
ပန်းကန်ဆေးဘဝကနေ သန်းကြွယ်သူဌေးတစ်ဦးဖြစ်အောင် ကြိုးစားခဲ့သော လေးစားဖွယ်အမျိုးသမီး။ ကြိုးစားအားထုတ်မှုကြောင့် ပန်စကန်ဆေးဘဝကနေ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ငယ်စဥ်က မိဘနှစ်ပါးမှာ နယ်ဝေးရပ်ခြားဒေသသို့ အလုပ်သွားရောက် လုပ်ကိုင်စဥ် သူတို့မောင်နှမသုံးယောက်ကို ဦးလေးဆီမှာအပ်နှံကာ ကြည့်ရှုစောင့်ရှောက်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော်လည်း ဦးလေးဖြစ်သူသည် သူတို့မောင်နှမ အငယ်လေးတွေကို ကောင်းမွန်စွာ စောင့်ရှောက်ပေးမည့်အစား အမြဲဆူဆဲရိုက်နှက်ရုံမက မိဘနှစ်ပါး လစဥ်ထည့်လာပေးသည့် ငွေများအားလုံးကိုလည်း သူတစ်ယောက်တည်း သုံးဖြုန်းပစ်ခဲ့သေးသည်။
ထို့ကြောင့် အကြီးဖြစ်သည့် အမျိုးသမီးမှာ အသက် ၇ နှစ်အရွယ်လေးနဲ့ စားသောက်ဆိုင်တွေမှာ ပန်းကန်လိုက်ဆေးခဲ့ပြီး သူမရဲ့မောင်နှမတွေကို ပြန်လည်ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

ထို့နောက် အမျိုးသမီးသည် အသက် ၁၃ နှစ်အရွယ်တွင် ပန်းကန်ဆေးအလုပ်အပြင် ရပ်ကွက်ထဲ အဝတ်အဌားလျှော်ကာ ဝင်ငွေရှာခဲ့ပေမယ့် စားဝတ်နေရေးအတွက် မလုံလောက်ခဲ့၍ ပင်ပန်းဆင်းရဲလွန်းတာကြောင့် အားကိုးရှာသည့်အနေနှင့် အိမ်ထောင်ပြုခဲ့သည်။
အမျိုးသမီးခမျာ ကံဆိုးစွာပဲ ယူထားသည့်ယောကျာ်းမှာ ရှာမကျွေးပဲ သူမကိုယ်တိုင် ပြန်ရှာကျွေးနေရသည့်အတွက် သိပ်မကြာခင်မှာပဲ ကွာရှင်းကာ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားသို့ သွားရောက်ခဲ့သည်။

နောက်ဆုံးတွင် အမျိုးသမီးသည် ငွေအတော်များစုမိခဲ့ပြီး မွေးရပ်မြေသို့ ပြန်လာကာ စားသောက်ဆိုင်ကြီးတစ်ခု ဖွင့်လှစ်ခဲ့ပြီး ကြိုးစားအားထုတ်မှုကြောင့် လက်ရှိတွင် ဇိမ်ခံတိုက်အိမ်ကြီးနှင့်အတူ ကားလေးစီးပိုင်ဆိုင်ထားသည်။