
နှုတ်ဆက်ခြင်း ကိုအောင်ရေ
ခင်ဗျားအိမ်မှာကျန်ခဲ့တဲ့ ခင်ဗျားအချစ်တော် မိကောင်းမ အပါဝင် ဝက်ဝံလေး(၅)ကောင်ကို မနက်ဖန် (၁၂.၄.၂၀၂၂) အင်္ဂါနေ့မှာ စနစ်တကျနဲ့ နေရာသစ်ဖြစ်တဲ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်ကို အဆင်ပြေစွာ ရောက်ရှိရေးနဲ့ ကောင်းမွန်စွာ နေထိုင်နိုင်ဖို့အတွက် ပြောင်းရွှေ့ကုန်ကျစရိတ်အားလုံးကျုပ်တာဝန်ယူပေးထားတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျုပ် ကလေးတွေကို ပြန်ခေါ်ခွင့်မရခဲ့ပေမယ့် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေပြည်တော် တိရစ္ဆာန် ဥယျာဉ်ကြီးထဲမှာ သူတို့လေးတွေ လွတ်လွတ်လပ်လပ် ပျော်ရွှင်နေကြမှာတော့ အမှန်ပဲဗျ။

ခင်ဗျားတမလွန်ကနေ ကြည့်ပြီး ကြည်နူးနိုင်ပါစေဗျာ။
ကိုဇော်(၁၁၅)
