
ပရဟိတအလုပ်တွေကို တက်တက်ကြွကြွနဲ့ အားတက်တရောလုပ်ကိုင်နေတဲ့ မင်းသမီးခိုင်နှင်းဝေကို မသိတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ခိုင်နှင်းဝေက ယခုလက်ရှိမှာ

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ထူထောင်ထားပြီး ခိုကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးလေးတွေကို စောင်ရှောက်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ခက်ခဲတဲ့ ကာလမှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေသူတွေကို တတ်နိုင်သလောက် ထောက်ပံ့ ကူညီပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလို ဆေးဝါး

ကုသိုလ်တွေလည်း အမြဲလုပ်လေ့ရှိပါတယ် ။ ခိုင်နှင်းဝေကတော့ အဘက်ဘက်ကနေ လိုအပ်တဲ့နေရာတွေကို ကူညီပေးနေသူမို့ တကယ်ကို လေးစားစရာပါပဲ ။

အခုမှာတော့ မွေးနေ့အမှတ်တရ အနေနဲ့ အမှန်တကယ် လိုအပ်နေတဲ့ နေရာလေးမှာ အလွန်မွန်မြတ်သော အလှူလေးတစ်ခု ပြုလုပ်ဖြစ်ခဲ့ပုံကို ” မွေးနေ့ အလှူ…??? ခုနှစ်ရက် သားသမီးများ ကောင်းမှု အဖြစ် အမှန်တကယ် လိုအပ်နေသော နေရာလေးမှာ ဓမ္မာရုံ အဆောက်အဦးကို ဆောက်လုပ်လှုဒါန်းကုသိုလ်ပြုဖြစ်ခဲ့ပါတယ်..

သာဓု သာဓု သာဓု ခေါ်ဆို၍ အကျိုးကျေးဇူး ထပ်တူ ထပ်မျှ ရရှိနိုင်ကြပါစေရှင်….???…” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။