
2021 ခုနှစ်ရဲ့ နောက်ဆုံးနေ့မှာတော့ အင်တာနက်အသုံးပြုသူတစ်ဦးက သူ့ရဲ့စုဆောင်းထားတဲ့ ငွေတွေကို Facebook မှာ မျှဝေခဲ့ပြီး ၎င်းတို့ကို နေ့တိုင်း နည်းနည်းချင်း သိမ်းဆည်းခဲ့ပြီး 2 နှစ်အတွင်းမှာ RM 10,020 ( မြန်မာငွေ ၄၂ သိန်း ဝန်းကျင် ) အထိ စုနိုင်ခဲ့ပါတယ် ။

အဆိုပါအမျိုးသမီးက ၁.၁.၂၀၂၀ မှ ၃၁.၁၂.၂၀၂၁ ရက်နေ့အထိ ၂၀၂၀ မှ ၂၀၂၁ ခုနှစ်အထိ ငွေစုခြင်းကို အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့ပြီး ၂ နှစ်ပြည့် ငွေစုလိုက်ပါတယ် ။ တစ်ရက်ကို RM10 ( မြန်မာငွေ ၄၂၀၀ ကျပ် ဝန်းကျင် ) သို့မဟုတ် RM20 ( မြန်မာငွေ ၈၄၀၀ ကျပ် ဝန်းကျင် ) ထည့်သိမ်းနိုင်ဖို့က အမှန်တကယ်ခက်ခဲပါတယ် ။ လူတော်တော်များများက ဒီလိုငွေကို နေ့တိုင်း ထည့်သွင်းဖို့ မဖြစ်နိုင်ကြပါဘူး ။

ဒါပေမဲ့ အဆိုပါအမျိုးသမီးက တစ်နေ့ကို RM10 သို့မဟုတ် RM20 ပုံမှန်ထည့်လေ့ရှိတာကြောင့် ကျင့်သားရနေပြီလို့ ပြောပါတယ် ။ အစပိုင်းမှာတော့ ငွေထည့်သွင်းဖို့ တစ်ရက်ကို RM1 ( မြန်မာငွေ ၄၂၀ ကျပ် ဝန်းကျင် ) သာရှိထည့်နိုင်သော်လည်း

တဖြည်းဖြည်းနဲ့ တစ်ရက်ကို RM5 ( မြန်မာငွေ ၂၁၀၀ ကျပ် ဝန်းကျင် ) ဖြစ်လာပြီး၊ နောက်တစ်ရက်လျှင် RM 10 နဲ့ RM 20 ထည့်လာနိုင်ပါတယ် ။ အလုပ်ရှိရင် လစာရှိတယ်၊ လစာရရင် ငွေစုနိုင်ပါတယ် ။ အခြေခံနေ့စဉ်အသုံးစရိတ်များအပြင်၊ သင့်ကိုယ်ပိုင်ငွေကို မသုံးဖြုန်းမိစေရန် အပိုငွေကို ချွေတာပေးရပါမယ် ။