
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၂၃ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၏ သတင်းစာမျက်နှာများတွင် The Gone Leaf ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် ထိုင်းမင်းသမီးချော Tangmo Pattaratida သည် ရေထဲသို့မတော်တဆ ပြုတ်ကျခဲ့ပြီး သတင်းအချက်အလက်တွေအရ သူမဟာ ချောင်ပရာယာမြစ်ထဲ လှေပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

Tangmo ရဲ့ လက်ရှိချစ်သူ ကောင်လေးကလည်း သူ့ချစ်သူကောင်မလေး ကိစ္စအတွက် ယူကြုံးမရဖြစ်နေပြီး Tangmo ရဲ့ သတင်းစကြားကြားချင်း ညဘက်မှာတင် မြစ်ကမ်းနားမှာ ချစ်သူလေးပြန်အလာကို ထိုင်စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။Tangmo Pattaratira ရဲ့ Boyfriend က အနေအေးပြီး ရိုးသားသူတစ်ယောက်ဖြစ်ပြီး ချစ်သူလေးအပေါ်မှာလည်း ဂရုစိုက်ပြီးချစ်ပြတက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

မင်းသမီးချော Tangmo ရဲ့ ချစ်သူကောင်လေးက သူတို့နှစ်ဦးရဲ့ အမှတ်တရဖြစ်စေခဲ့တဲ့ အရာလေးတွေကို သူပိုင်ဆိုင်ခွင့်ရစေဖို့ ရိုးသားစွာနဲ့ တောင်းဆိုခဲ့ပြီး ချစ်သူလေးရဲသီးဆီက သူမသိပ်ချစ်တဲ့ကြောင် လေးအပါအဝင်

Nong Mo ပုံတစ်ပုံ Nong Mo အိပ်ခဲ့တဲ့ ခေါင်းအုံး နဲ့ အရုပ်တွေနဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ အမှတ်တရပစ္စည်းလေးတွေကို ပိုင်ဆိုင်ခွင့်ရဖို့ တောင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Tangmo ရဲ့ချစ်သူကောင်လေးဟာ Tangmo ရဲ့ ဈာပနအခမ်းအနားကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ထားတဲ့ လက်စွပ်လေး ယူလာခဲ့ပြီး ဒီလက်စွပ်လေးကို အခေါင်းထဲက “တန်မို” ရဲ့လက်မှာ စွပ်ပေးလိုက်မယ်လို့ သိရပြီး

“လက်ထပ်လက်စွပ် ငါသူ့ကို ပေးလိုက်ပြီးနော်၊ ငါတို့နှစ်ယောက် လက်ထပ်ပြီးသွားပြီ” လို့ တန်မို ရဲ့ သူငယ်ချင်းတစ်ယောက်ကို သက်သေထားပြီး ပြောပြခဲ့သေးတာလည်း ဖြစ်ပါတယ်။