
အမြန်ဆုံးကြီးပွားချမ်းသာချင်သူများအတွက် အကောင်းဆုံး ငွေစုနည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။
အကြွေးနဲ့ဝေးအောင်နေ
သူဌေးကြီးတွေက သူတို့ဘဝမှာ ကြွေးမြီဆိုတာမျိုး လုံးဝအဖြစ်မခံဘူး။ အကြွေးကိုအတင်မခံတာဟာ ပိုက်ဆံစုနည်းတစ်မျိုးပါပဲ။ အကြွေးနဲ့ဝေးအောင်နေတာ စိတ်အချရဆုံး နံပါတ်တစ်နည်းလမ်းပါပဲ။

တိကျသေချာတဲ့ အသုံးအစွဲ အစီအစဉ်
ကိုယ့်ဝင်ငွေကို ဘယ်လိုသုံးစွဲဖို့ ပိုင်းခြားကန့်သတ်မလဲဆိုတာ အရေးကြီးပါတယ်။ ၅၀ ၃၀ ၂၀ နည်းလမ်းနဲ့ မဖြစ်မနေ ကုန်ကျစရိတ် တွေကို ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်း၊ တစ်ကိုယ်ရည်လိုအပ်ချက်အတွက် ၃၀ ရာခိုင်နှုန်းနဲ့ ပိုတဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းမယ်ဆိုလည်း ဒါကိုတကယ်ဖြစ်အောင်လုပ်ပါ။

ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံး
ဆိုလိုတာကတော့ အသုံးအစွဲလက်မဖွာဖို့၊ အသုံးအဖြုန်း မများဖို့လိုပေမယ့် ကိုယ့်ဘဝအတွက် ဝင်ငွေပိုတိုးတက်လာစေမယ့် အရာတွေကိုတော့ ဝယ်ယူသင့်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံပါ။ ဥပမာ လက်ပ်တော့ပ်တွေ၊ နေရာစုံသွားနေရသူအဖို့ သွားလာရေးအဆင်ပြေဖို့ရာ ကားဝယ်ထားမျိုးတွေက ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံး ဥပေးမှာအသေအချာပါပဲ။

ပေးစရာရှိတာအရင်ပေး
ကိုယ့်ပိုက်ဆံတွေရလာပြီဆိုရင် အရင်ဆုံးလုပ်ရမှာက မဖြစ်မနေ မသုံးမဖြစ်၊ မရှိမဖြစ်တဲ့ ခေါင်းပူခေါင်းခဲစရာ စရိတ်စကတွေကို အရင်ပြီးပြတ်အောင်ပေးချေထားလိုက်ဖို့ပါပဲ။ ဒါမှ ပိုတဲ့ပိုက်ဆံကိုမှ ဘယ်လိုဆက်သုံးစွဲသွားမလဲ အရှင်းလင်းဆုံး စဉ်းစားသွားနိုင်မှာဖြစ်တယ်။ ဒါက ပိုက်ဆံကို မလိုတဲ့အပိုမှာမသုံးမိစေဖို့ ချွေတာပြီးသားဖြစ်စေလိမ့်မယ်။ ပိုက်ဆံရလာတိုင်း အပျော်လွန်သုံးဖြုန်းဖို့ပါ နောက်ကိုပို့ထားပြီးသား ဖြစ်လာစေမှာပါ။

လုံးဝပိုက်ဆံမသုံးဘူးဆိုတဲ့ နေ့ရက်တွေ
ဒီလို လုံးဝပိုက်ဆံမသုံးမယ့် ရက်တွေကို တစ်ပတ် သို့ တစ်လမှာ ဘယ်နှရက်အထိ ထားရှိသွားမလဲ ဆိုတာ သန္ဒိဌာန်ချထားလိုက်ပါ။ သင့်အတွက် အကျိုးထူးပါတယ်။ ဒါက ရိုးရှင်းပြီး အရေးပေါ်သုံးဖို့စွဲဖို့ မလိုမချင်း ပိုက်ဆံကိုလုံးဝမထုတ်မိပါစေနဲ့လေ။

အကြွေပိုက်ဆံလေးတွေ စုစုထားပါ။
အကြွေပိုက်ဆံလေးတွေကို အထင်မသေးပါနဲ့။ အခွင့်အရေး ရတိုင်း စုဆောင်းထားလိုက်ပါ။ လိုအပ်လာတဲ့အချိန်ဆို အကြွေလေးကိုစုလိုက်ရင် ကော်ဖီတစ်ခွက်စာ၊ မုန့်တစ်နပ်စာ သင့်အတွက်ဖြစ်စေပါတယ်။

အသစ်မလဲခင် အရင်ပြင်
ကိုယ်ဝယ်ထားတဲ့ပစ္စည်းလေးတွေ ပျက်စီးသွားရင် လွယ်လွယ်လေးအသစ်လဲတတ်တဲ့ အကျင့်ကမကောင်းပါဘူး။ ပြင်သုံးလို့ရရင် သုံးလိုက်ပါဦး။ လုံးဝမရတော့တဲ့အခြေအနေမှစွန့်ပစ်၊ အသစ်လဲ။ ဒါလဲငွေကိုပိုစုလာနိုင်စေတဲ့ ထိရောက်တဲ့အချက်ပါပဲ။