
ပျားရည်ထဲ ဘာပစ္စည်း ဘယ်ရာခိုင်နှုံး ပါတယ် သိဖို့အထိ ကျတော့ ကျွမ်းကျင် ပညာရှင်မှ ရတယ်။ဒါပေမဲ့ ပျားရည် သဘာ၀ ဟုတ်မဟုတ်၊အရောကင်း ၏ မကင်း ၏ သိဖို့ စမ်းတာကျတော့ လူတိုင်း လုပ် ကြည့်နိုင် တာပဲ။

၁။ ထုတ်လုပ်သူတွေ ရဲ့ အညွှန်းစာမှာ တခြားအပိုတွေ စပ်ထား မထား ပါပါ လိမ့်မယ်။ဖတ်ပြီးရွေး ဝယ်ပါ။
၂။ သဘာ၀ ပျားရည်က မစေး ကပ်ဘူး ပျားရည် နည်းနည်း ကိုယူ လက်မနဲ့ လက်ညိုးကြား ထားပြီးပွတ် ကြည့် သဘာ၀ ပျားရည် က အသားထဲ အသာစိမ့်ဝင်သကြားနဲ့အချိုရောထားရင်စေးကပ်ပြီး ပွတ်ရတာ မချောမွေ့ဘူး

၃။ အပူပေးကြည့်လို့ ညိုညိုလေးနဲ့အိုးကပ်သွားရင် အစစ်။ အမြုပ် တစီစီ နဲ့ ပလုံထိုး တက်လာရင် အတု။
၄။ စက္ကူပေါ်ချကြည့် လို့ စက္ကူ ရိပြီး စိုရင်၊ပေါက်ရင် ရေတွေ ပါနေတယ်။
၅။ ပျားရည် ထဲမှာ ပျားရဲ့ဂလင်းတွေက ထွက်တဲ့ သဘာ၀ ပိုးသတ်တဲ့ ဓာတ်တွေပါလို့ ပုရွက်ဆိတ် မတက် ဘူး..။

၆။ လျှာပေါ်တင်ပြီးပွတ်ကြည့် ပျားရည် က စပ် ယားယား ပအာတာ ခံစား ရတယ်။ အတုက ချိုပြီးကောင်းနေရော။
၇။ရေထဲ ထည့်လိုက်ရင် ပျားရည်က အလုံးလေး အတိုင်းကျ သွားမယ်။ တခြားဟာ ကပျော်ပြီးပြန့်သွားမယ်။

၈။ပေါင်မုန့်ပေါ်တင်ကြည့်ရင်ပေါင်မုန့် ဟာခြောက်ခြောက်ကလေး ပဲနေရမယ်။ စိုထိုင်း ထိုင်းဖြစ် သွားရင် ဒါဟာရေနဲ့ အရောပါနေပြီ

၉။ ကြက်ဥ အကာထဲ ထည့်လို့ ကြက်ဥ အကာ ကျက်သွားရင် အစစ်..
၁၀။ ကြာရင် ပျားရည် က ပုံဆောင်ခဲဖြစ်လာ တယ်။ အတု က ဘာမှ ပုံမပျက်ဘူး။