ရွှေအကြောင်း နားမလည်သူပင် ရွှေအတု အစစ် ခွဲခြားနိုင်စေတဲ့ နည်းလမ်း (၃) မျိုး

Advertisements

ဝါဝါမြင်တိုင်း ရွှေလို့ထင်နေကြသူတွေတောင်မှ ရွှေအတု အစစ်ကို လွယ်လွယ်ကူကူခွဲခြားသိနိုင်စေတဲ့ နည်းလမ်းကောင်းများကို မျှဝေပေးလိုက်ပါတယ်။

၁။သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း

ပထမနည်းလမ်းတစ်ခုကတော့ သံလိုက်ကို အသုံးပြုပြီး ရွှေအတု အစစ် ခွဲခြားနည်းဖြစ်ပါတယ်။ သံလိုက်ကိုအသုံးပြုပြီး စမ်းသပ်တဲ့အခါ ရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိ။ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ ကပ်ပါလာတာကို ကြည့်ပြီး ခွဲခြားနိုင်ပါတယ်…။

၂။ရှာလကာရည်ကို အသုံးပြုစမ်းသပ်ခြင်း

မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြု ပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူခွဲခြားနိုင်ပါတယ်။ စမ်းသပ်စစ်ဆေးမယ့် ရွှေကို ရှာလကာရည်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုးမရှိရင်တော့ ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ်။ အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်းသိရှိရမှာဖြစ်ပါတယ်။

၃။နိုက်ထရစ် အက်စစ်ဖြင့် စမ်းသပ်ခြင်း

ရွှေကို နိုက်ထရစ်အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ။ ရွှေအတုဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့ မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ ရွှေအတု အစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေ နဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်း တစ်ချို့ဖြစ်ပါတယ်။ ရွှေဝယ်ယူစုဆောင်းကြမယ့်သူများ ရွှေလုပ်ငန်းလုပ်ကိုင်ကြမည့်သူများ အဝယ်မမှားကြစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ခုချိန်မလိုအပ်သေးပေမယ့် နောင်တစ်ချိန်လိုအပ်လာနိုင်တာမို့ အလွယ်တကူသိရှိနိုင်စေဖို့ရှယ်ပြီးသိမ်းထားနိုင်ပါတယ်။ အခြားလွယ်ကူထိရောက်စေမယ့် နည်းလမ်းကောင်းများရှိခဲ့ရင်လည်း ပြန်လည်မျှဝေပေးသွားနိုင်ပါတယ်။