LGBT ဖြစ်လို့ လှောင်ခံရပေမယ့် မိဘကိုလုပ်ကျွေးနေရလို့ ကျေနပ်နေတဲ့ စျေးသည်လေး ပန်းအိ 😊

LGBT ဖြစ်လို့ လှောင်ခံရပေမယ့် မိဘကိုယ်လုပ်ကျွေးနေလို့ကျေနပ်နေတဲ့ စျေးသည်လေးပန်းအိ

 

အားလုံးပဲမဂ်လာပါရှင်။မိခင်ဖြစ်သူအမှာသိတတ်လိမ္မာပြီးအမေဖြစ်သူရဲ့မျက်လုံးကိုခွဲ

ဆိတ်ပေးနိုင်ဖို့အတွက်ရိုးရိုးသားသားနှဲ့စျေး

ရောင်းချပြီးရှာကျွေးနေသူလေးကတော့ LGBT စျေးသည်မလေးပန်းအိပဲဖြစ်ပါတယ်။

မျိုးမင်းထွန်းဆိုတာကတော့သူ့ရဲ့ယောက်ကျား

လေးနာမည်ဖြစ်ပြီးအခုလက်ရှိခေါ်ဝေါ်နေတဲ့

ပန်းအိဆိုတဲ့နာမည်လေးကတော့အမတွေပေး

ခဲ့တဲ့နာမည်လေးဖြစ်ပါတယ်။

 

ပန်းအိကတော့

LGBT တစ်ယောက်ဖြစ်ပြီး ငယ်စဥ်ကတဲက

မိန်းခလေးလိုပဲနေထိုင်ချင်လာခဲ့တာလိူ့သိရပါ

တယ်။အခုလက်ရှိမှာတော့ သူမရဲ့အဖေဖြစ်သူ

ကဆုံးပါးသွားခဲ့ပြီးနောက်ပိုင်းမျက်စိတိမ်စွဲနေ

တဲ့မိခင်ဖြစ်သူကိုသူကိုယ်တိုင်စျေးရောင်းပြီး

ရှာကျွေးနေရင်းအမေဖြစ်သူရဲ့မျက်လုံးကိုခွဲဆိတ်ပေးနိုင်ဖို့အတွက်ကြိုးစားနေသူလေးဖြစ်

ပါတယ်။ မိခင်ကြီးကိုစျေးရောင်းရှာဖွေကျွေး

ေမွးနေတဲ့ပန်းအိကတော့ အတန်းပညာကိုတစ်

တန်းလောက်သာတက်ရောက်သင်ကြားခဲ့ရသူ

ဖြစ်ပြီး နှစ်တန်းနှစ်လောက်အရောက်မှာပဲအိမ်

ရဲ့အဆင်မပြေမှုတွေနဲ့မိခင်ဖြစ်သူကိုသနားလာ

ခဲ့တာကြောင့်ကျောင်းထွက်ခဲ့ပြီးစျေးရောင်းလာခဲ့တာအခုအချိန်အထိပဲဖြစ်တယ်လို့ပန်းအိ

ကပြောပြလာခဲ့ပါတယ်။

 

ပန်းအိလေးကတော့

အစကတော့မိန်းခလေးလိုနေခဲ့တာကို အကို

ဖြစ်သူနဲ့မိခင်ဖြစ်သူကဆူပူတာမျိူးရှိခဲ့ပေမယ့်

လည်းအခုအချိန်မှာတော့သူ့ကိုဒီအတိုင်းလေး

ပဲလွတ်ပေးထားလိုက်ပြီလို့ဆိုပါတယ်။

LGBT တစ်ယောက်ဖြစ်တဲ့ပန်းအိကတော့တစ်

ခါတလေသူ့အပေါ်မှာအထင်သေးကြသလို

ဟားတိုက်လောင်ရီသူတစ်ချို့နဲ့ကြုံရပေမယ့်

လည်းသူ့ကတော့ အားမငယ်ပဲကိုယ့်ဖြစ်တည်

မှုကိုပျော်ရွင်ကျေနပ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ပန်းအိဟာ အိမ်ငှားနေနေရတာ

ဖြစ်ပြီးဘဝကိုဖြစ်သလိုပဲကြိုးစားပြီးရုန်းကန်

နေနေရတယ်လို့ပြောပြလာခဲ့ပါတယ်။

အတန်းပညာကိုတစ်တန်းထိသာသင်ကြားခဲ့ရ

တာကြောင့်သူများတွေလိုပညာသင်ကြားချင်

ခဲ့ပြီးစာတွေပိူ့လာခဲ့ရင်လည်းဘာတွေရေးထား

လဲဆိုတာကိုဖတ်ကြည့်ချင်ခဲ့ပေမယ့်သူငယ်ချင်းတွေကိုသာဖတ်ခိုင်းခဲ့ရတယ်လို့ဆို

ပါတယ်။အမေဖြစ်သူကိုစျေးရောင်းကာရှာ

ကျွေးနေတဲ့ပန်းအိလေးကတော့ သူမရှာကျွေး

မှသာအမေဖြစ်သူအဆင်ပြေမှာဖြစ်ပြီးသူကိုယ်တိုင်ကလည်းချွေတာကာ ရရှိတဲ့ပိုက်ဆံ

တွေကိုအမေဖြစ်သူကိုအကုန်အပ်တယ်လို့သိရ

ပါတယ်။ပန်းအိကစျေးရောင်းရတဲ့အပေါ်မှာ

လည်းအခုလိုပဲပြောပြလာခဲ့ပါတယ်။

 

 ပန်းအိက

မနက်စောစောဆိုရင် ၇နာရီလောက်ထပြီး ၈ နာ

ရီလောက်ဆိုလိုင်းကားနဲ့သွားပြီးစျေးသွားရောင်းရတာပေါ့နော်။အကုန်ရောင်းပါတယ်အရင်းအနှီးကတော့ငါးသောင်းခြောက်သောင်း

လောက်ရှိတယ်။တစ်ရက်ကိုတစ်သောင်းကျော်

လောက်တော့ရပါတယ်။စနေ။တနဂ်နွေနေ့ဆို

ရင်တော့သုံးသောင်းလေးသောင်းဖိုးလောက်

တော့ရောင်းရပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။ ပန်းအိကတော့သူ့အနေနှဲ့တစ်ချို့သူ

တွေကအမျိူးမျိုးပြောဆိူတာတွေအထင်သေး

တာတွေကိုခံရပေမယ့်လည်းသူ့အပေါ်မှာဘယ်

သူမှမချစ်ရင်နေပါစေအမေချစ်ရင်ကျေနပ်ပါ

ပြီဆိုပြီးသဘောထားကြောင်းပြောပြလာခဲ့ပါ

တယ်။

 

ပန်းအိကတော့သူစျေးရောင်းရတဲ့အထဲ

မှလည်းအမေဖြစ်သူမျက်လုံးခွဲဆိတ်ပေးနိုင်ဖို့

စုဆောင်းနေတယ်လို့သိရပါတယ်။

ပန်းအိရဲ့မိခင်ဖြစ်သူရဲ့မျက်လုံးကတော့အရင်

မျက်စိနာလာခဲ့ရာမှသံပရာသီးခတ်မိသွားခဲ့

ပြီးရန်ကုန်ဆေးရုံမှာသွားကုလိုက်မှပြန်ပွင့်

သွားခဲ့တာဖြစ်ပြီး။မျက်လုံးတိမ်လွာရမယ်ဆို

တာကြောင့်အမြန်ဆုံးကုသပေးနိုင်ဖို့ကြိုးစား

နေတာဖြစ်ပါတယ်။ပန်းအိကတော့မိတ်ကပ်

ပညာကိုသင်ချင်ပေမယ့်လည်းအမေဖြစ်သူကို

သူကပဲရှာဖွေကျွေးမွေးနေရတာကြောင့်အခု

အချိန်မှာတော့ဝါသနာပါပေမယ့် မသင်ဖြစ်

သေးပါဘူးဆိုပြီးလည်းပြောပြလာခဲ့ပါတယ်။

 

LGBT တစ်ယောက်ဖြစ်တဲ့ပန်းအိကတော့မိခင်

ဖြစ်သူကိုစျေးရောင်းရင်းရှာကျွေးနေကာမျက်

လုံးခွဲဆိတ်ပေးနိုင်ဖို့အတွက်ကြိုးစားနေလျက်

ရှိပါတယ်။သူကတော့လောင်ပြောင်အထင်

သေးတာတွေကိုခံရပေမယ့်လည်းမိခင်ကြီးကိူ

လုပ်ကျွေးနေသူလေးဖြစ်တာကြောင့်ကိုယ့်ကို

ကိုတော့ကျေနပ်ပျော်ရွင်မိပါတယ်လို့ပြောပြ

လာခဲ့ပါတယ်။ မိဘအပေါ်သိတတ်ပြီးကိုယ့်ဘ

ဝရဲ့ဖြစ်တည်မှုမှာပျော်ရွင်အောင်ကြိုးစားရင်း

မိခင်ဖြစ်သူကိုရှာကျွေးနေတဲ့ပန်းအိအတွက်ကို

လည်း​အားပေးစကားတွေပြောပေးသွားခဲ့ကြ

 

ပါဦးရှင်။