
ငွေကြေးနဲ့ပက်သက်ပြီး ဗဟုသုတရှာမှီးနေသူများအတွက် ငွေကြေးဆိုင်ရာဗဟုသုတများကို တင်ပြလိုက်ရပါတယ်။
၁။ ကမ္ဘာ့ပထမဆုံးခရက်ဒစ်ကတ်(Credit Card)ဟာ ဒင်နာအတွက် ပေးချေဖို့ ပိုက်ဆံအိတ်မေ့ လာတဲ့လူတစ်ယောက်ရဲ့အခက်အခဲကို ဖြေရှင်းရင်း စတင်ဖြစ်ပေါ်လာတာပါ။
၂။ ကမ္ဘာ့ပထမဆုံးငွေစက္ကူကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ဝဝက တရုတ်ပြည်မှာ စတင်တီထွင်ခဲ့တာပါ။

၃။ မိုနိုပိုလီကစားဖို့ ငွေစက္ကူအတုပုံနှိပ်ရတဲ့အရေအတွက်ဟာ ငွေကြေးအစစ်ထက် နှစ်စဉ်ပိုများပါ တယ်။
၄။ ဒရက်လော့ဒ်ပါဘလိုအက်စ်ခိုဘာ (Drug lord Pablo Escobar) ဆိုတဲ့လူဟာ ငွေကြေးပိုင်ဆိုင်မှု များပြားလွန်းလို့ ကြွက်ကိုက်ခံရတဲ့ ပိုက်ဆံတောင် တစ်နှစ်ကို ၁ ဘီလီယံနီးပါးရှိပါတယ်။
၅။ ငွေကြေးအဖြစ် အစဉ်အဆက်အသုံးပြုခဲ့ကြတဲ့ပစ္စည်းတွေကတော့ ဆပ်ပြာ၊ ကိုကိုးပဲစေ့မျိုးစုံ၊ ဆင် မြီး၊ ဆင်၊ စပါးစေ့၊ တိရစ္ဆာန်အရေပြား၊ ငါးမျှားချိတ်၊ အမွှေးအတောင်များ၊ လက်ဖက်ရိုး၊ ငှက်လက် သည်းခြေသည်းတွေနဲ့ အံသွားတို့ဖြစ်ပါတယ်။

၆။ ရောမလူမျိုးတွေဟာ ပိုက်ဆံစေ့ပေါ်မှာ လူပုံကို ပထမဆုံးပုံနှိပ်ခဲ့ကြသူတွေပါ။ ဘီစီ ၄၄ မှာ စစ်ပွဲက အနိုင်ရခဲ့တဲ့ ဂျူးလိယက်ဆီဇာ(Julius Caesar) ဟာ သူ့ရဲ့ပုံတူပန်းချီကို ပိုက်ဆံစေ့ပေါ်မှာ ပုံနှိပ်ခဲ့ပါ တယ်။
၇။ အမေရိကန်သမ္မတဟောင်းအီဗရာဟယ်လင်ကွန်း(Abraham Lincoln) ဟာ အမေရိကန်ငွေ အကြွေစေ့ပေါ်မှာ ပထမဆုံးပုံနှိပ်ခြင်းခံရသူဖြစ်ပါတယ်။
၈။ Coin ဆိုတဲ့စကားလုံးဟာ လက်တင်စကားလုံး wedge ဆီက ဆင်းသက်လာတာပါ။

၉။ ငွေကြေးမပေါ်ခင်ခေတ်က လူတွေဟာ ငွေကြေးအဖြစ် ကုန်ပစ္စည်းချင်း လဲလှယ်တဲ့စနစ်ကို အသုံးပြုခဲ့ကြတယ်။
၁ဝ။ ရှေးရောမလူမျိုးတွေဟာ ငွေကြေးအဖြစ် ဆားကို အသုံးပြုခဲ့ကြပါတယ်။ ကမ္ဘာမှာ ယနေ့ အသုံးပြုနေတဲ့ salary ဆိုတဲ့စကားဟာ salt ကနေ ဆင်းသက်လာတာဖြစ်ပြီး လက်တင်(Latin) ဘာသာစကားအရ salt နဲ့အဓိပ္ပာယ်အတူတူပါပဲ။

၁၁။ ယနေ့ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေတဲ့ငွေကြေးပုံစံပေါင်း ၁၇ဝ ကျော်ရှိပါတယ်။
၁၂။ ကမ္ဘာ့အသေးဆုံးဘဏ်ပြေစာဟာ မော်ရိုကိုနိုင်ငံကဖြစ်ပြီး တံဆိပ်ခေါင်းအရွယ်အစားလောက်ပဲ ရှိပါတယ်။
၁၃။ ပထမဆုံးဒေါ်လာဘီလ်ဟာ ဆယ်လ်မွန်ပီချေ့(Salmon P. Chase)ရဲ့ ပုံတူပန်းချီဖြစ်ပြီး ၁၈၆၂ မှာ အသုံးပြုခဲ့ပါတယ်။