
ဗီယက်နမ်နိုင်ငံ Cao Bang ပြည်နယ်မှ Be Thi Bang လို့ခေါ်တဲ့ မိန်းကလေးဟာ သူမရဲ့ကိုယ်ရေးကိုယ်တာစာမျက်နှာပေါ်မှာ သူမ အသက် 24 နှစ်က မမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုကိုကြုံတွေ့ခဲ့ရကြောင်းကို ဝေမျှလာခဲ့ပါတယ် ။

ထိုအချိန်မှာ Bang က ခရီးသွားခဲ့ပြီး ကံမကောင်းစွာဖြင့် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် သူမက ဆေးရုံမှာ မေ့မြောနေခဲ့ပြီး ၄ ရက်အကြာမှာ သူမရဲ့ခြေထောက်တစ်ဖက်ကို စွန့်လွှတ်ခဲ့ရပါတယ် ။

သူမနိုးလာတဲ့အခါမှာ Bang က အရာအားလုံးပြိုကွဲသွားသလိုခံစားရသူပြီး ရှေ့ဆက်ရန်အတွက် အားအင်တွေ မရှိတော့သလို ခံစားရတယ်လို့ ဆိုပါတယ် ။
ကံကောင်းထောက်မစွာ၊ Bang ရဲ့အနားမှာ သူမအား ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်ကို ကျော်လွှားနိုင်ရန် အားပေးကူညီခဲ့တဲ့ မိဘများက အမြဲရှိနေပါတယ် ။ တဖြည်းဖြည်းနဲ့ Bang က အရာအားလုံးကို လက်ခံဖို့ ကြိုးစားပြီး သူမ ရှေ့ကိုဆက်သွားရမယ်လို့ သူ့ကိုယ်သူ ပြောခဲ့ပါတယ် ။

ကုသမှု ၂၁ ရက်နဲ့ အိမ်မှာ 2 လကျော်ကြာ ပြန်လည်ကောင်းမွန်လာတဲ့အခါ Bang က ခြေထောက်တစ်ဖက်တည်းဖြင့်အသက်ရှင်ရန်တဖြည်းဖြည်းအသက်ဝင်လာခဲ့ပါတယ် ။ အဆိုပါချို့ယွင်းချက်က တစ်ခါတစ်ရံမှာ သူမကို အားငယ်စေသော်လည်း Bang က အကောင်းသဘောဖြင့် အမြဲရှုမြင်ခဲ့ပါတယ် ။

ထို့နောက် ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်နိုင်ရုံသာမက၊ Bang က မြင်းစီးခြင်း၊ ရေကူးခြင်း၊ ကြိုးခုန်ခြင်းစတဲ့ အခြားသော အားကစားများစွာလည်း ပါဝင်ယှဥ်ပြိုင်လာခဲ့ပါတယ် ။ Bang ကို တဖြည်းဖြည်း နာမည်ကြီးလာစေရန် ကူညီပေးခဲ့တာက သူမရဲ့ အားထုတ်မှုနဲ့ ယုံကြည်မှုတို့ ဖြစ်ပါတယ် ။

လက်ရှိမှာ သူမက အကရှိုးတွေမှာ ပါဝင်တဲ့အပြင် အပိုဝင်ငွေရရှိရန် YouTube အပိုင်းမှာလည်း အလုပ်လုပ်ပါတယ် ။ ဒါ့အပြင် သူ့မှာ ကိုယ်ပိုင်မိသားစုလည်း ရှိနေခဲ့ပါပြီ ။