ထိုင်းမင်းသမီးလေး တန်မိုရဲ့ မိခင်ဟာ အိမ်ထောင် ၄ ဆက်ရှိနေပြီး မင်းသမီးဟောင်းတဦးဖြစ်နေ

Advertisements

ထိုင်းမင်းသမီး “တန်မို” ရဲ့ မိခင်ဟာ အိမ်ထောင် (၄)ဆက် ရှိပြီးတော့ တန်မို က တတိယမြောက် အိမ်ထောင် နဲ့ ရထားတာဖြစ်ပါတယ်။သူမ သေဆုံးချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ အကိုဖြစ်သူဟာ ပထမဆုံး အိမ်ထောင်နဲ့ရထားတဲ့သူဖြစ်ပါတယ်။

တတိယအိမ်ထောင်နဲ့ မင်းသမီး တန်မို ကိုမွေးပြီး အသက် ၃ နှစ်အရွယ်မှာပင် တန်မိုရဲ့ဖခင် နဲ့ ကွဲကာ စတုတ္ထအိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။

တန်မို ရဲ့ ဖခင်နဲ့ကွဲကွာချိန်မှာ ဖခင်ဖြစ်သူဟာ တန်မိုကို ခေါ်သွားနိုင်ဖို့အတွက် တန်မိုရဲ့မိခင်ထံမှ ကလေးမွေးပေးခဟုဆိုကာ ရှိသမျှစည်းစိမ်တွေကို လျော်ကြေးပေးခဲ့ရပြီး တန်မို ကို ဖခင်ဖြစ်သူက ဆက်လက်မွေးဖွားခွင့် ရရှိခဲ့တာဖြစ်တယ်လို့ တန်မိုရဲ့ ဖခင်ဖြစ်သူ အင်တာဗျူးတစ်ခုမှာ ဖြေထားတာတွေ့ရပါတယ်။

တန်မိုရဲ့ ဖခင်ဖြစ်သူ နာမကျန်းဖြစ်ချိန်မှာ တန်မိုရဲ့မိခင်ဟာ စတုတ္ထအိမ်ထောင်နဲ့ကွဲပြီး တန်မိုရဲ့ဖခင်ဖြစ်သူအနား ဆေးရုံမှာ လာရောက်ပြုစုခဲ့ပါတယ်။ အဲဒီ့အချိန်မှစပြီး တန်မိုဟာ မိခင်ဖြစ်သူအပေါ် ကောင်းမွန်စွာ ပြန်လည်ဆက်ဆံခဲ့ပါတယ်။

ဖခင်ဖြစ်သူသေဆုံးသွားချိန်မှာ တန်မို က ” အဖေမရှိတော့ရင် သမီးနားမှာ ဘယ်သူမှမရှိတော့ဘူး” လို့ အသ်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဘူးပါတယ်။ တန်မိုရဲ့ မိခင်ဟာလည်း တစ်ချိန်က မင်းသမီးဟောင်းတစ်ယောက်ဖြစ်ပါတယ်။

Chan Nyein Soe – Idea in Bangkok