ခြင်ဆေးခွေ မလို အင်မတန် အစွမ်းထက်တဲ့ ခြင်မလာအောင် ကာကွယ်တဲ့ အိမ်တွင်းဆေးနည်း

Advertisements

ဆေးရည်ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ စပါးလင်အရွက်၊ လေးညှင်းပွင့် ၊ သံပုရာသီး တို့ဖြစ်ပါတယ်။ ၃ ခုလုံးကို ရေမြုတ်အောင်ထည့်ပြီး ရေတဝက်ရောက်အောင် ပြုတ်ပေးပါ။ ( အဖုံးအုပ်ပြီးပြုတ်ပါ )

စပါးလင်အရွက်ဖားဖားတပင် ၊ လေးညှင်းပွင့် ဆယ်ပွင့်၊ သံပုရာသီး ၃ လုံး နှုန်း ကို ရေ ( ရေသန့် ဗူး တဗူးခွဲ ) ထည့်ပြုတ်ပြီး အရည် တလီတာနီးနီးအကျန် ( ရေသန့်ဗူးတဗူးမပြည့်တပြည့် ) ရေတဝက်ကျန်က ပိုကောင်းပါသည်။

ပြုတ်ပြီးအဖတ်တွေကို ခြင်တွေပေါက်နိုင်တဲ့ ရေဝပ်နေတတ်သောနေရာ မှောင်နေတတ်သောနေရာတွေကို ထားလိုက်ပါ… ပြုတ်ပြီးအရည်များကို ခြင်ဆေးရေအဖြစ် ရေဖြန်းဗူးတွင်ထည့်ဖြန်းပါ…

တပတ်လောက်တော့ အထားခံပါသည်။ ပြုတ်ပြီးလျှင် အေးသွားပါက အရည်နှင့်အဖတ်များကို သီးခြားဖြစ်အောင်ထားပေးပါ ။တောရှောက်ခါးသီးနှင့်လုပ်ပါက အနံ့ပိုကောင်းပါသည်။

မိမိအိမ်ပတ်ဝန်းကျင်နှင့် အိမ်ပြင် ဖက်တွင် ရေမြောင်းနှင့်အမှိုက်များကို ရှင်းလင်းပေးပါ။ ခြင်ကိုက်မခံပါနှင့် သက်ကြီးရွယ် အိုများနှင့် ကလေးသူငယ်များနေ့မှာအိပ်အိပ် ညမှာအိပ်အိပ် ခြင်ထောင်နှင့်အိပ်ပါ။