ဒဏ်ရာရရှိထားတဲ့ မိကျောင်းကို ကယ်တင်ခဲ့ပြီး အနှစ် 20 လောက်မိသားစုလို အတူနေထိုင်ခဲ့ပြီးနောက် ဆုံးရှုံးလိုက်ရတဲ့ အမျိူးသား

Advertisements

မိကျောင်းတို့က အလွန်ရိုင်းပြီး ရန်လိုတက်တဲ့ သတ္တဝါများဖြစ်ပါတယ် ။ ဒါပေမဲ့လည်း မိကျောင်းကို ကယ်တင်ခဲ့တဲ့ ကော်စတာရီကာက တံငါသည်တစ်ဦးကတော့ မိကျောင်းနဲ့အတူ နှစ်ပေါင်း 20 ကျော် နေထိုင်လာကာ လူနဲ့ မိကျောင်းကြား ဆက်ဆံရေးက မယုံနိုင်လောက်အောင် ဒဏ္ဍာရီဆန်လှပါတယ် ။

1989 ခုနှစ်မှာ Chito အမည်ရှိ တံငါသည် လူငယ်တစ်ဦးက ပြင်းထန်စွာ ဒဏ်ရာရရှိတဲ့ အမေရိကန်မိကျောင်းကို မြစ်ကမ်းစပ်မှာ တွေ့ရှိခဲ့ပြီး Chito ဟာ ကရုဏာသက်စွာပင် မိကျောင်းကို လှေပေါ်တင်ဖို့ သူ့သူငယ်ချင်းတွေနဲ့ အိမ်ခေါ်ပြန်ခဲ့ပါတယ်။

Chito က မိကျောင်းကို Pocho လို့ နာမည်ပေးပြီး ကောင်းကောင်း ပြုစုခဲ့ပါတယ် ။ ညဘက်မှာတောင် Pocho နဲ့ အတူအိပ်ခဲ့ပါတယ် ။ လအတော်ကြာပြီးနောက် Pocho ရဲ့ ဒဏ်ရာက တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသောကြောင့် Chito ဟာ အနီးနားရှိမြစ်ထဲသို့ခေါ်သွားပြီး တောထဲသို့ပြန်ပို့ခဲ့ပါတယ် ။

မထင်မှတ်ပဲ နောက်နေ့မနက်မှာ Pocho က Chito ရဲ့ ခြံဝမှာ ပြန်ရောက်လာပြီး အံ့အားသင့်သွားခဲ့ပါတယ် ။ အဲ့ဒီလိုနဲ့ပဲ Pocho က သူ့ရဲ့သခင်နောက်ကို ခွေးတစ်ကောင်လိုပင် လိုက်နေခဲ့ပါတယ် ။

ဒါပေမဲ့ နောက်ပိုင်းမှာ ဝမ်းနည်းစရာကြုံလာပြီး Pocho က 2011 ခုနှစ် အောက်တိုဘာလမှာ အသက်ကြီးစွာဖြင့် ကွယ်လွန်သွားခဲ့ပါတယ် ။ ခန့်မှန်းခြေအားဖြင့် အသက် 50 မှ 60 ခန့်ရှိပြီဖြစ်ပါတယ် ။ Chito က Pocho ကွယ်လွန်မှုအတွက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုကို စီစဉ်ခဲ့ပါတယ် ။

ဈာပနမှာ ဒေသခံပြည်သူများကလည်း Pocho ကို ချစ်နှစ်သက်ကြပြီး အများအပြား တက်ရောက်ခဲ့ကြပါတယ် ။ ထိုအချိန်တွင် Chito က အသုဘအတွင်း ရှိုက်ကြီးတငင် ငိုပြီးသူ့အတွက်ကတော့ Pocho ဟာ သူ့မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်တာကြောင့် အစားထိုးလို့မရပါဘူး ။

Chito က နောက်ပိုင်းမှာ အမေရိကန်မိကျောင်းကို ပြန်လည်မွေးစားခဲ့ပြီး Pocho ကို မွေးမြူတဲ့နည်းအတိုင်း မွေးမြူထားကြောင်း သိရပါတယ် ။ Pocho Jr. လို့ နာမည်ပေးခဲ့ပေမယ့် သူ့နှလုံးသားထဲမှာ Pocho ကို မေ့ပျောက်နိုင်မာမဟုတ်ဘူးဆိုတာ သေချာပါတယ် ။ Chito နဲ့ Pocho အကြား ချစ်ကြည်ရင်းနှီးမှုကို video နဲ့ ပြသပေးထားပါတယ် ။