
ဆီဒန်၊ ဆလွန်းကားများ မိုးရွာနေချိန်တွေမှာ ကားလမ်းပေါ် ဘီးတစ်ဝက်လောက် ရေမြုပ်မယ်ဆိုရင် လုံးဝ ဖြတ်မမောင်းဖို့ကို အကြံပြုချင်ပါတယ်ဗျာ။ အဆိုပါကားများရဲ့ EPS ခေါ် လျှပ်စစ်စတီယာရင်စနစ်ဟာ ရေမြုပ်တာနဲ့ ၁၀ စီးမှာ ၇ / ၈ စီးလောက် စတီယာရင် လေးကုန်ပြီး အချို့က ပြန်ပြင်လို့ရပေမယ့် အချို့က အသစ်လဲရပါတယ်။

အခန့်မသင့်ရင်လည်း စတတ်မော်တာထဲ ရေဝင်ပြီး ရှော့ ဖြစ်တတ်ပါသေးတယ်ဗျာ။ ဒါကြောင့် လမ်းမများပေါ်တွင် ရေမြုပ်နေရင် လမ်းဘေးကပ်ပြီး ရပ်ထားခြင်း၊ နီးစပ်ရာတွင် ကားအပ်ထားကာ တက်စီဖြင့် ခရီးဆက်ခြင်းဖြင့် မကုန်သင့်သော ငွေများ အလဟသ ကုန်ကျခြင်းမှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်ဗျ။ ကားဘက္ထရီအိုး အားသွင်းပေးသော Alternator ခေါ် ဒိုင်နမို နိမ့်သောကားများသည် ရေထဲဖြတ်မောင်းသောအခါ (ဥပမာ အယ်လဖတ်၊ ဘီဘီ၊ ဘယ်လ်တာ) ကဲ့သို့ကားများ ဘက္ထရီမီးလင်းလာပါက အဲကားကွန်းပိတ်၍ ရေထဲဖြေးဖြေးဖြတ်မောင်းနိုင်ပါသည်။

ရေခြောက်တာနဲ့ ဘက္ထရီပုံ မီးအနီလေး ပျောက်သွားပါက ပုံမှန်အတိုင်း ပြန်ဖြစ်ပြီး အဲယားကွန်း ပြန်သုံးနိုင်ပါတယ်။ ကားများဟာလည်း အိတ်ဇောထဲ ရေဝင်တတ်ပြီး အောက်စီဂျင်ဆင်ဆာ ရေထိသောအချိန်တွင် အင်ဂျင်ချက်မီးလင်းတတ်သည် မိုးရေများ ခြောက်သွားပါက ချက်မီးအလိုလို ပျောက်သွားလျှင် စက်ထိုးစစ်စရာ မလိုတော့ပါ။

အဲယားကလင်နာ လေစစ်ဗူး နိမ့်သောကားများ ရေထဲဖြတ်မောင်းချိန်တွင် ဖြေးညှင်းစွာမောင်းနှင်ရန် အကြံပြုလိုပါတယ်ဗျာ။ အင်ဂျင်အပတ်ရေများစွာဖြင့် မောင်းနှင်သောအခါ လေစစ်ဗူးမှတစ်ဆင့် အင်ဂျင်ထဲရေဝင်သွားပါက ကွန်နတင်းကောက်ခြင်း အင်ဂျင်ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။