ကိုယ်အလေးချိန် သိသာစွာ ကျဖို့အတွက် ညစာစားသုံးရာ ပြောင်းလုပ် ကြည့်သင့်တဲ့ လွယ်ကူရိုးရှင်းတဲ့ အကျင့် ၉ ချက်

Advertisements

ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ဟင်းလျာတစ်ခုရဖို့အတွက် ကရိကထများပြီး ခက်ခဲတယ်လို့ဆိုကြပါတယ်။ မဟုတ်ပါဘူး။ ညစာစားရာမှာ ယခုဖော်ပြထားတဲ့ လွယ်ကူရိုးရှင်းတဲ့ အကြံပြုချက်လေးတွေ၊အချက်လေးတွေ အပြောင်းအလဲလေးတွေ လုပ်ရုံနဲ့သင့်ရဲ့ ကိုယ်အလေးချိန်ကို သိသာစွာကျဆင်းစေနိုင်ပါတယ်။

၁။ စားလို့ပိုတာတွေကို သိမ်းဆည်းပါ

ပိုနေရင် ထသွားပြီး၊ပြန်စားလိုက်၊ နောက်တစ်ကြိမ် ထပ်စားလိုက်နဲ့နှမြောလို့စားနေရင်တော့ မဖြစ်သေးပါဘူး။ ညစာ စားလို့ကျန်တာတွေကို သိမ်းထားလိုက်ရင် နောက်နေ့နေ့လည်စာအတွက်တောင် အဆင်သင့်ဖြစ်နေမှာပါ။

၂။ ဆန်အဖြူမစားဘဲ အညိုပြောင်းစားကြည့်ပါ

အညိုရောင်ဆန်မှာ အာဟာရတန်ဖိုးတွေ ပိုမိုပါဝင်ပြီး အုပ်စု ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

၃။ ထောပတ်နဲ့ပေါင်မုန့်ကို ဖြတ်လိုက်ပါ

ညစာမစားခင် ထောပတ်နဲ့ပေါင်မုန့်စားတတ်တဲ့အကျင့်ကို ဖြတ်လိုက်ပါ။

၄ ။ အသီးခြောက်တွေကို မေ့လိုက်ပါ

ကယ်လိုရီများတဲ့ သစ်သီးခြောက်တွေမစားဘဲ လတ်ဆတ်တဲ့အသီးအနှံကို ပြောင်းစားပေးပါ။

၅ ။ ပေါင်းစား၊ဖုတ်စားပါ ဘယ်တော့မှ ကြော်မစားပါနဲ့

အဆီပမာဏနဲ့ကယ်လိုရီပမာဏ ပိုမိုပါဝင်တဲ့ ဆီနဲ့ကြော်တဲ့ ဟင်းလျာတွေအစား ပေါင်းထားတဲ့ အရာစားကြည့်ပါ။

၆ ။ ပန်းကန်အရွယ်အစားသေးသေးနဲ့စားပါ

လိုအပ်တဲ့ကယ်လိုရီပမာဏထက် ပိုမစားမိအောင်လို့ညစာ စားတဲ့အခါ ပန်းကန်အရွယ်အစားသေးသေးနဲ့စားတာက အကောင်းဆုံးပါ။

၇ ။ အာလူးချောင်းကြော်အစား ဟင်းသီးဟင်းရွက်စားပေးပါ

ညစာမစားခင် နှုတ်မြိန်အောင် အာလူးချောင်းကြော်လေး စားတတ်တဲ့အကျင့်ကို ဖျောက်ပြီး ဟင်းသီးဟင်းရွက်တစ်ခုခုကိုပဲ ကျန်းမာရေးနဲ့ညီညွတ်ဲ့ အရွက်တို့စားတဲ့အချဉ်ရည်လေးနဲ့သုံးဆောင်ကြည့်ပါ။

၈ ။ ရှာလကာရည်က မလိုင်ထက် ပိုကောင်းပါတယ်

မလိုင်ပါတဲ့ သင့်အကြိုက်အစားအစာတွေမစားဘဲ ရှာလကာရည်နဲ့ဆီရောထားတဲ့ စားမြိန်ရည်နဲ့သုပ်ထားတဲ့ အသီးအရွက်သုပ်တစ်မျိုးမျိုး သုံးဆောင်ကြည့်ပါ။

၉ ။ ဟင်းခတ်အမွှေးအကြိုင်ထည့်ပါ။ ဆော့မထည့်ပါနဲ့

ဟင်းခတ်အမွှေးအကြိုင်တွေက ကယ်လိုရီမပါဝင်သလို အနံ့အရသာလည်း ကောင်းမွန်ပါတယ်။