သီလဝါသွားတဲ့ တံတားပေါ်က ထူးဆန်းတဲ့အဝါရောင်မျဉ်းတွေရဲ့ အကြောင်း အပြည့်အစုံ

Advertisements

အမေး။ တခုလောက် မေးခွင့်ပြုပါခင်မျာ ဒဂုံဆိပ်ကမ်းကနေ သီလဝါဖက်ကိုသွားတဲ့ ကုလားဝဲတံတားပေါ်မှာ ဆွဲထားတဲ့ မျဉ်းဝါလိုင်းတွေက ဘာကို ဆိုလိုမှန်းမသိလို့ပါ သိနားလည်တဲ့ဆရာတို့ ပြောပြပေးခဲ့စေချင်ပါတယ်ခင်မျာ။

အဖြေ။ Heavy-weight Truck တွေအတွက် တံတားရဲ့ အမာခံသံယက်မ (H-Beam)တန်းတွေ ရှိတဲ့နေရာကို အမှတ်အသားလိုင်းဆွဲပြထားတာပါ။ Over weight ကားကြီးတွေ အတွက်ပါ သီလဝါ ဆိပ်ကမ်းကနေ လာတဲ့ ဥပမာ။ ထရမ်စဖော်မာ အကြီးကြီးတွေ ယန္တယား အကြီးကြီးတွေ နဲ့တစ်ခြား Heavy weight ကြီးတွေဟာ ညဘက် လူခြေတိတ်ချိန်ကြ ဖြတ်သန်း တဲ့အခါ တံတားပေါ် ဖြတ်သမ်းရမယ့်နေရာကို ဆွဲပေးထားတာပါ။

မျဉ်းမဆွဲခင်က အဲ့လို Heavy weight တွေဖြတ်မယ်ဆို တံတားတည်ဆောက်တဲ့ အင်ဂျင်နီယာအဖွဲ့တွေက စောင့်ပြီး လမ်းကြောင်းတစ်လျှောက် လိုက်ပါပြီးပို့ဆောင်ရပါတယ်။ ဖြတ်သန်းမယ့် နေရာမှာ ရှိတဲ့ တံတားလေးတွေ မှာလဲ အဲ့တာဝန်ရှိအင်ဂျင်နီယာတွေကပဲ ဆေးနဲ့ဖြစ်စေ ထုံးတား၍ဖြစ်စေ အင်ဂျင်နီယာ ကိုယ်တိုင်လမ်းလျှောက်၍ဖြစ်စေ လမ်းကြောင်းတစ်လျှောက်လိုက်ပြရတာပါ။

အဲ့လို weight တွေဖြတ်သန်းရင် ရှေ့ကလမ်းကြောင်းကား ပါ ပါတယ် တံတားရဲ့ကျစ်လစ်မှု ခံနိုင်မှုအများဆုံးနေရာတွေကို ဉီးစားပေး ရွေးခြယ်ထားပြီး တန်ချိန်အရမ်းများတဲ့ကားကြီးတွေအတွက် မျဉ်းဝါဆွဲပေးထားတာဖြစ်ပါကြောင်း ဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုက်ပါသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့်)