
လူတိုင်းမှာ ချမ်းသာနိုင်တဲ့အခွင့်အလမ်း ရှိပါတယ် သို့သော် လူတိုင်းချမ်းသာလာမယ်လို့တော့ မဆိုလိုပါဘူး။ တစ်ချို့လူတွေဟာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု၊ ဇွဲ၊ လုံ့လ၊ အကြံဉာဏ်တွေကြောင့် ချမ်းသာလာကြသလို၊ တစ်ချို့ကျတော့လည်း ကံဇာတာကိုက အရမ်းကောင်းနေလို့ ချမ်းသာလာကြတာပါ။ ခုဖော်ပြပေးမှာကတော့ အသက် (၃၀) မတိုင်ခင်မှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာနိုင်တဲ့ ရာသီခွင် (၄) ခုပဲဖြစ်ပါတယ်။
( ၁ ) Virgo ကန်ရာသီဖွား(August 23 – September 22)

ဒီရာသီဖွားတွေဟာ အလုပ်တစ်ခုခုကို လုပ်ပြီဆိုရင် အသေးစိတ်လွန်းပြီး အရမ်းလည်း စူးစိုက်နိုင်တဲ့သူတွေပါ။ အလုပ်လည်းအရမ်းကြိုးစားတဲ့အပြင် အောင်မြင်လိုစိတ်လည်းကြီးမားတဲ့သူတွေဖြစ်ပါတယ် ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် ခေါင်းအေးအေးထားပြီး အကောင်းဆုံးကို တွေးခေါ်နိုင်စွမ်းရှိတဲ့သူတွေပါ။ ဒါကြောင့် ဘယ်လိုအလုပ်မျိုးကိုပဲဖြစ်ဖြစ် စိတ်ရှည်ရှည်ထားပြီး လုပ်နိုင်တဲ့သူတွေဖြစ် တာကြောင့် သူဌေးဖြစ်ဖို့ အလွယ်ကူဆုံးရာသီဖွားတွေဖြစ်ပါတယ်။
( ၂ ) Taurus ပြဿရာသီဖွား (April 20 – May 20)

ရာသီဖွားတွေဟာ အလုပ်အရမ်းကြိုးစားတဲ့သူတွေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်တဲ့သူတွေဖြစ်ပါတယ်။ အရှုံးတွေကိုရင်ဆိုင်ရတဲ့အခါတွေမှာ ဘယ်တော့မှ ပြိုလဲသွားမယ့်သူတွေမဟုတ်ပါဘူး အမှားကနေ သင်ခန်းစာယူတတ်တဲ့သူတို့ဟာ ချမ်းသာနိုင်ခြေ အများဆုံးဖြစ်တဲ့ ရာသီခွင်တွေဖြစ်ပါတယ် ။
( ၃ ) Scorpio ဗြိစ္ဆာရာသီဖွား (October 23 – November 21)

ဒီရာသီဖွားတွေဟာ အလိုလိုသိမြင်နိုင်စွမ်းရှိတဲ့ စိတ်ခွန်အားကြီးတဲ့သူတွေပါ လောကကြီးကို သူများနဲ့မတူတဲ့ ရှုထောင့်ကနေ ကြည့်မြင်တတ်တဲ့သူတွေဖြစ်သလို အရမ်းလည်းကြိုးစားတဲ့သူတွေပါ။ အလုပ်တစ်ခုခုကို လုပ်ပြီဆိုရင် အာရုံစူးစိုက်မှုအပြည့်ရှိပြီး ငွေရှာတော်တဲ့သူတွေဖြစပါတယ် ဒါကြောင့် သူတို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာနိုင်ခြေအများဆုံးဖြစ်နေတာပါ။
( ၄ ) Capricorn မကာရရာသီဖွား ( December 22 – January 19)

ဒီရာသီဖွားတွေဟာ ဆင်းရဲတဲ့ဒဏ်ကို လုံးဝမခံနိုင်သလို ဆင်းရဲမှာကိုလည်းအရမ်းကြောက်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ငွေကို အရမ်းတန်ဖိုးထားတဲ့အပြင် ငွေရှာလည်းတော်ကြပါတယ် အဓိကကတော့ပိုက်ဆံကို ခြိုးခြံခြွေတာပြီး သုံးတတ်တဲ့သူတွေဖြစ်ပါတယ်။သူများတွေအမြင်မှာကပ်စေနည်းတယ်လို့ အထင်ခံရပေမယ့် တကယ်တမ်းကတော့ ငွေကိုတန်ဖိုးထားခြင်းဖြစ်ပြီး ဒါကြောင့်လည်း ချမ်းသာလွယ်တာဖြစ်ပါတယ်။