သင်ဟာ ဆဌမအာရုံ (Sixth sense)ရရှိထားသူလားဆိုတာ သိနိုင်မယ့်အချက် ၇ ချက်

Advertisements

တော်တော်များများပြောလေ့ရှိကြပါတယ်။ ” ငါများ ဆဌမအာရုံ ” ရနေတာလားမသိဘူးဆိုတာလေ။ ဒီတော့ ဆဌမ အာရုံဆိုတာ ဘာလဲဆိုတာကို အရင်စပြောရမယ်ထင်ပါတယ်။ ပြောရရင်တော့ ဆဌမအာရုံဆိုတာ ဝမ်းတွင်းစိတ် အလိုလိုသိစိတ် တခုခုဖြစ်လာတော့မယ့်အရာကို ထိုးထွင်းသိမြင်နိုင်တဲ့စိတ် မျိုးကိုဆိုလိုတာပါ။

ဥပမာ ရုတ်တရက် ကိုယ့်စိတ်ထဲမှာ တခုခုဖြစ်တော့မယ်ဆိုတာပေါ်လာတာမျိုး။အနောက်တိုင်းတိုင်းနိုင်ငံမှာတော့ ဝိညဉ်ရေးရာပိုင်းဆိုင်ရာပါရမီရှင်တွေလို့လည်းခေါ်တတ်ကြပါတယ်။ ဒီဆဌမအာရုံကို ရရှိထားသူတွေဟာ သဘာဝလွန်တဲ့အရာတစ်ခုခုနဲ့ဆက်သွယ်ဖို့ကြိုးစားနိုင်ကြတယ်လို့လည်းဆိုပါတယ်။ ဒီတော့ သင်ဟာ မွေးရာပါ သူများစိတ်ကို အလိုလိုသိ တခုခုဖြစ်တော့မယ်ဆိုတာ ကြိုသိနိုင်တဲ့ နိမိတ်တွေကို ရရှိနေတဲ့ ဆဌမအာရုံပိုင်ရှင်ဖြစ်မဖြစ် စိတ်ဝိညဉ်ရေးရာ ပါရမီရှင်ဖြစ် မဖြစ် သိနိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမြင်အာရုံတွေတပိုင်းတစမြင်မယ်

ဆဌမအာရုံပိုင်ရှင်တွေဟာ တခုခုဖြစ်တော့မယ်ဆိုတာကို စိတ်ထဲကနေ ကြိုမြင်တတ်တာမျိုးပါ။ တချို့တွေက စိတ်ကူးယဉ်တာလို့ဆိုကြပေမယ့် သိပ္ပံနည်းကျဖြစ်ရပ်တွေအများကြီးပေါ်ပေါက်နေပါပြီ။ ကိုယ့်စိတ်ထဲက လိုက်တွေးနေတာပဲ သူ့ဘာသာ ပေါ်ချင်တာလာပေါ်နေတာပါ။ ဥပမာ ကိုယ်ချစ်မြတ်နိုးရသူနဲ့ခရီးအတူသွားတုန်း ကားတိုက်မှုတစ်ခုဖြစ်တယ်ဆိုတာကို မြင်မိလိုက်တာမျိုးပါ။

အနောက်တိုင်းနိုင်ငံမှာတွေတော့ ဒါဟာ နာမ်လောကက သင့်ကိုဆက်သွယ်နေပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိပေးဖို့ ကြိုးစားနေတာလို့ဆိုပါတယ်။ ပြောရရင်တေ့ာ ကိုယ့်စိတ်က အလိုလိုသိနေတာမျိုးပေါ့။အဲ့ဒီလိုကြိုဖြစ်တော့မယ့် အမြင်တွေကို မြင်ရတာ စိတ်မသက်မသာဖြစ်စေပေမယ့် ကျရောက်လာမယ့် အန္တရာယ်တွေကနေတော့ ရှောင်ရှားနိုင်ပါတယ်။ အလွယ်ပြောရရင် မကြာခင် တစ်ခုခုဖြစ်တော့မယ် စိတ်မှာထင့်နေတယ်ဆိုပြီး တကယ်လည်း မကြာခင်မှာ သူ့စိတ်ထဲက ထင်တဲ့အတိုင်းဖြစ်လာတာမျိုးပေါ့။

၂။ နမိတ်အိမ်မက်တွေမက်မယ်

ညဘက်မှာ အိမ်မက်မက်ဖူးလား? အိမ်မက်ဆိုတာ နာမ်လောကရဲ့ အလွယ်တကူဆက်သွယ်နိုင်တဲ့ နေရာဖြစ်တယ်လို့ အနောက်တိုင်းပညာရှင်တွေကဆိုပါတယ်။ နာမ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေက အိပ်ပျော်နေတဲ့အချိန်မှာ အားအနည်းဆုံးသူတွေဖြစ်သွားပြီး အဲ့ဒီအချိန်မှာ ဝိညာဉ်ကမ္ဘာ နာမ်လောကနဲ့ ဆက်သွယ်ပြောဆိုရန်လွယ်ကူတယ်လို့ဆိုပါတယ်။

ဥပမာတစ်ခုအနေနဲ့ဆို အမျိုးသမီးတစ်ယောက်ဟာ သူအိပ်ပျော်နေတဲ့အချိန်မှာ သူ့အဖေသေသွားပြီဆိုတာ အိမ်မက်မက်ခဲ့ပါတယ်။ အိမ်မက်ဟာ တစ်ကယ့်အစစ်အမှန်ဖြစ်သလို ခံစားနေရတဲ့အတွက် သူမဟာ တုန်ယင်လှိုက်မောပြီး အိပ်ရာပေါ်က နိုးခဲ့ပါတယ်။ နံနက် ၂နာရီထိုးလောက် သူ့အဖေဆီက ဖုန်းဆက်ကြည့်တဲ့အခါ သူ့အဖေသေဆုံးနေခဲ့ပြီဖြစ်ပါတယ်။ နာမ်ဝိညာဉ်လောကက သူမကို သတိပေးဖို့ကြိုးစားနေတာလား? ဒါမှမဟုတ်သူမကိုယ်တိုင် အလိုလိုသိစိတ်နဲ့သိနေတာလား? ဘာပဲဖြစ်ဖြစ် ဆဌမအာရုံပိုင်ရှင်တော်တော်များများက အလားတူဖြစ်စဉ်တွေကို အိမ်မက်တွေကတစ်ဆင့်တွေ့တတ်ကြပါတယ်။ တချို့လူတွေမက်တဲ့အိမ်မက်တွေဆို သွေးထွက်အောင်မှန်တယ်ဆိုတာ ဒါမျိုးဖြစ်မှာပေါ့နော်

၃။ တိုက်ဆိုင်မှုထက်ကျော်လွန်တဲ့အဖြစ်အပျက်တွေခံစားရမယ်

ဖြစ်ဖူးလား တချို့အိမ်မက် မက်လိုက်တယ်။ အဲ့ဒီ အိမ်မက်အတိုင်းတကယ်ဖြစ်လာတယ်။ ဒါက တခါလည်းမဟုတ် ၂ ခါလည်း မဟုတ်တော့ဘူးဆိုရင် တိုက်ဆိုင်မှုမဖြစ်နိုင်တော့ဘူး။ တစ်စုံတစ်ခုက သင်နဲ့ပက်သက်သမျှ အန္တရယ်ရှိတဲ့အရာတွေကို ပြောပြဖို့ကြိုးစားနေတာပါ။ သင့်စိတ်ဝိညာဉ်ကို ဆက်သွယ်ပြီး သိစေချင်နေတာမျိုးပါ။ တိုက်ဆိုင်မှုထက် ကျော်လွန်တဲ့ဖြစ်ရပ်တွေဖြစ် ဖြစ်နေတာ ခဏခဏ ခံစားနေရပြီဆို သင်ဟာ ဆဌမအာရုံရရှိထားသူတွေထဲက တစ်ယောက်ဖြစ်နိုင်ပါတယ်။

၄။ လမ်းညွှန်တဲ့အသံတွေကြားရတတ်တယ်

ဘယ်သူမှမရှိပါပဲ တစ်စုံတစ်ယောက်က စကားပြောသံလိုမျိုးကို ကြားမိဖူးလား? ဥပမာ သင်လူတစ်ယောက်ကို မေးခွန်းတစ်ခုမေးလိုက်တယ် မေးပြီးသူမဖြေခင်မှာပဲ အဖြေကို သင့်စိတ်ထဲက အာ့လိုဖြေမှာပဲဆိုတာကို အလိုလိုသိနေတာမျိုးလေ..တခါတလေ ကိုယ့်ကိုတစ်ခုခုလာပြောသွားသလို ဘယ်သူမှ မကြားတဲ့အသံတွေ ကြားကြားရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ဒီလိုတွေ ခနခနဖြစ်ရင် သင်ဟာ ဆဌမအာရုံကိုပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ပါပဲ။

၅။ ညအိမ်မက်ဆိုးတွေမက်မယ်

ဝိညာဉ်ပိုင်းဆိုင်ရာ တစ်စုံတစ်ခုက သင့်ကိုဆက်သွယ်ဖို့ကြိုးစားနေပေမယ့် သင်အာရုံမစိုက်တော့ဘူးဆိုရင် အိမ်မက်ဆိုးတွေက ဆက်သွယ်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ သူတို့က သင့်ကို သတိပေးဖို့ သင့်အာရုံစိုက်မှုကို ရဖို့ ညအချိန်တွေမှာ အထိတ်တလန့်အိမ်မက်တွေကနေတစ်ဆင့် ဆက်သွယ်ပြီးတစ်ခုခုပြောဖို့ကြိုးစားတာမျိုးဖြစ်နိုင်ပါတယ်။ အိမ်မက်တွေကို လျစ်လျူမရှုပါနဲ့. အိမ်မက်တွေနောက်က အဓိပ္ပါယ်ကိုဖော်နိုင်ရင် ကောင်းကျိုးခံစားနိုင်ရသလို ဆိုးကျိုးတွေကလည်း ရှောင်ရှားနိုင်ပါတယ်။ ကျွန်တော်တို့ အိပ်နေတဲ့အချိန်ဆို ကျွန်တော်တို့ရဲ့ သိစိတ်က အိပ်ပျော်နေတာမျိုးဖြစ်တဲ့အတွက် အ ရမ်းအားနည်းတဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီလို အိမ်မက်တွေမက်ဖူးလား?

၆။ တတိယမျက်လုံးမှာနမိတ်ပြတယ်

တတိယမျက်လုံး ဆိုတာ မျက်ခုံးနှစ်ဖက်ကြား အလယ်က နေရာလေးဖြစ်ပါတယ်။ ဝိညာဉ်ရေးရာ ကျွမ်းကျင်သူတွေ အဆိုအရ တတိယမျက်လုံးပိုင်ဆိုင်သူတွေ(clairvoyant people)တွေဟာ အနာဂါတ်မှာဖြစ်တဲ့ဖြစ်ရပ်တွေကို ဿမန် အာရုံခံဆက်သွယ်မှုထက်ကျော်လွန်ပြီး သိမြင်နိုင်တဲ့ သဘာဝစွမ်းရည်တွေရှိတယ်လို့ဆိုပါတယ်။

အနာဂါတ်မှာတစ်ခုခုဖြစ်တော့မယ်ဆိုရင် သူတို့မျက်ခုံးနှစ်ဖက်ကြားက နေရာလေးက ဖိအား(Pressure)တစ်ခုဖြစ်လာပြီးနမိတ်ခံစားမှုတွေရတတ်ပါတယ်။ အဲ့ဒီလိုလူတွေဟာ နာမ်ပိုင်းဆိုင်ရာကျင့်စဉ်တွေ ဝိညဉ်ရေးရာလေ့ကျင့်ခန်းအချို့ပြုလုပ်ခြင်းဖြင့် ထူ းခြားတဲ့ အမြင်အာရုံတွေကို အလွယ်လေးရနိုင်ပါတယ်။

၇။ အရာအားလုံးအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ထိုးထွင်းသိမြင်နိုင်စွမ်းကြီးတယ်

ဆဌမအာရုံ ရရှိထားသူတွေဟာ သူတို့ပတ်ဝန်းကျင်က လူတွေနဲ့ပက်သက်တဲ့အရာတွေကို ဿမန်ထက် ပိုပြီး ထူးခြားစွာပိုင်းခြားသိမြင်နိုင်တယ်။ အသေးစိတ်အချက်လေးတွေကအစထိုးထွင်းသိမြင်နိုင်ပြီး လူတွေရဲ့စိတ်ကိုဖတ်နိုင်ပါတယ်။ ပြောရရင် အခန်းတခုထဲမှာထည့်ထားတဲ့ ပစ္စည်းတွေကို အခြားလူတွေ မမြင်နိုင် မသိနိုင်ပေမယ့် သူတို့ကတော့ မြင်နိုင်သိနိုင်ခံစားနိုင်စွမ်းရှိပါတယ်။ ဒီလူက ဘာတွေ ဘယ်လိုလုပ်တတ်ပြီး လူလိမ်လား လူညာလား ဒီလူစိတ်ထဲဘာတွေရှိနေလဲဆိုတာမျိုး သိနိုင်ကြပါတယ်။

၈။ နောက်ဆုံးအတွေး

သင့်မှာ အလိုလိုသိစိတ်ရှိတယ်လို့ထင်ပါသလား? အခြားသူတွေ မမြင်နိုင် မကြားနိုင် တာတွေကို ကြုံဖူးပါသလား? လူတွေက မင်းကို အထူးအဆန်း သတ္တဝါတစ်ကောင်လို ဝိုင်းကြည့်ဖူးနေလား? ဒါဆိုရင် သင်ဟာ စိတ်ပိုင်းဆိုင်ရာစွမ်းအားတွေကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်နေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေဆက်လုပ်ရင် ဿမန်ထက်ထူးခြားတဲ့ သဘာဝလွန်လူသားတစ်ယောက်ဖြစ်လာပါလိမ့်မယ်။