ရွှေနဲ့ပိုက်ဆံဘယ်လိုစုရမလဲဆိုတာ ဗျူဟာလိုပါတယ်

Advertisements

ပိုက်ဆံဘယ်လိုစုရမလဲဆိုတာဗျူဟာလိုပါတယ်။ ပိုက်ဆံစုတယ်ဆိုတာရည်မှန်းချက်တစ်ခုထားပြီးရေရှည်တည်ဆောက်ထားသင့်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ငွေကြေးအောင်မြင်မှုမှာပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ်ဆိုတာကပိုအရေးကြီးပါတယ်။ လူတွေကမဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီးအကြွေးယူတတ်ကြတယ်။ ဒါကအဓိကမှားယွင်းနေတဲ့အချက်ပဲကျွန်တော်တို့တွေပိုက်ဆံစုနေတဲ့အချိန်မှာဘယ်လိုဗျူဟာတွေသုံးရမလဲဆိုတာ အချက်ကျကျတင်ပြချင်ပါတယ်။

၁။သုံးပြီးမှမစုလေနဲ့လစာထုတ်တာနဲ့လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ပြီးမှပိုက်ဆံစုတတ်ကြတယ်။ တကယ်တမ်းတော့လစဉ်စုဆောင်းမယ့်ပိုက်ဆံပမာဏကိုသတ်မှတ်စုဆောင်းပြီးမှသာလိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ပထမဆုံးလုပ်ရမှာကစုဆောင်းမယ့်ပိုက်ဆံကိုသီးသန့်ချန်ထားသင့်ပါတယ်။

၂။တံဆိပ်စွဲမထားလေနဲ့ဆယ်သိန်းလောက်ရှိတဲ့iPhoneဝယ်မယ့်အစားအတန်အသင့်သုံးလို့ကောင်းတဲ့နှစ်သိန်းတန် စမတ်ဖုန်းတစ်လုံးကိုဝယ်ပြီးကျန်တဲ့ရှစ်သိန်းကိုစုဆောင်းလိုက်တာကပိုအဓိပ္ပာယ်ရှိပါတယ်။ နာမည်ကြီးတံဆိပ်ရဲ့နောက်ကိုလိုက်နေတာထက်အရည်အသွေးကောင်းတဲ့ပစ္စည်းကိုသုံးသင့်တဲ့သဘောပါဆိုင်ထိုင်မယ်ဆိုရင်နာမည်ကြီးဆိုင်မှာ ထိုင်တာထက်အစားအသောက်ကောင်းတဲ့ဆိုင်မှာထိုင်တာကပိုအရသာရှိသလို ငွေကုန်လည်းသက်သာစေပါတယ်။

၃။အသေးအဖွဲလေးတွေကိုဂရုစိုက်ပါ။ အအေးဘူးဝယ်သောက်လိုက်လို့ငါးရာပဲကုန်တာတစ်ခါတလေမှာဘာမှမဖြစ်ပေမယ့်ကြိမ်ဖန်များလာရင် ဆိတ်ဖန်များအနာဖြစ်တတ်ပါတယ်။ ဥပမာစတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကိုလွှင့်မပစ်ဘဲနဲ့အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင်အမှိုက်အိတ်ကုန်ငွေသက်သာတဲ့သဘောပါ။

၄။နှစ်ပတ်စောင့်တဲ့ဗျူဟာသုံးကြည့်ပါ။ ပစ္စည်းတစ်ခုဝယ်ချင်တယ်ဆိုရင်ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက်ကြာတော့မှကိုယ်ကလည်းတကယ်လိုချင်နေတယ်၊ပစ္စည်းကလည်းလိုအပ်နေတယ် ဆိုတော့မှဝယ်လိုက်ပါစောင့်နေတဲ့အတောအတွင်းမှာတခြားလူဝယ်လို့ ကုန်သွားမှာစိတ်မပူပါနဲ့။ပိုကောင်းပိုလှတဲ့ပစ္စည်းတွေဆိုင်မှာ ရောက်နေပါပြီ။

၅။အင်တာနက် လျော့သုံးပါကိုယ့်အလုပ်ဟာအင်တာနက်နဲ့မသက်ဆိုင်ဘူးဆိုရင်တစ်နေ့မှာ တစ်နာရီထက်ပိုမသုံးပါနဲ့အင်တာနက်ကိုရိုးရိုးသုံးတာထက်စာရင် ခုလိုသတ်မှတ်သုံးစွဲတာကသင့်အတွက်ပိုမိုဝင်ငွေတိုးစေပါတယ်။

၆။လိုအပ်တာလား လိုချင်တာလားလူတွေဟာကိုယ့်အတွက်တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှလိုချင်နေမိတတ်တယ်မလိုအပ်တဲ့အရာတွေကိုဝယ်မိရင်လိုအပ်တာတွေထုတ်ရောင်းရမယ်ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့စကားအတိုင်းပဲ ဆန္ဒနောက်မလိုက်မိပါစေနဲ့နောက်ဆုံးအရေးကြီးတာကပိုက်ဆံစုတဲ့အခါမှာရည်မှန်းချက်ထားပြီးစုတတ်ဖို့ပဲရည်မှန်းချက်ထားပြီးပိုက်ဆံစုတာကပိုအဓိပ္ပာယ်ရှိသလိုပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ဘဝဟာအနှစ်သာရပြည့်ဝနေတာပေါ့။