ဘယ်အသက်အရွယ်မဆို ချမ်းသာကြွယ်ဝတဲ့ ဘဝကိုရောက်ရှိဖို့ သိမှတ်ထားရမယ့် ငွေကြေးနှင့်ပက်သက်သော အရေးပါတဲ့ အမှန်တရားများ

Advertisements

ကျွန်တော်တို့ဟာ အသက်တွေရလာတဲ့အခါမှသာ တစ်စုံတစ်ခုရဲ့ တန်ဖိုးကို နားလည်လာကြပါတယ်။ ထိုအခါမှသာ အဖိုးတန်သင်ခန်းစာတချို့ကို ကိုယ့်ကိုကိုယ်ပေးဖို့၊ ငယ်ရွယ်မှုကို ပြန်သွားဖို့ အချိန်တွေကို နောက်ပြန်လှည့်ချင်ကြပါတယ်။ ဒါ့ကြောင့် လူတွေက အချိန်နှင့်အမျှ ငွေရေးကြေးရေးနှင့် ပတ်သတ်လာတဲ့အခါ စနစ်တကျ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ လေ့လာဖို့ လိုတာကြောင့် ငွေကြေးထိန်းသိမ်းမှုနှင့် ပတ်သတ်သော အဖိုးတန်သင်ခန်းစာ ၈ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မဝယ်သေးဘဲ ငှားနေပါ။

များသောအားဖြင့် အိမ်တစ်အိမ်ကို ငှားရမ်းခြင်းက ရေရှည်ရှုထောင့်မှာ များစွာဈေးနှုန်းချိုသာပါတယ်။ ငွေရေးကြေးရေး စုဆောင်းချင်တဲ့ ဝန်ထမ်းတွေအတွက်တော့ အိမ်မဝယ်ဘဲ ငှားရမ်းနေခြင်းက ပိုပြီးအဆင်ပြေစေမှာပါ။ ဒီနှစ် ဒီဒေသမှာ တာဝန်ထမ်းဆောင်ရပေမယ့် နောက်နှစ် နောက်တစ်နေရာ ဖြစ်ရင်ဖြစ်မှာလေ ။ဒါ့ကြောင့် အနာဂတ်မှာ ငွေကြေးအသင့်အတင့်နဲ့ အဆင်ပြေချင်ရင်တော့ အိမ်မဝယ်သေးဘဲ နေရာတစ်နေရာ ငှားရမ်းခြင်းက ကောင်းစွာအဆင်ပြေစေပါတယ်။

၂။ ပိုက်ဆံမချေးပါနဲ့။

ငွေချေးခြင်းက အမြဲတမ်း သံသရာလည်နေတတ်ပါတယ်။ ကိုယ်က ပိုက်ဆံချေးသုံးထားပြီးပြီဆို လကုန်လို့ပိုက်ဆံထုတ်တဲ့အခါ ပြန်ဆပ်ရမှာပါ။ ဒီအခါ သင့်တစ်လစာ အသုံးစရိတ်က မလောက်ငှပဲ နောက်တစ်ဖန်ပြန်ချေးခြင်းဖြင့် သံသရာလည်ပြီး သင်ဘယ်တော့မှ ချောင်လည်လာမှာ မဟုတ်ပါဘူး။ အကြွေးဟောင်းတွေ ပေးနေတာနဲ့ပဲ သင့်ဝင်ငွေက အဆုံးသတ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် လစဉ်အသုံးစရိတ်တွေကို စာရင်းလုပ်ပြီး ဆန်းစစ်ပါ။

၃။ တိုးမြှင့်ပေးဖို့အတွက် တောင်းဆိုပါ။

Making daily notes

တခါတလေမှာ အရည်အချင်းနဲ့ ကိုက်ညီတဲ့ နေရာနေရာ ရဖို့အတွက် ထိုင်စောင့်နေဖို့ မကောင်းပါဘူး။ အထူးသဖြင့် နေရာတစ်ခုတည်းမှာ အချိန်ကြာမြင့်စွာ ထမ်းဆောင်နေခဲ့ရတဲ့အခါ၊ သင့်အလုပ်ကို တော်တော်လေး ကောင်းမွန်စွာ အလုပ်လုပ်ခဲ့ရတဲ့အခါ တိုးမြှင့်ပေးဖို့ တောင်းဆိုခြင်းက ရှက်စရာမဟုတ်ပါဘူး။

၄။ ကလေးတွေ မယူရသေးခင်မှာ ငွေကြေးခိုင်မာမှု ရှိ မရှိ စစ်ဆေးပါ။

ကလေးတွေကို ပြုစုပျိုးထောင်ခြင်းက အတော်လေး အကုန်အကျများတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ် ။ ဒါ့ကြောင့် သင့်ရဲ့ငွေရေးကြေးရေးအခြေအနေ လုံခြုံစိတ်ချရပြီလို့ ခံစားရတဲ့အခါမှ ကလေးယူဖို့၊ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ မှန်ကန်တဲ့ အချိန်ဖြစ်ပါတယ်။

၅။ ထက်မြတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါ

ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ နယ်ပယ်ကောင်း တစ်ခုမဟုတ်လျှင် ရင်းနှီးမြှုပ်နှံဖို့ အလျင်မလိုပါနဲ့။ အနာဂတ်မှာ အကျိုးရှိစေမယ့် သင့်ကျန်းမာရေးနှင့် ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာက အမြဲတမ်းအကောင်းဆုံးဖြစ်ပါတယ်။

၆။ ထက်မြက်တဲ့ ဈေးဝယ်ခြင်းကို ပြုလုပ်ပါ

အဝတ်အစား ဝယ်တာပဲဖြစ်ဖြစ် ၊ ဖိနပ်ဝယ်တာပဲဖြစ်ဖြစ် အရည်အသွေးမြင့်တဲ့ ပစ္စည်းများကိုသာ ဝယ်ပါ။ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကသာ ရေရှည်အသုံးခံပြီး ပိုက်ဆံ ချွေတာပြီးသာ ဖြစ်မှာပါ။ စတိုးဆိုင်မသွားမှီ လိုအပ်တဲ့ပစ္စည်းများကို စာရင်းပြုလုပ်ပါ။ အလွယ်တကူ ဝယ်ယူခြင်းမှ ရှောင်ကြဉ်ပါ။ တခါတရံမှာ Shopping mall တွေက ဝယ်ချင်စရာတွေ အလျှံအပယ်နှင့် စိတ်ကိုညှို့နေပြီး သင်မလိုအပ်တဲ့ ပစ္စည်းအတော်များများကို ဝယ်ယူမိတတ်ပါတယ်။

၇။ ပိုက်ဆံချွေတာဖို့ စတင်ပါ

သင်အမြတ်အစွန်း ရရှိတဲ့အချိန်တိုင်း ၎င်းရဲ့ ၁၀ ရာခိုင်နှုန်းကို စုပါ။ ဒါကို ဘယ်တော့မှ မထိပါနဲ့။ သင်လုပ်နိုင်သမျှ ကာလပတ်လုံး ဘဏ်အကောင့်ထဲမှာ စုထားခြင်းဖြင့် ဒီပိုက်ဆံကို ထားပါ။ တကယ်တော့ ဒီ ၁၀ ရာခိုင်နှုန်း လျော့သွားခြင်းက မသိသာပေမယ့် အချိန်ကြာလာလို့ သင်ဘယ်လောက်များများ ရရှိခဲ့တယ်ဆိုတာ မြင်ရင် အံ့သြသွားပါလိမ့်မယ်။ တကယ်က ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာထက် ဘယ်လောက်စုမိသလဲဆိုတာက အများကြီးပိုအရေးကြီးပါတယ်။

၈။ အိမ်မှာ ချက်ပြီးစားပါ

အစားအစာ ဝယ်ယူခြင်းနှင့် အိမ်မှာ ပြင်ဆင်ချက်ပြုတ်ခြင်းက အပြင်သွားစားတာထက် ဈေးအများကြီး သက်သာစေပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်တဲ့ ပါဝင်ပစ္စည်းများကို သုံးခြင်းဖြင့် သင်ကြိုက်နှစ်သက်ရာ ဟင်းလျာများကို ချက်နိုင်တဲ့ တခြားအကျိုးများလည်းရရှိစေပါတယ်။