ငွေစုခြင်းဖြင့် သူမရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲခဲ့ပြီးနောက် ရလာတဲ့အကျိုးဆက်ကို အံ့အားသင့်သွားခဲ့ရတဲ့ အမျိုးသမီးတစ်ဦး

Advertisements

အသက် ၃၉ နှစ်အရွယ် Jalyn Navio အမည်ရှိအမျိုးသမီးဟာဖိလစ်ပိုင်နိုင်ငံရှိ သူနာပြုဘွဲ့ရတစ်ဥဦးဖြစ်ပေမဲ့လည်း ၂၀၀၂ ခုနှစ်မှာ အသိများမရှိတဲ့ဟောင်ကောင်မြို့သို့ သားပြီးအလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Navioဟာတိုင်းတစ်ပါးနိုင်ငံရှိသဘောကောင်းတဲ့အိမ်တစ်လုံးမှာအလုပ်လုပ်ခွင့်ရခဲ့ပါတယ်။

Navio ဟာသင်္ဘောသားတစ်ဦး နဲ့လက်ထပ်ခဲ့ပေမဲ့အိမ်ထောင်ရေးကအဆင်မပြေခဲ့တာကြောင့်အခုတော့သူမဟာဟောင်ကောင်မှာ တစ်ကိုယ်တည်းနေထိုင်လျက်ရှိပါတယ်။Navio ဟာ လစဉ်လတိုင်းသူမရဲ့အလုပ်မှဟောင်ကောင်ဒေါ်လာ၈၂၀၀(၁၈သိန်း နီးပါး) ရရှိပါတယ်။ Navio ဟာ လစာထုတ်တိုင်း သူမရဲ့ငွေတစ်စိတ်တစ်ပိုင်းကိုဖိလစ်ပိုင်ရှိသူမရဲ့ဆွေမျိုးများထံသို့ပေးပို့ပြီး ကျန်ငွေများကို သူမရဲ့သူငယ်ချင်းများအား ဒကာခံခြင်း နှင့် ဈေးဝယ်ထွက်ခြင်းစတဲ့နေရာမှာအသုံးပြုလေ့ရှိပါတယ်။

သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ဘဝနေထိုင်မှုပုံစံမျိုးနဲ့နေထိုင်ခဲ့ရပေမယ့်လည်း သူမရဲ့ခက်ခက်ခဲခဲရှာရတဲ့ငွေများကို ချွေတာဖို့လုံးဝမစဉ်းစားခဲ့ပါဘူး။Navio ဟာ CARD Hong Kong Foundation မှပံ့ပိုးပေးတဲ့ Financial Literacy Seminar ပွဲကိုတက်ရောက်ခဲ့ပြီးနောက်သူမဟာ သူမအနာဂတ်အတွက်မစဉ်းစားဘဲ သူမရဲ့ရှိသမျှငွေများအားလုံးကိုသုံးပစ်နေခဲ့တာကို သတိပြုမိသွားခဲ့ပြီး သူမရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲရန် ချက်ချင်းဆုံးဖြတ်ခဲ့ပါတော့တယ်။

ထို့ကြောင့် Navioဟာသူမရဲ့ငွေကိုချွေတာဖို့ ငွေစုတဲ့စိန်ခေါ်မှုမှာပါဝင်ခဲ့ပြီး အခန်းထဲရှိ သူမရဲ့ပလပ်စတစ်ဘူးကြီးထဲသို့ တစ်နေ့ ဟောင်ကောင်ဒေါ်လာ ၂၀ (၄,၃၀၀ ကျပ် ) ကို စတင်စုဆောင်းထည့်ခဲ့ပါတယ်။၆ လအကြာမှာတော့ ထိုဘူးက ငွေများပြည့်နက်နေခဲ့ပြီဖြစ်ပါတယ်။ ထို့နောက် Navio ဟာ ထိုဘူးကိုဖွင့်ပြီး ငွေများကိုရေတွက်ကြည့်လိုက်တဲ့အခါ ဟောင်ကောင်ဒေါ်လာ ၁,၇၆၀ (၄၇ သိန်းကျော်) အထိ ရှိနေခဲ့ပါတယ်။ထိုလများအတွင်းမှာဘဲသူမရဲ့နေထိုင်မှုပုံစံကလည်းအပြီးတိုင် ပြောင်းလဲသွားခဲ့ပါတယ်။

Navio ဟာ အတိတ်မှာ သူမရဲ့ငွေများအားချွေတာရန်သတိမထားမိခဲ့ပေမဲ့လည်း အနာဂတ်မှာတော့ သူမကိုယ်သူမကယ်တင်ရန် ဆက်လက်ပြီးစိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူမရဲ့နောက်ထပ်စိန်ခေါ်မှုကဟောင်ကောင်ဒေါ်လာ၅၀ (၁၀,၈၀၀ ကျပ်) ကိုသိမ်းဆည်းရန်သာ ဖြစ်ကြောင်း Navio က ပြောကြားခဲ့ပါသေးတယ်။ငွေစုခြင်းဖြင့်ငွေကိုချွေတာစေတဲ့နည်းလမ်းက လူများစွာရဲ့နေထိုင်မှုပုံစံကို တကယ်လည်း အမှန်တကယ်ပြောင်းလဲပေးစေနိုင်ပါတယ်