
တရုတ်နိုင်ငံရှိ Net Idol များက အလွန်ရေပန်းစားပြီး တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှု ပြင်းထန်ကြပါတယ် ။ အများစုမှာ ပရိသတ်များကို ဆွဲဆောင်ရန် လှပသူတဲ့ အသွင်အပြင်ကို အသုံးပြုကြပြီး အချို့မှာ မိတ်ကပ် သို့မဟုတ် အက်ပ်လီကေးရှင်းကို အားကိုးကြပါတယ် ။

ပလပ်စတစ်ဆာဂျရီကို တော်တော်များများက လှည့်မကြည့်ခဲ့ကြပါဘူး ။ ၎င်းတို့ထဲမှ “Xiao Nana” ဆိုတဲ့ မိန်းကလေးငယ်က ခွဲစိတ်မှုပေါင်း 100 ကျော်ကို ခံယူထားသူဖြစ်ပါတယ် ။

“Xiao Nana” သို့မဟုတ် “Zhou Chunna” ဆိုတဲ့ အသက် 18 နှစ်အရွယ် net idol က သူမဟာ အသက် 13 နှစ်ကတည်းက ပလပ်စတစ်ဆာဂျရီလုပ်ခဲ့ပြီး လက်တွေ့ဘဝမှာ barbie ဖြစ်လာစေရန်အတွက် သူမက ပလပ်စတစ်ဆာဂျရီအတွက် ပိုက်ဆံများစွာသုံးစွဲရန် မတွန့်ဆုတ်ခဲ့ပါ ။

Xiao Nana က အမျိုးမျိုးသော ခွဲစိတ်ကုသမှုများကို ခံယူခဲ့ပြီး မျက်ခွံနှစ်ထပ်ခွဲစိတ်မှု၊ မျက်လုံးထောင့်၊ ကြံ့ဖွံ့၊ အရိုးခွဲစိတ်မှု၊ မျက်နှာကို ပြုပြင်ပေးခြင်း၊ နှုတ်ခမ်းသားကို ပြုပြင်ခြင်း၊ ရင်သားကို ပြုပြင်ခြင်း၊ တင်ပါးစသည်ဖြင့် အပါအဝင်ဖြစ်ပါတယ် ။

အကြိမ်ကြိမ်လုပ်ပြီးနောက်မှာတောင် “မလုံလောက်ဘူး” လို့ ခံစားရတာကြောင့် နောက်တပ် နောက်ထပ် ပြုလုပ်ခဲ့ပါတယ် ။ ကံကောင်းထောက်မစွာ၊ သူ့မိသားစုတွေက တော်တော်ချမ်းသာလို့ မိဘတွေက နားလည်ပေးပြီး ခွဲစိတ်ဖို့ အားပေးကြပါတယ် ။

ပလပ်စတစ်ဆာဂျရီလုပ်ခြင်းကြောင့် သူမရဲ့မျက်နှာက ပြောင်းလဲမှုဖြစ်လာပြီး တစ်နှစ်မှာ လေးကြိမ် ID ကတ်ကို ပြောင်းရတယ်လို့ Xiao Nana က ဆိုပါတယ် ။

သူမက ပလပ်စတစ်ဆာဂျရီ အလွန်အကျွံ ခွဲစိတ်မှုကြောင့် ခန္ဓာကိုယ် ယိုယွင်းလာပြီး အိမ်ကနေ ထွက်လာပြီး ၃ လကြာ အပန်းဖြေခရီးထွက်ခဲ့ပါတယ် ။

သူမရဲ့ အံ့သြထိတ်လန့်ဖွယ်အသွင်အပြင်ပြောင်းလဲမှုကြောင့် အင်တာနက်အသုံးပြုသူများက ပြင်းထန်စွာဝေဖန်မှုများစတင်ဖြစ်ပေါ်စေခဲ့ပြီး လူအချို့က Xiao Nana ကို “မြွေမျက်နှာ” သို့မဟုတ် “ဂြိုလ်သား” လို့ပင် ခေါ်ဆိုခဲ့ကြပါတယ် ။

ဒါပေမဲ့လည်း သူမက ထိုဝေဖန်မှုများကို လျစ်လျူရှုခဲ့ပါတယ် ။ သူမအတွက်တော့ ပလပ်စတစ်ဆာဂျရီဟာ ကောင်းမွန်တဲ့ ခွဲစိတ်မှုတစ်ခုလို့ သူမယူဆပါတယ် ။