေတြကိုလည္း သူတို႔သိပါတယ္။ သင္က အရမ္းစိတ္ပူေနပုံျပရင္ သူတို႔မွာ အႏၲာရာယ္ ရွိေနတယ္လို႔ ခံစားသြားမိေစပါတယ္။ သင့္ေခြးေလးက ကစားႏိုင္တယ္ဆိုရင္ သူႀကိဳက္တဲ့အ႐ုပ္နဲ႔ အာ႐ုံေျပာင္းေပးႏိုင္ပါတယ္။ ၿငိမ္သြားၿပီ ဆိုရင္ေတာ့ ေဆးတိုက္လို႔ ရပါၿပီ။

နည္းလမ္း ၁

အိမ္ေမြးတိရစာၦန္ေလးေတြကို တိုက္ရမယ့္ေဆးက အခဲ သို႔မဟုတ္ အရည္ျဖစ္ေနရင္ သူတို႔ႀကိဳက္တတ္တဲ့ အစားအစာထဲကို ေရာၿပီးတိုက္ပါ။ ေခြးေတြက တစ္ကိုက္ေလာက္ကိုက္ၿပီး မ်ိဳခ်တတ္ပါတယ္။ စားစရာထဲမွာ ေဆးပါလား၊ မပါလား ဆိုတာကို သူတို႔မသိပါဘူး။ ေၾကာင္ေလးေတြက စားတဲ့အခါ ေသခ်ာဝါးစားၿပီးမွ မ်ိဳခ်တတ္ၾကပါတယ္။ အဲဒါေၾကာင့္ ေဆးကို မုန႔္တစ္ခုခုထဲမွာ ညႇပ္ၿပီးမွ ေကြၽးပါ။

နည္းလမ္း ၂

ေဆးကို မုန႔္ထဲညႇပ္ၿပီး တိုက္တာကို ေထြးထုတ္ပစ္ရင္ ေနာက္တစ္နည္း ရွိပါေသးတယ္။ အပ္မပါတဲ့ ေဆးထိုးႁပြတ္ထဲကို ေဆးရည္ထည့္ၿပီး တိုက္လို႔ရပါတယ္။ သူတို႔ရဲ႕ႏႈတ္သီးကို ကိုင္ထားၿပီး ေဆးထိုးႁပြတ္ကို ေမး႐ိုးေဘးကေန ျဖည္းျဖည္းခ်င္း ထည့္လိုက္ပါ။

နည္းလမ္း ၃

ဒီနည္းလမ္းကို မလုပ္ခင္မွာ တိရစာၦန္ကုဆရာဝန္ကို ေမးဖို႔ေတာ့ လိုအပ္ပါတယ္။ အထက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေတြက အလုပ္မျဖစ္ရင္ ေဆးကို အမႈ႕န္ႀကိတ္ၿပီး အစားအစာတစ္ခုခုနဲ႔ ေရာေကြၽးပါ။ တခ်ိဳ႕ေဆးေတြက အမႈန႔္ႀကိတ္လိုက္ရင္ အရမ္းခါးတတ္တာေၾကာင့္ အသားတုံးေလးေတြ၊ ငါးေတြကို အေပၚမွာ အရင္တင္ထားၿပီးမွ ေကြၽးပါ။

နည္းလမ္း ၄

ဆရာဝန္က ေဆးကို ဂ်ယ္လ္ပုံစံ၊ ခရင္မ္ပုံစံ၊ ေစးပ်စ္တဲ့အရည္ပုံစံနဲ႔ ေပးတဲ့အခါ ဒီနည္းကို သုံးလို႔ရပါတယ္။ ေဆးကို ေျမပဲေထာပတ္၊ ခ်ိစ္နဲ႔ ေရာၿပီး ေခြးေလးေတြ၊ ေၾကာင္ေလးေတြရဲ႕ လက္မွာ တို႔ေပးလိုက္ပါ။ သူတို႔ေတြက ညစ္ပတ္တာကို မႀကိဳက္တာေၾကာင့္ သူတို႔လက္ကို လ်က္ေနမွာပါ။

နည္းလမ္း ၅

ေခြးေလးေတြက သူတို႔ခ်စ္တဲ့သခင္နဲ႔ ကစားရတာကို အႀကိဳက္ဆုံးပါပဲ။ ေခြးေလးကို ေပ်ာ္သြားေအာင္ ခဏကစားေပးလိုက္ၿပီး မုန႔္ထဲမွာ ေဆးကို ညႇပ္ၿပီး ေကြၽးလို႔ရပါတယ္။ သင္က သူ႔ကို ေဆးတိုက္လိုက္တာ သိမွာေတာင္ မဟုတ္ပါဘူး။

Unicode

အိမ်မွေးတိရစ္ဆာန်လေးတွေ နေမကောင်းတဲ့အခါ လွယ်လွယ်ကူကူ ဆေးတိုက်လို့ရမယ့် နည်းလမ်း (၅) ခု

အိမ်မွေးတိရစ္ဆာန်လေးတွေ နေမကောင်းဖြစ်တဲ့အခါ ဆရာဝန်က ဆေးတွေပေးလိုက်ပေမယ့် ဆေးတိုက်ရတဲ့အခါ အရမ်းကို ခက်ခဲပါတယ်။ ခွေးလေးတွေ၊ ကြောင်လေးတွေက ဆေးအရသာကို မကြိုက်တာကြောင့် ဆေးမသောက်ချင်ကြပါဘူး။ အဲဒီအခါ သူတို့နေမကောင်းရင် လွယ်လွယ်ကူကူ ဆေးတိုက်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါမယ်နော်။

ဆေးမတိုက်ခင် အိမ်မွေးတိရစ္ဆာန်လေးတွေကို အရင်ဆုံး ငြိမ်သွားအောင်လုပ်ပါ။

ခွေးတွေ ကြောင်တွေက အနံ့ခံအားကောင်းတဲ့ သတ္တဝါလေးတွေ ဖြစ်တာကြောင့် သင်စိုးရိမ်ပူပန်နေတာတွေကိုလည်း သူတို့သိပါတယ်။ သင်က အရမ်းစိတ်ပူနေပုံပြရင် သူတို့မှာ အန္တာရာယ် ရှိနေတယ်လို့ ခံစားသွားမိစေပါတယ်။ သင့်ခွေးလေးက ကစားနိုင်တယ်ဆိုရင် သူကြိုက်တဲ့အရုပ်နဲ့ အာရုံပြောင်းပေးနိုင်ပါတယ်။ ငြိမ်သွားပြီ ဆိုရင်တော့ ဆေးတိုက်လို့ ရပါပြီ။

နည်းလမ်း ၁

အိမ်မွေးတိရစ္ဆာန်လေးတွေကို တိုက်ရမယ့်ဆေးက အခဲ သို့မဟုတ် အရည်ဖြစ်နေရင် သူတို့ကြိုက်တတ်တဲ့ အစားအစာထဲကို ရောပြီးတိုက်ပါ။ ခွေးတွေက တစ်ကိုက်လောက်ကိုက်ပြီး မျိုချတတ်ပါတယ်။ စားစရာထဲမှာ ဆေးပါလား၊ မပါလား ဆိုတာကို သူတို့မသိပါဘူး။ ကြောင်လေးတွေက စားတဲ့အခါ သေချာဝါးစားပြီးမှ မျိုချတတ်ကြပါတယ်။ အဲဒါကြောင့် ဆေးကို မုန့်တစ်ခုခုထဲမှာ ညှပ်ပြီးမှ ကျွေးပါ။

နည်းလမ်း ၂

ဆေးကို မုန့်ထဲညှပ်ပြီး တိုက်တာကို ထွေးထုတ်ပစ်ရင် နောက်တစ်နည်း ရှိပါသေးတယ်။ အပ်မပါတဲ့ ဆေးထိုးပြွတ်ထဲကို ဆေးရည်ထည့်ပြီး တိုက်လို့ရပါတယ်။ သူတို့ရဲ့နှုတ်သီးကို ကိုင်ထားပြီး ဆေးထိုးပြွတ်ကို မေးရိုးဘေးကနေ ဖြည်းဖြည်းချင်း ထည့်လိုက်ပါ။

နည်းလမ်း ၃

ဒီနည်းလမ်းကို မလုပ်ခင်မှာ တိရစ္ဆာန်ကုဆရာဝန်ကို မေးဖို့တော့ လိုအပ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက အလုပ်မဖြစ်ရင် ဆေးကို အမှု့န်ကြိတ်ပြီး အစားအစာတစ်ခုခုနဲ့ ရောကျွေးပါ။ တချို့ဆေးတွေက အမှုန့်ကြိတ်လိုက်ရင် အရမ်းခါးတတ်တာကြောင့် အသားတုံးလေးတွေ၊ ငါးတွေကို အပေါ်မှာ အရင်တင်ထားပြီးမှ ကျွေးပါ။

နည်းလမ်း ၄

ဆရာဝန်က ဆေးကို ဂျယ်လ်ပုံစံ၊ ခရင်မ်ပုံစံ၊ စေးပျစ်တဲ့အရည်ပုံစံနဲ့ ပေးတဲ့အခါ ဒီနည်းကို သုံးလို့ရပါတယ်။ ဆေးကို မြေပဲထောပတ်၊ ချိစ်နဲ့ ရောပြီး ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ လက်မှာ တို့ပေးလိုက်ပါ။ သူတို့တွေက ညစ်ပတ်တာကို မကြိုက်တာကြောင့် သူတို့လက်ကို လျက်နေမှာပါ။

နည်းလမ်း ၅

ခွေးလေးတွေက သူတို့ချစ်တဲ့သခင်နဲ့ ကစားရတာကို အကြိုက်ဆုံးပါပဲ။ ခွေးလေးကို ပျော်သွားအောင် ခဏကစားပေးလိုက်ပြီး မုန့်ထဲမှာ ဆေးကို ညှပ်ပြီး ကျွေးလို့ရပါတယ်။ သင်က သူ့ကို ဆေးတိုက်လိုက်တာ သိမှာတောင် မဟုတ်ပါဘူး။