
ရာသီခွင်တွေ သွေးအမျိုးအစားတွေလိုပဲ သင့်လက်ချောင်းအတိုအရှည်တွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက် လက္ခဏာနဲ့ သင့်ရဲ့အကြောင်းတွေကို ပြောနိင်တယ်လို့ဆိုပါတယ်။ ကဲဘယ်လိုပြောနိုင်လဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ရအောင်
လက်ညှိုးက လက်သူကြွယ်ထက်တိုတယ်

လက်သူကြွယ် လက်စွပ်ဝတ်တဲ့ လက်ချောင်းက လက်ညှိုးထက် ရှည်နေမယ်ဆိုရင် သင်ဟာ အလွန်ဆွဲဆောင်မှုရှိသူတစ်ဦးပါတဲ့။ ပြီးတော့ချစ်စရာကောင်းသလို လူတွေရဲ့ခင်မင်နှစ်လိုမှုကို အလွယ်တကူရတတ်သူတစ်ဦးပါ။ သူတို့မှာ အံသြစရကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေရှိနေတတ်ပြီး လူတွေရဲ့အာရုံစိုက်မှုကို ဘယ်လိုယူရမလဲဆိုတာ ကောင်းကောင်းသိပါတယ်တဲ့။ သူတို့တွေက စွန့်စားရတာတွေကို ကြိုက်နှစ်သက်တတ်ပြီး စွန့်စားမှုရဲ့ဆိုးကျိုးတွေကိုလည်း ခံစားရတတ်ပါတယ်တဲ့။
သူတို့စီစဉ်ထားတာဖြစ်မလာရင်တောင် နောက်တစ်နည်းနည်းက အမြဲတမ်းရှိနေတတ်ကြပါတယ်။ သူတို့က စိတ်ဓါတ်အလွယ်လေးမကျတတ်ကြပါဘူး။ သူတို့လုပ်မယ်လို့ ရွေးချယ်ထားတဲ့အရာတွေကို အံသြစရာကောင်းလောက်အောင်လုပ်ဆောင်နိုင်စွမ်းတွေရှိတတ်ကြပါတယ်။ သူတို့က အောင်မြကင်သူတွေဖြစ်ပြီး အမြဲတမ်းမြင့်မားတဲ့ပစ်မှတ်တွေ ထားလေ့ရှိတတ်ကြပါတယ်။ တချို့လူတွေက သူတို့ကို တခြားသူတွေကို တိုက်ခိုက်ဖို့ စစ်ကူတောင်းတတ်ကြပေမယ့် သူတို့ကတော့ မကူညီတတ်ပါဘူး။ လူတွေက သူတို့ဆီက အကြံတွေကို အရမ်းလိုချင်ကြပါတယ်။ သူတို့ကလည်း ရက်ရက်ရောရောပေးတတ်ပါတယ်။
လက်ညှိုးကပိုရှည်ပီး လက်သူကြွယ်တိုသူများ

သူတို့ကအလွန်ယုံကြည်မှုရှိတဲ့သူတွေဖြစ်ပြီး ခေါင်းဆောင်ကောင်းတွေဖြစ်တတ်ပါတယ်။ သဘာဝကပေးတဲ့ခေါင်းဆောင်တွေပေါ့။ သူတို့ကအေးဆေးတည်ငြိမ်တယ်။ ဘယ်သူ့ကိုမှ မျက်နှာ မပျက်စေနိုင်ပါဘူးတဲ့။ သူတို့ဟာ အလုပ်တိုင်းမှာ တာဝန်ယူမှု တာဝန်ခံမှု ရှိကြပြီး အလွန်ခွဲခြမ်းစိတ်ဖြာတဲ့စွမ်းအားရှိတတ်ကြပါတယ်။ ဆုံးဖြတ်ချက်မချခင် ဖြစ်နိုင်ချေရှိတဲ့ ရလာဒ်တွေအားလုံးကို စဉ်းစားထားတတ်ပြီး ကံကြမ္မာအလိုအရဆိုတာကို မကြိုက်ကြပါဘူး။
လက်ညှိုးလက်သူကြွယ်အတူတူပဲ

သူတို့တွေကတော့ထူးထူးခြားခြားပါပဲ။ အလွန်ဂရုစိုက်တတ်သော အရာရာမှာမျှတသော ငြိမ်းချမ်းသော အရာတွေအတွက် ကမ္ဘာမြေကြီးပေါ်ရောက်လာကြသူတွေပါ။ သူတို့မှာ အလွန်နူးညံသိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေးရှိကြပြီး ပဋိပက္ခ အခြေအနေတွေနဲ့ အန္တရယ်တွေကို ရှောင်ဖို့ ကြိုးစားတတ်ကြပါတယ်။
မသေချာ မရေရာမှုတွေက သူတို့ကို စိတ်မသက်မသာဖြစ်အောင် ခံစားရစေပါတယ်။ သူတို့စာ သူငယ်ချင်းကောင်းတွေဖြစ်ကြပြီး တခြားသူတွေကို ကူညီဖို့ အမြဲအသင့်ရှိတတ်ကြပါတယ်။ သူတို့က သစ္စာရှိပြီး ရိုးသားတယ်။အလုပ်မှာြဖစ်စေ ရင်းနှီးမှုမှာဖြစ်စေ အချစ်ရေးမှာဖြစ်စေ အမြဲတမ်း အားကိုးနိုင်ပါတယ်။ သူတို့က အလွန်အပြုသဘောဆောင်ပြီး အခြေအနေတိုင်းကို အကောင်းဘက်ကတွေးတတ်ပါတယ်။ သင့်လက်ချောင်းတွေက ရောဘယ်လိုများလဲဆိုတာ သတိထားမိလား? ခုပြောပြတာတွေကရော မှန်ရဲ့လား?