ဂျင်းကို နေ့စဉ်စားပေးရုံ ရလာမယ့် အံ့ဩစရာအကျိုးကျေးဇူး (၆) ခု

Advertisements

ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ချက်ပြုတ်တဲ့အခါ အသုံးပြုကြပါတယ်။ ဒါ့အပြင် ဂျင်းကို ဂျင်းပြုတ်ရည်အဖြစ်လည်း အသုံးပြုလို့ ရပါတယ်။ ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်ပေးရင်၊ ဂျင်းကို နေ့စဉ်စားပေးရင် ရလာမယ့် ကောင်းကျိုးတွေကလည်း အများကြီးပါပဲ။

၁။ နှလုံးရောဂါကို ကာကွယ်နိုင်ခြင်း

နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်နိုင်တဲ့ သဘာဝသစ်ဥသစ်ဖုတွေထဲမှာ ဂျင်းက နာမည်ကြီးပါပဲ။ ဂျင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့စေပြီး ကောင်းတဲ့ ကိုလက်စထရောတွေကို များစေပါတယ်။

၂။ ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

သင်က လက်ရှိ ကိုယ်အလေးချိန်ကို ထပ်တိုးမသွားအောင် ထိန်းထားချင်တယ်ဆိုရင် ဂျင်းပြုတ်ရည်ကို မေ့မထားသင့်ပါဘူး။ ဂျင်းပြုတ်ရည်က ဗိုက်ပြည့်သလို ခံစားရစေတာကြောင့် ဝိတ်က ထိန်းပြီးသားပါပဲ။

၃။ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်း

သွေးတွင်းသကြားဓါတ်ကြောင့် ကြောက်စရာကောင်းတဲ့ ဆီးချိုရောဂါ ရလာပါတယ်။ ဒါပေမယ့် ဂျင်းကို ၁၂ ပတ်ခန့် ဆက်တိုက် စားပေးရင် သိသာတဲ့ ရလဒ်ကို တွေ့မြင်ရမှာပါ။

၄။ ဒူးနာခြင်းကို သက်သာစေခြင်း

ဂျင်းရဲ့ဆောင်ပုဒ်ကတော့ “ဒူးနာတာတွေ နောက်ထပ် မဖြစ်စေရတော့ဘူး” ပါ။ ဂျင်းကို ၆ လ ဆက်တိုက်စားရင် ဒါမှမဟုတ် ဂျင်းပြုတ်ရည် ၆ လ ဆက်တိုက်သောက်ရင် ဒူးနာက သိသိသာသာ သက်သာလာမှာပါ။

၅။ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း

အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာဆွေကို ဂျင်းက ထိထိရောက်ရောက် ကာကွယ်တိုက်ကြောင်း သုတေသနပြုချက်တွေမှာ အခိုင်အမာ ဖော်ပြထားပါတယ်။

၆။ ကိုယ်ခံအား ကောင်းစေခြင်း

ဂျင်းကို နေ့စဉ်စားပေးရင် ဖျားနာခြင်း ဆိုတာ အဝေးကို ရောက်သွားမှာပါ။ ဂျင်းကို နေ့စဉ်စားရင် ၂၁ ရက်အတွင်း ကိုယ်ခံအား ကောင်းလာပြီး ကူးစက်ရောဂါတွေကိုလည်း ကာကွယ်နိုင်သွားမှာပါ။