
အခုအဖြစ်အပျက်လေးက မိဘတွေအားလုံးအတွက် အရမ်းကို ရင်ထိတ်စရာ ဖြစ်စေခဲ့ပါတယ်။ သားသမီးကို မျက်စိအောက်က အပျောက်မခံ ကြည့်ရှုနေတဲ့ကြားက ဒီလိုမျိုးကြုံရတဲ့အခါ တကယ့်ကို ဝမ်းနည်းရပါတယ်။

မိဘတွေအနေနဲ့ ကလေးငယ်ရဲ့အရုပ်တွေကို အခြားနေရာတွေမှာ ဖုံးကွယ်ထားတာမျိုး ၊ နေအိမ်အတွင်းဖက်တွေမှာ ထားတတ်တာမျိုး အချို့ပြုမှုတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း နေအိမ်အပြင်ဖက်မှာ ထားရစ်ထားတဲ့ ကလေးစက်ဘီးလေးထဲမှာ မြွေတစ်ကောင်ရစ်ခွေပြီး ပုံးအောင်းနေခဲ့တာပါ ။

ဒါကို ကလေးငယ်က သတိမထားမိဘဲ ပျော်ရွှင်စွာ စက်ဘီးကိုစီးခဲ့လို့ နောက်ဆုံးရလဒ်အနေနဲ့ ခြေထောက်မြွေပေါက်ခံခဲ့ရပါတယ် ။ အသက်သေဆုံးခြင်း မရှိခဲ့ပေမဲ့ နည်းနည်းလောက် နောက်ကျခဲ့မယ်ဆိုရင်တော့ ရလဒ်က မတွေးဝံ့စရာပါ။

ဒါကြောင့် ကလေးငယ်တွေရဲ့ ဆော့စရာတွေကို မိဘတွေအနေနဲ့ တစ်နေရာရာမှာ ဖုံးကွယ်ထားတာမျိုး ပြုလုပ်တာက အလွယ်တကူ မြွေတွေရဲ့ခိုအောင်းနိုင်ရာနေရာဖြစ်တတ်လို့ အထူးသတိထားဖို့ အကြံပေးလိုက်ရပါတယ် ။