
လျှပ်စစ် မရှိသော တောပိုင်းရှိ လယ်သမားများဟာ စွမ်းအင်မလိုတဲ့ မီးသွေး အအေးခန်း တခုအား အသုံးပြုခြင်းဖြင့် ဟင်းသီးဟင်းရွက်များ နဲ့ သစ်သီး ထုတ်ကုန်များအား ရက်သတ္တပတ် အတော်ကြာကြာ လတ်ဆတ်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။

မီးသွေးခန်း တခုဟာ နိမ့်ပါးတဲ့ အပူချိန်အား ထိန်းထားခြင်းအားဖြင့် ပျက်စီးလွယ်တဲ့ ကုန်များအား ဆုံးရှုံးမှု နှုန်း လျှော့ချပေးပြီး ရောင်းချဖို့ အချိန်ကိုပိုရစေပါတယ်။ ပူနွေးမှုဟာ အစာတွေကို ပုပ်သိုးလွယ်စေပြီး ခရမ်းချဉ်သီးအမှဲ့ဆိုလျှင် ပုပ်သိုးပျက်စီးဖို့ လေးရက်ထက် နဲ့တဲ့ အချိန်ပဲ လိုပါတယ်။

မီးသွေး အအေးခန်းတဲ တခုဟာ ခရမ်းချဉ်သီးရဲ့ စင်ပေါ်ကာလအား ရက် ၃၀ ကျော်အထိ မြင့်တက်စေနိုင်ပါတယ်။ မီးသွေးဟာ ညံ့ဖျင်းသော အပူ လျှောက်ပစ္စည်း ဖြစ်ပါတယ်။ မီးသွေးဟာ ရေကိုစုပ်တဲ့ ချွေးပေါက်/စိမ့်ပေါက်လေးတွေ ရှိပြီး ပတ်ဝန်းကျင်က အပူရဲ့ ဖြတ်သန်းသွားလာခွင့်အား တားဆီးပါတယ်။

ဤသို့ဖြင့် အခန်းတွင်းထဲကလေကို အေးနေစေရန် ထိန်းထားပါတယ်။ ပူတဲ့လေပြင်းတွေ တိုက်ခတ်မှုရဲ့ အကျိုးဆက်အဖြစ် ရေငွေဓါတ် ဆုံးရှုံးမှုကြောင့် ထိုဟင်းသီးဟင်းရွက်များ ပုံပျက်သွားတဲ့ အဖြစ်မျိုးလည်း မရှိတော့ပါဘူး။

(တိုက်ခတ်နေတဲ့)လေဟာ ပူနွေးပြီး စိုစွတ်လျှင် ၎င်းဟာ နောက်ထပ် ရေငွေ့ နဲ့ အပူများ ဝင်ဆန့်ဖို့ နေရာလွတ်ဖို့ မရှိတော့တာကြောင့် အပူကာ မီးသွေးတဲ/မီးသွေး အအေးအိမ် (Charcoal cooler) များဟာ လေထဲမှာ ရေငွေ့ ပါဝင်မှု ၃၀ ရာနှန်းအဆင့်ထက် နဲသော ဒေသများမှာ အကောင်းဆုံး အလုပ် လုပ်ပါတယ်။

စွမ်းအင် မသုံးတဲ့ အအေးအိမ်ဟာ သစ်သီးတွေ နဲ့ ဟင်းရွက်တွေကို ရက်သတ္တပတ် အတော်ကြာကြာ (သုံး လေး ငါးပတ် စသည်) လတ်ဆတ်စွာ ထိန်းထားနိုင်ပါတယ်။ တောပိုင်းက လယ်သမားများရဲ့ ဟင်းသီးဟင်းရွက်များရဲ့ သက်တမ်းအား တိုးချဲ့ဖို့ နဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ဆုံးရှုံးမှုများ အကြီးအကျယ် လျှော့ချဖို့ အပူကာမီးသွေးတဲ (Charcoal cooler)ဟာ သူတို့ရဲ့ စိုက်ပျိုးမွေးမြူရေးခြံတိုင်းမှာ ရှိသင့်တဲ့ အရာဖြစ်ပါတယ်။