
နှစ်ပေါင်း ၄၀ အကြာ မိဘမဲ့ကလေးငယ် ၈၇ ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့သော လေးစားဖွယ်ရာ အမျိုးသမီးတစ်ဦး။ မိဘမဲ့ကလေးငယ် ၈၇ ယောက်ကို နှစ်ပေါင်း ၄၀ အကြာ ပြုစုပျိုးထောင်ကာစောင့်ရှောက်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံ Guangxi ပြည်နယ်တွင် နေထိုင်သော အမျိူးသမီးတစ်ဦးသည် အစိုးရဆေးရုံတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ရာ ဆင်းရဲနွမ်းပါးသည့်

မြေးအဖွားနှစ်ယောက်ကို တွေ့ရှိခဲ့ပြီး ကူညီရန်ဆုံးဖြတ်ခဲ့ရာကနေ မြေးဖြစ်သူကို ကျောင်းဆက်ထားပေးခဲ့သည်။

ထို့အတူ ဆေးရုံလာတက်ပေမယ့် လူနာစောင့်မရှိသော အဖွားအိုတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ရာ အိမ်သို့လိုက်သွားကြည့်ပြီး အားပေးစကားပြောရာတွင် အနီးနားမှာရှိသော အိမ်တွေကလည်း

အဝတ်အစားနဲ့ စားဖို့သောက်ဖို့ ချိုယွင်းနေတာကိုမြင်ပြီး စိတ်မကောင်းလွန်း၍ နောက်တစ်နေ့မှာ အဝတ်အစားထုပ်အချို့ကိုထမ်းကာ ယူသွားပေးခဲ့သည်။

ထို့နောက် အမျိုးသမီးကြီးသည် ဆင်းရဲနွမ်းပါးသောကြောင့် ကျောင်းမတက်ရသော ကလေးငယ်များကို ဘွဲ့ရသည်ထိ ပံ့ပိုးပေးခဲ့ပြီး မိဘမဲ့ဖြစ်နေသည့် ကလေးငယ်များကို သူမအိမ်သို့ ခေါ်ပြန်ကာ ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည်။