
ငယ်ငယ်ထဲက သီချင်းနားထောင်ရတာကြိုက်တယ် သီချင်းဟောင်းတွေကို ပိုကြိုက်တယ် ဒါမဲ့ တချို့သီချင်းတွေကို သိပ်ဘဝင်မကျဘူး လွှမ်းမိုးရဲ့ ပဲပြုတ်သည်မထား သီချင်းလိုမျိုးပေါ့။ သီချင်းထဲမှာ သူက ဆင်ရဲသား သူ့အိမ်မှာ မီးမရှိဘူး အဲ့ထိ ပြသနာမရှိဘူး သူဌေးသားတွေကလည်း မပေါင်းဘူးတဲ့ ကိစ္စ မရှိသေးဘူး ဘယ်ဟာမှာ ဘဝင်မကျတာလဲဆိုတော့ သူက ပန်းတစ်ပွင့်ယူလာပြီး မထားဆီက ထမင်းနဲ့ ပဲပြုတ်ဆီဆမ်းကို နေ့တိုင်းကပ်ဆွဲတာ။

အဲ့ဒီမှာ စဉ်းစားမိတာက ပဲပြုတ်သည်ကောင်မလေးဆီကတောင် နေ့တိုင်းကပ်တီးမူးလဲ လုပ်နေတဲ့ကောင်ကို ဘယ်သူဌေးသားက ပေါင်းချင်မလဲလို့ မဟုတ်ဘူးလား။ ဒီလိုနဲ့ ဆယ်တန်းပြီးကြရော ပဲပြုတ်ရောင်းပြီး ကျောင်းတက်တဲ့ မိန်းကလေးက ဘွဲ့ရသွားတယ်။

သူက ယောက်ကျားလေးဖြစ်ပြီး အောက်တန်းစားရေးနဲ့ တိုင်ပတ်နေတုန်း သတင်းစာတောင် ဘေးအိမ်ကနေ ငှားဖတ်ရတဲ့ကောင်၊ တော်သေးတယ် မထား ကံကောင်းလို့ အဲ့လိုကောင်နဲ့သာရရင် ပဲပြုတ်တောင်း ခေါင်းပေါ်ကနေ ဘယ်တော့မှ ချရမယ်မထင်ဘူး။

အမယ် ဒါတောင် သူက ငယ်ငယ်က ပေးခဲ့ဖူးတဲ့ ပန်းလေးတောင် ပြန်မေးနေသေးတာ ဟိုကပြန်ပြီး နင်စားသွားတဲ့ ငါ့ရဲ့ထမင်းနဲ့ပဲပြုတ်ဆီဆမ်းတွေရော ဘယ်မလဲလို့ ပြန်မေးလိုက်ရင် ဒီကောင် ဘယ်လိုပြန်ဖြေမလဲ သိချင်မိတယ်။